ရွမ္းျပည္နယ္တြင္ အမ်ိဳးသားတစ္ဦး တရား႐ံုးထဲ၀င္ျပီး တရားသူႀကီးအား လက္သီးနဲ႔ ထိုးၿပီး ဓါးနဲ႔ ခုတ္မွဳျဖစ္ပြား….

ပြည်တွင်းသတင်း

အမ်ိဳးသားတစ္ဦး တရား႐ံုးထဲ၀င္ျပီး တရားသူႀကီးအား လက္သီးနဲ႔ ထိုးၿပီး ဓါးနဲ႔ ခုတ္

ရွမ္းျပည္နယ္၊ နမၼတူၿမဳိ႕နယ္ တရား႐ံုးသို႔ အမ်ိဳးသား တစ္ဦးမွ ေမလ ၉ ရက္၊ နံနက္ပိုင္းတြင္ ၀င္ေရာက္ ၿခိမ္းေျခာက္ခဲ့သျဖင့္ နမၼတူၿမဳိ႕မရဲစခန္းတြင္ အမႈဖြင့္ တိုင္ၾကားထားေၾကာင္း သိရသည္။

“ ပထမ သူေထာင္က ထြက္လာၿပီး ဆိုင္ကယ္ဦးထုပ္ မပါဘဲ စီးတာကို ေမာ္ေတာ္ပီကယ္က တားလို႔ ေမာ္ေတာ္ပီကယ္ကို လက္သီးနဲ႔ ထိုးၿပီး ဓါးနဲ႔ ခုတ္တာ အမႈဖြင့္ထားလို႔ ရဲက သူ႔ကို အိမ္သြားဖမ္းတာ

ထပ္ၿပီးေတာ့ ဓါးနဲ႔ ခုတ္ၿပီးေတာ့ တရားသူႀကီးဆီသြားၿပီး အမႈဖြင့္တာကို အမႈဖြင့္ မေပးလို႔ ဆိုၿပီး တရားသူႀကီးကို ဓါးနဲ႔ ခုတ္ၿပီးေတာ့ ၿခိမ္းေျခာက္တာပါ။” ဟု ရွမ္းျပည္နယ္ တရားလႊတ္ေတာ္မွ တာ၀န္ရွိသူ တစ္ဦးက ကေမၻာဇတိုင္းသို႔ ေျပာသည္။

နမၼတူၿမဳိ႕ေန ဦး၀င္းလႈိင္ ဆိုသူသည္ ေမလ ၉ ရက္၊ နံနက္ ၁၀ နာရီ ၄၅ မိနစ္ခန္႔တြင္ နမၼတူၿမဳိ႕နယ္ တရား႐ံုးသို႔ ေရာက္ရွိလာၿပီး ၄င္း တိုင္ၾကားထားသည့္ အမႈအား အမႈဖြင့္ ေပးမလား၊ မေပးဘူးလားဟု ေျပာဆိုသျဖင့္ ၿမဳိ႕နယ္တရားသူႀကီးမွ ဦးတိုက္ တိုင္ၾကားသူမွာ ဒုရဲမွဴး ျဖစ္သူ ျပန္တမ္း၀င္ အရာရွိ ျဖစ္ေသာေၾကာင့္

တရားစဲြဆို ခြင့္ျပဳမိန္႔ လိုအပ္မည္ ျဖစ္သည့္အျပင္ ၁၉၉၅ ခုႏွစ္ ျမန္မာႏိုင္ငံရဲတပ္ဖဲြ႕ စည္းကမ္းထိန္းသိမ္းေရး ဥပေဒအရသာ ေဆာင္ရြက္ရမည္ ျဖစ္သည္ဟု ရွင္းျပခဲ့ရာ ဦး၀င္းလႈိင္မွ တရား႐ံုးမွ ျပန္လည္ထြက္ခြာသြားၿပီးေနာက္ ….

၄င္း၏ ဆိုင္ကယ္တြင္ အသင့္ပါလာေသာ အရိုးအသြား ၃ ေပခန္႔ရွိ ငွက္ႀကီးေတာင္ဓါးအား ယူေဆာင္လာၿပီး ၿမဳိ႕နယ္တရားသူႀကီးအား ဓါးျဖင့္ ခုတ္ခဲ့ျခင္း ျဖစ္ေၾကာင္း ရွမ္းျပည္နယ္တရားလႊတ္ေတာ္မွ သိရသည္။

ဦး၀င္းလႈိင္၏ ဓါးျဖင့္ ခုတ္မႈအား ၿမဳိ႕နယ္တရားသူႀကီးမွ ထိုင္ခံုျဖင့္ ကာလိုက္ျခင္းေၾကာင့္ ဒဏ္ရာ မရရွိခဲ့ေသာ္လည္း ရံုးသံုး ထိုင္ခံု ပ်က္ဆီးသြားခဲ့ရေၾကာင္း သိရသည္။

ထို႔ေနာက္ ဦး၀င္းလႈိင္သည္ ၿမဳိ႕နယ္တရားသူႀကီးအား ေခါင္းျဖတ္သတ္ၿပီး ဦးေခါင္းအား တရားခြင္ေပၚ တင္ထားမည္၊ အခုလာသည္မွာ ဓါးျဖင့္သာ လာျခင္းျဖစ္ၿပီး ေနာက္ဆိုလ်င္ ေသနတ္ျဖင့္ လာေရာက္မည္ဟု ေျပာဆိုကာ ထြက္သြားၿပီးေနာက္ ထပ္မံ၍ ၂ ေခါက္ ၀င္ေရာက္ကာ ၿခိမ္းေျခာက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္းလည္း သိရသည္။

အဆိုပါ ၿမဳိ႕နယ္တရားသူႀကီး ဦးႏိိုင္ထက္ေအာင္ အား ဓါးျဖင့္ ခုတ္၍ ၿခိမ္းေျခာက္ခဲ့သူ ဦး၀င္းလႈိင္အား အေရးယူေပးရန္ တိုင္ၾကားခဲ့ျခင္းေၾကာင့္ နမၼတူၿမဳိ႕မရဲစခန္းမွ (ပ) ၉/၂၀၁၉ ၊ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၃၂၊ ၃၀၇၊ ၅၀၆ တို႔ျဖင္ အမႈဖြင့္ထားကာ ဦး၀င္းလႈိင္အား ဖမ္းဆီးရမိေရးအတြက္ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။…Kanbawza Tai News

unicode

အမျိုးသားတစ်ဦး တရားရုံးထဲဝင်ပြီး တရားသူကြီးအား လက်သီးနဲ့ ထိုးပြီး ဓါးနဲ့ ခုတ်

ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ် တရားရုံးသို့ အမျိုးသား တစ်ဦးမှ မေလ ၉ ရက်၊ နံနက်ပိုင်းတွင် ဝင်ရောက် ခြိမ်းခြောက်ခဲ့သဖြင့် နမ္မတူမြို့မရဲစခန်းတွင် အမှုဖွင့် တိုင်ကြားထားကြောင်း သိရသည်။

“ ပထမ သူထောင်က ထွက်လာပြီး ဆိုင်ကယ်ဦးထုပ် မပါဘဲ စီးတာကို မော်တော်ပီကယ်က တားလို့ မော်တော်ပီကယ်ကို လက်သီးနဲ့ ထိုးပြီး ဓါးနဲ့ ခုတ်တာ အမှုဖွင့်ထားလို့ ရဲက သူ့ကို အိမ်သွားဖမ်းတာ

ထပ်ပြီးတော့ ဓါးနဲ့ ခုတ်ပြီးတော့ တရားသူကြီးဆီသွားပြီး အမှုဖွင့်တာကို အမှုဖွင့် မပေးလို့ ဆိုပြီး တရားသူကြီးကို ဓါးနဲ့ ခုတ်ပြီးတော့ ခြိမ်းခြောက်တာပါ။” ဟု ရှမ်းပြည်နယ် တရားလွှတ်တော်မှ တာဝန်ရှိသူ တစ်ဦးက ကမ္ဘောဇတိုင်းသို့ ပြောသည်။

နမ္မတူမြို့နေ ဦးဝင်းလှိုင် ဆိုသူသည် မေလ ၉ ရက်၊ နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် နမ္မတူမြို့နယ် တရားရုံးသို့ ရောက်ရှိလာပြီး ၄င်း တိုင်ကြားထားသည့် အမှုအား အမှုဖွင့် ပေးမလား၊ မပေးဘူးလားဟု ပြောဆိုသဖြင့် မြို့နယ်တရားသူကြီးမှ ဦးတိုက် တိုင်ကြားသူမှာ ဒုရဲမှူး ဖြစ်သူ ပြန်တမ်းဝင် အရာရှိ ဖြစ်သောကြောင့်

တရားစွဲဆို ခွင့်ပြုမိန့် လိုအပ်မည် ဖြစ်သည့်အပြင် ၁၉၉၅ ခုနှစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရသာ ဆောင်ရွက်ရမည် ဖြစ်သည်ဟု ရှင်းပြခဲ့ရာ ဦးဝင်းလှိုင်မှ တရားရုံးမှ ပြန်လည်ထွက်ခွာသွားပြီးနောက် ….

၄င်း၏ ဆိုင်ကယ်တွင် အသင့်ပါလာသော အရိုးအသွား ၃ ပေခန့်ရှိ ငှက်ကြီးတောင်ဓါးအား ယူဆောင်လာပြီး မြို့နယ်တရားသူကြီးအား ဓါးဖြင့် ခုတ်ခဲ့ခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ်တရားလွှတ်တော်မှ သိရသည်။

ဦးဝင်းလှိုင်၏ ဓါးဖြင့် ခုတ်မှုအား မြို့နယ်တရားသူကြီးမှ ထိုင်ခုံဖြင့် ကာလိုက်ခြင်းကြောင့် ဒဏ်ရာ မရရှိခဲ့သော်လည်း ရုံးသုံး ထိုင်ခုံ ပျက်ဆီးသွားခဲ့ရကြောင်း သိရသည်။

ထို့နောက် ဦးဝင်းလှိုင်သည် မြို့နယ်တရားသူကြီးအား ခေါင်းဖြတ်သတ်ပြီး ဦးခေါင်းအား တရားခွင်ပေါ် တင်ထားမည်၊ အခုလာသည်မှာ ဓါးဖြင့်သာ လာခြင်းဖြစ်ပြီး နောက်ဆိုလျင် သေနတ်ဖြင့် လာရောက်မည်ဟု ပြောဆိုကာ ထွက်သွားပြီးနောက် ထပ်မံ၍ ၂ ခေါက် ဝင်ရောက်ကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ မြို့နယ်တရားသူကြီး ဦးနိိုင်ထက်အောင် အား ဓါးဖြင့် ခုတ်၍ ခြိမ်းခြောက်ခဲ့သူ ဦးဝင်းလှိုင်အား အရေးယူပေးရန် တိုင်ကြားခဲ့ခြင်းကြောင့် နမ္မတူမြို့မရဲစခန်းမှ (ပ) ၉/၂၀၁၉ ၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၂၊ ၃၀၇၊ ၅၀၆ တို့ဖြင် အမှုဖွင့်ထားကာ ဦးဝင်းလှိုင်အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Kanbawza Tai News