ဖန်ဂရမ်ရာဇီတောင်ပေါ်မှ ပြုတ်ကျခဲ့တဲ့ မစိမ့်ထက်ကို ကြိုးစားရှာဖွေခဲ့တဲ့ ဗွီဒီယိုဖိုင်…

ပြည်တွင်းသတင်း

ဖန်ဂရမ်ရာဇီတောင်ပေါ်မှ ခြေချော် ပြုတ်ကျခဲ့တဲ့ မစိမ့်ထက်ကို ကြိုးစားရှာဖွေခဲ့တဲ့ ခရီးစဉ်

ဖန်ဂရမ် ရာဇီမှာ ခြေချော် ပြုတ်ကျခဲ့ တဲ့ မစိမ့်ထက်ကို ကြိုးစားရှာဖွေခဲ့တဲ့ ရှာဖွေ ရေးခရီးစဉ်ပါ။ ပေပေါင်း များစွာမြင့်ပြီး မတ်စောက်တဲ့ လျိုကြီးကို ပြုတ်ကျတာဖြစ်ပါတယ်။

မတ်စောက်တဲ့ ရေခဲပြင်ကြီးနှင့် ကျောက်ဆောင် ပေါ် ကျွန်တော်တို့ ပေ တစ်ထောင်ကျော် ဆင်းပြီးရှာဖွေ လိုက်တော့ ပန်းရောင် ဂျာကင် အင်္ကျီနဲ့ မျက်မှန် တစ်ခု တွေ့ ခဲ့တယ်။

ဆက်လက် ရှာဖွေ ဖို့ တော့ ဒီလမ်းအတိုင်းဆို အင်မတန် အန္တရာယ် ကြီးပါတယ်။ ဆက်လက် ဆုတောင်းကူညီ ပေးကြဖို့ လည်း မေတ္တာရပ်ခံချင်ပါတယ်။

ဖန်ဂရမ် တောင်ဟာ တမူထူးခြားတဲ့ အန္တရာယ် ရှိပါတယ် အင်မတန် တောင်တက် ကျွမ်းကျင်ပြီး စွန့် စားရဲတဲ့ သူမှ သွားနိုင်မှာ ဖြစ်ပါတယ်။

ဗီဒီယိုဖိုင်များကို အောက်မှာဖော်ပြ ပေးလိုက်ပါတယ်-

အားလုံးကို လေးစားလျက်။

Credit – Sanlu Ram Seng

ဖန်ဂရန်ရာဇီတောင်ပေါ်ကပြန်အဆင်းမှာ သေဆုံးသွားခဲ့တယ်လို့ ယူဆရတဲ့မစိမ့်ထက်ရဲ့မျက်မှန်နဲ့ အင်္ကျီကိုရှာတွေ့

အဖွဲ့ခေါင်းဆောင်ကို တရားစွဲသွားဖို့ မစိမ့်ထက်ရဲ့ ဖခင်စီစဉ်နေ

မေလ(၁၂)ရက်၊ ၂၀၁၉။

ဖန်ဂရန်ရာဇီတောင်ပေါ်ကပြန်အဆင်းမှာ ပျောက်ဆုံးသွားခဲ့တဲ့ မစိမ့်ထက် ဖြစ်စဉ်နဲ့ပတ်သက်လို့ သူနဲ့အတူ
လိုက်ပါသွားခဲ့တဲ့ The Summiter အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင်ကို တရားစွဲဆိုသွားမယ်လို့ မစိမ့်ထက်ရဲ့ အဖေဖြစ်သူ ဦးမောင်မောင်လေးက ဒီနေ့မေလ(၁၂)ရက်နေ့ Central Hotel မှာပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာပြောလိုက်ပါတယ်။

“ခေါင်းဆောင်တစ်ယောက်ညံ့လို့ ဒီလို လူတစ်ယောက်ဆုံးရှုံးသွားတယ်လို့ ကျွန်တော်မြင်ပါတယ်။ တရားစွဲရင်တော့ ခေါင်းဆောင်ကိုပဲ စွဲမှာပါ အဓိကက သူပဲ၊ သူပေါ့ညံ့လို့ အခုလိုဖြစ်တာ ဘယ်လို အမှုတွေနဲ့ ဖွင့်လို့ရလည်း ကျွန်တော် ဒါတွေလဲမသိသေးဘူး၊ ဒါတွေကို မေးမြန်းပြီးပြီဆိုမှ သေချာလောက်ပြီဆိုမှ ကျွန်တော် စွဲမှာပါ။” လို့ ဦးမောင်မောင်လေးက ပြောပါတယ်။

မစိမ့်ထက်ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ခြေလျင်နဲ့တောင်တက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဦးကျင်ဦးက ဦးဆောင်ပြီး ရှာဖွေကယ်ဆယ် ရေး အဖွဲ့တစ်ဖွဲ့နဲ့ ဧပြီလ ၂၆ ရက်နေ့က သွားရောက်ရှာဖွေခဲ့ပေမဲ့ မစိမ့်ထက်ရဲ့ မျက်မှန်နဲ့ အင်္ကျီတို့ကိုသာ တွေ့ရှိခဲ့ပြီး ပြန်လာခဲ့ရတာပါ။

အခုလို ရှာဖွေရေးလုပ်ငန်းတွေကို သတင်းထုတ်ပြန်ချက် မထုတ်ပြန်ဘဲ သွားရောက်ခဲ့ရတဲ့ အကြောင်းကိုလည်း ရှာဖွေရေး အဖွဲ့ခေါင်းဆောင် ဒေါ်နန်းကေသီခိုင်က ပြောပါတယ်။

“ကျွန်မတို့ အခု သွားလိုက်တာကို တော်တော်များများ မသိကြဘူး၊ ဘာဖြစ်လို့ မထုတ်ပြန်ဘဲ သွားရတာလည်းဆိုတော့ ကျွန်မတို့ သတင်းတွေထုတ်ပြန်ပြီးမှ သွားတာထက်စာရင် ကျွန်မတို့ တက်နိုင်သလောက် အလုပ်နဲ့ပဲ သက်သေပြချင် ပါတယ်။”လို့ အဖွဲ့ခေါင်းဆောင် ဒေါ်နန်းကေသီခိုင်က ပြောပါတယ်။

မစိမ့်ထက်ဟာ ဧပြီလ ၆ ရက်နေ့က သူအပါအဝင် အဖွဲ့ဝင် ၂၁ ဦးနှင့်အတူ (The Summiter) ဆိုတဲ့ တောင်တက်အဖွဲ့နဲ့ အတူ စတင်တောင်တက်ခဲ့ပြီး တောင်တက်ခရီးစဉ်အပြန်မှာ ခြေချော်ပြီး ချောက်ထဲကို ကျသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“မစိမ့်ထက်ရဲ့ dead body ကို ပြန်ရဖို့ဆိုရင် အချိန်သိပ်မရှိတော့ပါဘူး၊ ၅ လပိုင်းဆိုရင် တောင်ပေါ်မှာ မိုးရွာတယ် ရေခဲပြိုတာတွေ ဘာတွေဖြစ်တတ်တယ်။ အဲတော့ ရေခဲပြိုတဲ့ကာလတွေဆိုရင် အားလုံးအတွက် အန္တာရာယ်များတယ်။ အဲ့တော့ ရေခဲမပြိုခင် ကာလ ဒီအချိန်မှာပဲ ကျွန်တော်တို့ဆယ်ထုတ်လို့ရမှာ ဖြစ်တယ်လို့ ဒေသခံတောင်တက်သမားဖြစ်တဲ့ ကိုမိုးမင်းသိန်းက သတင်းမီဒီယာတစ်ခုကို ပြောထားပါတယ်။

မစိမ့်ထက်ချောက်ထဲကျသွားပေမယ့် သူနဲ့အတူ လိုက်ပါခဲ့တဲ့ အဖွဲ့မှာ မစိမ့်ထက်ကျသွားတဲ့ ချောက် အနက်ပေကို ဆင်းရှာနိုင်ဖို့ ပစ္စည်းမပြည့်စုံလို့ ဒီအတိုင်းပြန်လာခဲ့ကြတာလို့ သိရပါတယ်။

မစိမ့်ထက်ပျောက်ဆုံးနေတာနဲ့ပတ်သက်လို့လည်း Justic for Seint Htet ဆိုတဲ့ Facebook Page ဟာ April 19 ရက်နေ့က စပေါ်ခဲ့ပြီး မစိမ့်ထက်ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့လည်း အငြင်းပွားမှုတွေ ရှိနေပါတယ်။

Credit – Omedia