မႏၱေလးမွာ ( ၆ ) ရက္အတြင္း ဓားကိုင္ရမ္းကာသူ ( ၁၀၀ ) ေက်ာ္ ဖမ္းမိ …

ပြည်တွင်းသတင်း

မႏၱေလးမွာ ( ၆ ) ရက္အတြင္း ဓားကိုင္ရမ္းကာသူ ( ၁၀၀ ) ေက်ာ္ ဖမ္းမိ …

မႏၲေလးမွာ တုတ္၊ ဓား လက္နက္ကိုင္ရမ္းကားသူေတြကို အသြင္ယူစံုစမ္းဖမ္းဆီးေနၿပီး ၆ ရက္အတြင္း လူေပါင္း ၁၀၀ ေက်ာ္ဖမ္းမိခဲ့တယ္လို႔ မႏၱေလးတိုင္းရဲတပ္ဖြဲ႔က ထုတ္ျပန္ပါတယ္ …။

မႏၲေလးၿမိဳ႕ေပၚမွာ ေမလ ၅ ရက္ကေန ၁၀ ရက္ေန႔အထိ မႈခင္းက်ဆင္းေရးေဆာင္ရြက္ခဲ့ရာမွာ အမႈေပါင္း ၈၀၊ တရားခံ ၁၀၇ ေယာက္ကို ဖမ္းဆီးအေရးယူႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္ …။

ဒါကို စီမံခ်က္နဲ႔ ေဆာင္ရြက္ေနတာျဖစ္ၿပီး အဖြဲ႔ ၄ ဖြဲ႔နဲ႔ ညတိုင္းကင္းလွည့္ေနတာလို႔ တုိင္းမႈခင္း အကူဌာနစိတ္ တာဝန္ရွိသူတေယာက္က ေျပာပါတယ္ …။

ေမလ ၉ ရက္ေန႔ကေတာ့ ဓားကိုင္ရမ္းကားေနသူေတြကို တားဆီးရာမွာ ဓားနဲ႔ရန္ျပဳလာလို႔ ေသနတ္နဲ႔ ေျခာက္လွန္႔ပစ္ခတ္ခဲ့ရပါေသးတယ္ …။

တုိင္းမႈခင္း အကူဌာနစိတ္က ရဲအုပ္ခင္ေမာင္ေထြးက “အဲဒီညက ဒုစ႐ိုက္မႈေတြ က်ဴးလြန္တတ္တဲ့ ေနရာေတြကို က်ေနာ္တို႔က အရပ္ဝတ္နဲ႔ လိုက္စံုစမ္းေနတုန္း သူတို႔နဲ႔ ေတြ႔တာေပါ့ …။

က်ေနာ္တုိ႔က ရဲတပ္ဖြဲ႔ဝင္ေတြ ျဖစ္တဲ့အေၾကာင္းနဲ႔ ဆိုင္ကယ္ကိုရပ္ဖို႔ေျပာတယ္။ သူတို႔က က်ေနာ္တို႔တပ္ဖြဲ႔ဝင္ေတြကို ဓားနဲ႔ခုတ္ဖို႔ေျပးလာတယ္။ ဓားေတြခ်ဖို႔ ေျပာေပမယ့္မရေတာ့ က်ေနာ္ ပစ္လိုက္တယ္ …။

ေသနတ္သံၾကားေတာ့ ေၾကာက္လန္႔ထြက္ေျပးတယ္။ က်ေနာ္တို႔ လိုက္ဖမ္းတဲ့အခါ ဆိုင္ကယ္ ၃ စီး၊ ဓားရွည္ ၅ ေခ်ာင္း၊ အတို တေခ်ာင္းနဲ႔ လူ ၅ ေယာက္မိတယ္” လို႔ ေျပာပါတယ္ …။

ဒီအဖြဲ႔မွာ လူ ၇ ေယာက္ရွိၿပီး ၂ ေယာက္ကေတာ့ ထြက္ေျပးေနတာေၾကာင့္ လိုက္လံ စံုစမ္းေနတယ္လို႔ ေျပာပါတယ္ …။

သူတို႔ကို ျပည္ႀကီးတံခြန္ၿမိဳ႕မရဲစခန္းမွာ လက္နက္ပုဒ္မ ၁၉(င)၊ တာဝန္ဝတၱရားေႏွာင့္ယွက္မႈ ရာဇသတ္ႀကီးပုဒ္မ ၃၅၃/၁၁၄ တို႔နဲ႔ အမႈဖြင့္ခဲ့ပါတယ္ …။

သူတို႔ ၅ ေယာက္ကို စစ္ေဆးရာမွာေတာ့ ဆိုင္ကယ္ခိုးလာတယ္ဆိုတာ သိရလို႔ လုယက္မႈနဲ႔ ထပ္ၿပီး အမႈဖြင့္ထားတယ္လို႔လည္း ရဲအုပ္ခင္ေမာင္ေထြးက ေျပာပါတယ္ …။

မႏၲေလးၿမိဳ႕ေပၚမွာ ဓားကိုင္ရမ္းကားတာ၊ ေသာင္းက်န္းတာေတြ ေတာ္ေတာ္မ်ားမ်ားျဖစ္လာတဲ့ေနာက္ တိုင္း၊ ခ႐ိုင္နဲ႔ သက္ဆိုင္ရာ နယ္ေျမရဲစခန္းက တပ္ဖြဲ႔ဝင္ေတြနဲ႔ အဖြဲ႔ ၄ ဖြဲ႔ကေန လက္နက္မႈေတြကို အဓိကထား ကင္းလွည့္ေနတယ္လို႔လည္း ေျပာပါတယ္။

“ညေန ၆ နာရီေလာက္ေန ၁၂ နာရီ၊ တခ်က္ ႏွစ္ခ်က္ေလာက္အထိ လွည့္တယ္ေပါ့။ မိတယ္။ ဓားတို ဓားရွည္ေတြ၊ နံခ်ပ္ကူေတြနဲ႔မိတယ္” လို႔ ေျပာပါတယ္ …။

ဒီလိုလုပ္ၿပီးေနာက္ပိုင္း ဓားကိုင္ေသာင္းက်န္းတာ ေတာ္ေတာ္နည္းလာတာေတြ႔တယ္လို႔လည္း သူက ဆက္ေျပာပါတယ္ …။Source_DVB

unicode version

မန္တလေးမှာ တုတ်၊ ဓား လက်နက်ကိုင်ရမ်းကားသူတွေကို အသွင်ယူစုံစမ်းဖမ်းဆီးနေပြီး ၆ ရက်အတွင်း လူပေါင်း ၁၀၀ ကျော်ဖမ်းမိခဲ့တယ်လို့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့ပေါ်မှာ မေလ ၅ ရက်ကနေ ၁၀ ရက်နေ့အထိ မှုခင်းကျဆင်းရေးဆောင်ရွက်ခဲ့ရာမှာ အမှုပေါင်း ၈၀၊ တရားခံ ၁၀၇ ယောက်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါကို စီမံချက်နဲ့ ဆောင်ရွက်နေတာဖြစ်ပြီး အဖွဲ့ ၄ ဖွဲ့နဲ့ ညတိုင်းကင်းလှည့်နေတာလို့ တိုင်းမှုခင်း အကူဌာနစိတ် တာဝန်ရှိသူတယောက်က ပြောပါတယ်။

မေလ ၉ ရက်နေ့ကတော့ ဓားကိုင်ရမ်းကားနေသူတွေကို တားဆီးရာမှာ ဓားနဲ့ရန်ပြုလာလို့ သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်ခဲ့ရပါသေးတယ်။

တိုင်းမှုခင်း အကူဌာနစိတ်က ရဲအုပ်ခင်မောင်ထွေးက “အဲဒီညက ဒုစရိုက်မှုတွေ ကျူးလွန်တတ်တဲ့ နေရာတွေကို ကျနော်တို့က အရပ်ဝတ်နဲ့ လိုက်စုံစမ်းနေတုန်း သူတို့နဲ့ တွေ့တာပေါ့။

ကျနော်တို့က ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့အကြောင်းနဲ့ ဆိုင်ကယ်ကိုရပ်ဖို့ပြောတယ်။ သူတို့က ကျနော်တို့တပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခုတ်ဖို့ပြေးလာတယ်။ ဓားတွေချဖို့ ပြောပေမယ့်မရတော့ ကျနော် ပစ်လိုက်တယ်။

သေနတ်သံကြားတော့ ကြောက်လန့်ထွက်ပြေးတယ်။ ကျနော်တို့ လိုက်ဖမ်းတဲ့အခါ ဆိုင်ကယ် ၃ စီး၊ ဓားရှည် ၅ ချောင်း၊ အတို တချောင်းနဲ့ လူ ၅ ယောက်မိတယ်” လို့ ပြောပါတယ်။

ဒီအဖွဲ့မှာ လူ ရ ယောက်ရှိပြီး ၂ ယောက်ကတော့ ထွက်ပြေးနေတာကြောင့် လိုက်လံ စုံစမ်းနေတယ်လို့ ပြောပါတယ်။

သူတို့ကို ပြည်ကြီးတံခွန်မြို့မရဲစခန်းမှာ လက်နက်ပုဒ်မ ၁၉(င)၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု ရာဇသတ်ကြီးပုဒ်မ ၃၅၃/၁၁၄ တို့နဲ့ အမှုဖွင့်ခဲ့ပါတယ်။

သူတို့ ၅ ယောက်ကို စစ်ဆေးရာမှာတော့ ဆိုင်ကယ်ခိုးလာတယ်ဆိုတာ သိရလို့ လုယက်မှုနဲ့ ထပ်ပြီး အမှုဖွင့်ထားတယ်လို့လည်း ရဲအုပ်ခင်မောင်ထွေးက ပြောပါတယ်။

မန္တလေးမြို့ပေါ်မှာ ဓားကိုင်ရမ်းကားတာ၊ သောင်းကျန်းတာတွေ တော်တော်များများဖြစ်လာတဲ့နောက် တိုင်း၊ ခရိုင်နဲ့ သက်ဆိုင်ရာ နယ်မြေရဲစခန်းက တပ်ဖွဲ့ဝင်တွေနဲ့ အဖွဲ့ ၄ ဖွဲ့ကနေ လက်နက်မှုတွေကို အဓိကထား ကင်းလှည့်နေတယ်လို့လည်း ပြောပါတယ်။

“ညနေ ၆ နာရီလောက်နေ ၁၂ နာရီ၊ တချက် နှစ်ချက်လောက်အထိ လှည့်တယ်ပေါ့။ မိတယ်။ ဓားတို ဓားရှည်တွေ၊ နံချပ်ကူတွေနဲ့မိတယ်” လို့ ပြောပါတယ်။

ဒီလိုလုပ်ပြီးနောက်ပိုင်း ဓားကိုင်သောင်းကျန်းတာ တော်တော်နည်းလာတာတွေ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။ Source_DVB