ဂိတ်ကြေး ပိုက်ဆံစုတ်လို့ လဲခိုင်းရာ မလဲပေးလို့ ကားကိုပိတ်ထားပြီး အုတ်ခဲနဲ့ ထုဖို့လုပ်တဲ့ ဂိတ်စာရေးမ ( ဗွီဒီယိုဖိုင်)

အစက ဒီ video မရိုက်ဘူးနေခဲ့တာ ကားကို ဒီထဲမှာပါတဲ့ အကျီင်္အမဲနဲ့ အမက အုတ်ခဲနဲ့ ထုမယ်လုပ်တယ် အ့ဒါကြောင့် ဒီ video လေးရိုက်ခဲ့တာပါ။

ကျတော်တို့ကားက မနက် ၁၀:၃၀ ဝန်းကျင်က ချောက် ဆိပ်ဖြူ အနော်ရထာတံတား ဂိတ်ကိုဖြတ်တယ် တံတားကြေး ၁၆၅၀၀ ပေးတယ် ဂိတ်တာဝန်ကျသူတွေက ပိုက်ဆံကိုစစ်ယူတယ်(အစုတ်အပြဲပါမပါ) သူတိုစစ်ပီးလို့ရပီဆိုမှ ကျတော်မောင်းထွက်ခဲ့တယ်။

ညနေ ၃၀:၃၀ဝန်ကျင်လောက်ပြန်လာတယ် အ့ဒီမှာစတာပဲ မနက်က ပေးသွားတဲ့ထဲမှ ပိုက်ဆံ ၁၀၀၀ ပြဲနေလို့ လဲပေးပါတဲ့ ကျတော်လဲမလဲနိုင်ဘူးပြောလိုက်တယ် သူတို့ကိုယ်တိုင်စစ်ပီးလို့ ရပီဆိုမှ ကျတော် မောင်းခဲ့တာ ညနေပြန်လာတော့ အပြဲပါတယ် လဲပေးပါဆိုတော့ ကျတော်က ဘယ်လိုယုံကြည်ရတော့မလဲ

အ့ဒါနဲ့ ကျတော်လဲမပေးနိုင်ဘူးဆိုပီး အခုဖြတ်မဲ့ ခါလီကြေး ၂၀၀၀ ပေးတယ် မယူနိုင်ဘူးတဲ့ မနက်က ပိုတ်ဆံလဲမပေးရင် မဖြတ်နဲ့ရပ်ထားတဲ့ ကျတော်က အချိန်ကြာလို့ အမတို့ ကျတော် ဂိတ်ကြေးပေးတယ် အမတို့မယူတာနော် မယူရင် မောင်တံဘေး လွတ်တဲ့နေရာက ဖြတ်သွားမယ်လုပ်တယ် အ့ဒါကို အကျီင်္အမဲနဲ့ အမက မနက်က ၁၀၀၀ လဲမပေးရင် အခုဂိတ်ကြေးလဲမယူဘူး ဖြတ်လဲမဖြတ်ရဘူးဆိုပီ အုတ်ခဲနဲ့ ကားကိုထုမယ်လုပ်တယ်။

အမ ကားမှန်ကွဲရင်တော့ ပြန်ရော်ပေးရမယ်လို့ပြောတော့ ရော်နိုင်တယ် စောက်ဂရုမစိုက်ဘူးတဲ့ ပိုက်ဆံ ၁၀၀၀ က မများပါဘူး ဒါပေမဲ့ တခါလဲမဟုတ်တော့ဘူး တော်တော်များနေပီ အ့ဒီ ချောက် ဆိပ်ဖြူအနော်ရထာတံတားဂိတ် ကျတော်တို့ပေးတဲ့ထဲမှ အစုတ်အပြဲပါရင် ချက်ချင်းလဲခိုင်းလဲပေးပါတယ် ခုကတော့တော်တော်များနေပီ။

Ngwe Phyo Htet