မကြွားတတ်ဘူး…လမ်းကြုံလို့ မုန့်ဖိုး ၂၅ သိန်း ပေးသွားတယ်ဆိုတဲ့ လူကြီး…












Shopping တစ်ခါထွက်ရင် အပျင်းပြေ ၁၀သိန်းလောက်အိတ်ထဲထည့်သွားတာလည် ဘယ်သူ့ကို လိုက်ပြောဖူး လဲ ?


ဘယ်သူ့မှ မပြောပါဘူး ……





အဟင်း ဟင်း ……..

crd -origional

================

ကျုပ် သိပ်ကြည့်မရတဲ့ထဲမှာအကြွားသန်တဲ့ဟာတွေလည်းပါတယ် ……

ဘယ့်နှယ် …..စဉ်းစားကြည့် ..…

ကျုပ်၁ဝတန်းအောင်တုန်းက ဂုဏ်ထူး၅ဘာသာပါတယ်..

ခုချိန်ထိဘယ်သူ့မှ မပြောပြဖူးဘူး

အာ့နဲ့ ဖေဖေက ၅ကျပ်သားဟမ်းချိန်းလေးလုပ်ပေးတယ်

ကြွားတယ်ထင်မှာစိုးလို့ မဝတ်ဘူး ..

ဟိုတလောက အပျင်းပြေ ရောက်ရင်နေဖို့ ပြင်ဦးလွင်မှာ အိမ်နဲ့ခြံဝယ်လိုက်တာ သိန်း ၆၀၀၀ ပေးရတယ် ဘယ်သူမှမသိဘူး ..

ကျုပ် အိုင်ဖုန်း 7 ကိုဖုန်းပြောဖို့ Note 7 ကိုလိုင်းသုံးဖို့ဝယ်တုန်းကရော အွန်လိုင်းမှာ ရေးပီးကြွားဖူးလားပြော ???? ကြွားရမှာ ကျုပ်အရမ်းရှက်တာ ……

အိမ်မှာ စီးပွားရေးတက်လို့ Lexus လေး တစ်စီးဝယ်တယ်

ဘယ်တော့မှ လူရှေ့သူရှေ့ကားရှိတယ်လို့ ထုတ်မပြောဘူး မစီးဘူး

မကြွားတတ်တာကိုက ငယ်ငယ်တည်းက အကျင့်လေ .. ..

Shopping တစ်ခါထွက်ရင် အပျင်းပြေ ၁ဝသိန်းလောက်အိတ်ထဲထည့့်သွားတာလည် ဘယ်သူ့ကို လိုက်ပြောဖူး လဲ ?

အဖွားဆိုတာ မိုးကုတ်သူ အဖိုးဆိုတာ မိုင်းရှူ းက အဖေနဲ့အမေက ပါရီမှာ ရတနာဆိုင်ကြီး ဟီးလို့ ။

ဘယ်သူ့မှ မပြောပါဘူး ……

အခုလည်း အိမ်မှာငုတ်တုပ်ထိုင်နေရင်း ဝမ်းကွဲ အမက လမ်းကြုံလို့ မုန့်ဖိုး ၂၅ သိန်းဆြိုပီး ပေးသွားတယ် ..

ဒါပေမယ့် တိတ်တိတ်လေးပဲနေတယ် ..

လုံးဝထုတ်မပြောတတ်ဘူး……

ကြွားရမှာ ကျုပ်အရမ်းရှက်တယ် ။

အဟင်း ဟင်း ……..

crd -origional