၇ရက္သားသမီးမ်ားအတြက္ 02.5.2019 မွ 08.5.2019 အထိ တစ္ပတ္စာ ကံၾကမၼာေဟာစာတမ္း….

02.5.2019 မွ 08.5.2019 အထိ တစ္ပတ္စာ၇ရက္သားသမီးေဟာစာတမ္း

တနဂၤေႏြ

ဒီကာလအတြင္းစိတ္ေပ်ာ္စရာေတြမ်ားေနတတ္ပါတယ္။ ခ်စ္သူခင္သူေတြနဲ႔ ခရီးသြားရတာ၊ေပ်ာ္ပြဲစား ထြက္ရတာမ်ိဳးေတြ ႀကံဳရတတ္ပါတယ္။ လုပ္ငန္းခြင္အတြင္း တတ္ညီလက္ညီနဲ႔ ေပ်ာ္ေပ်ာ္ရႊင္ရႊင္လုပ္သြားႏုိင္မဲ့ကာ လပဲျဖစ္ပါတယ္။ လူငယ္မ်ားခ်စ္သူရဲ့ surprise လုပ္တာမ်ိဳး ၾကံဳရတတ္ပါတယ္။

က်န္းမာေရးကေတာ့ ဒီကာလမွာ ေဒါင္ေဒါင္ျမည္ေကာင္းေနတာမ်ိဳးေတြ႔ရပါတယ္။ မိမိစိတ္၀င္စားတဲ့၊မိမိ၀ါသနာပါတဲ့အလုပ္ေတြကို ဦးစားေပးလုပ္ နိုင္ပါလိမ့္မယ္။ ေငြရႊင္ပါလိမ့္မယ္။ အလုပ္ေကာင္းေနတဲ့အတြက္၀င္ေငြလဲေကာင္းေနတတ္ပါတယ္။ သူတစ္ပါးရဲ့ အကူအညီမ်ားစြာရလာနိုင္ပါတယ္။

ေျပာင္းေရြ႕လို႔မရေသာဥယ်ာဥ္၊ျခံ၊ေျမ၊လယ္မ်ား ၀ယ္ယူလုိ႔ေကာင္းတဲ့ ေန႔ရက္ ေတြ ပါပဲ။ စန္္းအား ေကာင္းေနတဲ့ေန႔ရက္ေတြပါပဲ။ ခ်စ္သူရည္စားမရွိသူမ်ား ခ်စ္သူရည္းစားအလြန္ပဲရ လြယ္ေန တတ္ပါတယ္။ အလုပ္နဲ႔ပက္သက္ၿပီး ကိုယ္ပိုင္အလုပ္မ်ားကေတာ့ နားလည္တတ္ကၽြမ္းသူေတြရဲ့နည္းေပးလမ္းျပ လုပ္ကိုင္မႈေၾကာင့္အဆင္ေျပပါလိမ့္မယ္။

အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က်န္းမာေရးအတြက္အနည္း ငယ္ပူပန္ေနရတတ္ပါတယ္။ ပညာေရးကံကေတာ့ အလြန္ေကာင္းေနတာေတြ႔ရပါတယ္။

အက်ိဳးေပးဂဏန္း 9/2/6

အထူးေဟာ စိတ္ခ်မ္းသာမဲ့ကာလပါ။

ယၾတာ လာဘ္ဦးလက္ဖ်ားေငြကို မိမိႀကိဳက္နွစ္သက္ရာဒါနတစ္ခုခုလုပ္လိုက္ပါ။

တနလၤာ

ေငြကုန္လူပန္းျဖစ္ရတတ္ပါတယ္။ လုပ္ေတာ့လုပ္လိုက္တာပဲ။အလြဲႀကီးဆိုတာမ်ိဳးျဖစ္တတ္ပါတယ္။ ဒါေၾကာင့္ ဒီလုိကာလမ်ိဳး အေရးႀကီးကိစၥလဲျဖစ္မယ္…မိမိကိုယ္တိုင္ကနားလည္တတ္ကၽြမ္းမႈလဲမရွိဘူးဆိုရင္ေတာ့ သူမ်ားဆီကအႀကံဥာဏ္ယူၿပီးမွလုပ္သြားေစခ်င္ပါတယ္။

အခ်စ္ေရးကိစၥေတြမွာ မိမိကိုယ္တိုင္သေဘာထားႀကီးႏုိင္ မွသာယာနုိင္တာကိုေတြ႔ရပါတယ္။ ေငြေၾကးနဲ႔ပက္သက္ၿပီး မလိုအပ္ဘဲေငြထုတ္မသံုးဖို႔တိုက္တြန္းခ်င္ပါတယ္။ ကံ ေကာင္းတာကမိမိကို ဥာဏ္အား၊ကိုယ္အားနဲ႔ကူညီေပးမဲ့သူေတြရွိေနတတ္တာပါပဲ။

လူငယ္မ်ားကေတာ့ လုပ္ငန္းခြင္မႈစည္းကမ္းတင္းလြန္းတယ္လို႔ထင္ေနမိတတ္ပါတယ္။ဒါေၾကာင့္အလုပ္မွာမေပ်ာ္သလုိခံစားရတတ္ပါတယ္။ က်န္းမာေရးကေတာ့ ထင္ထားသည္ထက္ ပိုမိုေကာင္းမြန္ေနပါလိမ့္မယ္။ စိတ္ပင္ပန္းေပမဲ့ ကိုယ္မႏြမ္းတာ ကိိုေတာ့ေတြ႔ရပါတယ္။

ေငြေၾကးေခ်းငွားျခငး္၊ ေၾကြးေတာင္းျခင္း၊ ေငြေပး၊ေငြယူျခင္း၊အာမခံ ျခင္းမ်ားစတဲ့ ေငြေၾကးနဲ႔ပက္သက္တဲ့ ကိစၥအ၀၀က အခက္အခဲမ်ားတတ္ပါတယ္။ အိမ္ေထာင္ေရးသာယာပါလိမ့္မယ္။ ပညာေရး ကေတာ့ အခက္အခဲမ်ားေနတတ္ပါတယ္ဗ်ာ။

အက်ိဳးေပးဂဏန္း 2/1/5

အထူးေဟာ ကံအားနည္းေနခ်ိန္ပါပဲ။

ယၾတာ ေငြ၂၀၀ကို ပံ့သကူပစ္ပါ။

အဂၤါ

ဒီကာလအတြင္း ေတြေ၀ဒိြဟျဖစ္စရာေတြမ်ားေနတတ္ပါတယ္။ ဟိုဟာလုပ္ရႏုိး၊ဒီဟာလုပ္ရႏုိးနဲ႔ျဖစ္ေန တတ္ပါတယ္။ မိဘေတြရဲ့က်န္းမာေရးကိုလဲ အထူးဂရုစိုက္လုိက္ပါ။မိမိရဲ့စိတ္ကူးအယူအဆေတြက ဒီကာလမွာ ေရရွည္အတြက္မေကာင္းတဲ့အေတြးစိတ္ကူးေတြျဖစ္ေနရတတ္ပါတယ္။

အခ်စ္ေရးကိစၥေတြမွာေတာ့ ခ်စ္သူႏွစ္ဦး ၾကးအေႏွာက္အယွက္ေတြ၀င္လာတတ္ပါတယ္။ မဂၤလာစကားေျပာျခင္းေတြ၊နားေဖာက္ျခင္းေတြဒီကာလမွာတတ္ နိုင္သေလာက္ေတာ့ေရွာင္လုိက္ပါ။ စက္ေတြကားေတြကို သတိႀကီးစြာေမာင္းပါ။ယာဥ္စည္းကမ္း၊လမ္းစည္းကမ္း ကိုလိုက္နာေဆာင္ရြက္ပါ။

က်န္းမာေရးကေတာ့အေကာင္းဘက္ကိုအေလးသာပါတယ္။ ဒါေပမဲ့ထိခိုက္ရွနာဆိုတာ မ်ိဳး၊ေသြးထြက္သံယိုဆိုတာမ်ိဳးေတြျဖစ္လြယ္ပါတယ္။ ဒီကာလေတြမွာ ေငြေၾကးနဲ႔ပက္သက္ၿပီးေတာ့ သူမ်ားေငြေတြ အဖြဲ႔အစည္းကေငြေတြလက္မခံပါနဲ႔။ လာဘ္ပိတ္သြားတတ္ပါတယ္။

အခ်စ္ေရးမွာေတာ့ ခ်စ္သူကမိမိ မဟုတ္တဲ့တစ္စိမ္း တစ္ရံေတြနဲ႕ အခ်ိန္ကုန္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးကေတာ့ အနည္းငယ္ကေတာက္ ကဆ ျဖစ္ရံုကလြဲၿပီး ေတာ့ အရမ္းဆိုးေနတာမ်ိဳးေတာ့မေတြ႔ပါဘူး။ပညာယူလို႔ ခက္ခဲတဲ့ေန႔ရက္ေတြပါပဲ။

အက်ိဳးေပးဂဏန္း 5/3/6

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ ခေရပန္း/ခေရညႊန္႔ဘုရားကပ္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းစီစဥ္ထားတဲ့အတိုင္း ေနသားတက်ျဖစ္လာတတ္ပါတယ္။ဒါေၾကာင့္ပဲမိမိလုပ္ခ်င္တာေတြ ကိုတြန္းၿပီးလုပ္သြားနိုင္ပါလိမ့္မယ္။ စိတ္ခ်မ္းသာမႈ၊ေပ်ာ္ရႊင္မႈေတြကိုခံစားရပါလိမ့္မယ္။လုပ္ငန္းခြင္မွာလဲလုပ္ေဖာ္ ကိုင္ဖက္ေတြရဲ့ေပ်ာ္ေပ်ာ္ပါးပါးလုပ္ကို္င္ႏုိင္မဲ့ကာလေတြလဲျဖစ္ပါတယ္။

မိတ္ေဆြသစ္ေတြတိုးပါလိမ့္မယ္။ ကိုယ္ပိုင္ စီးပြားမ်ားႏွစ္ဆတိုးတတ္ႏုိင္တဲ့ကာလမ်ိဳးပါပဲ၊ မိမိလုပ္ငန္းအတြက္လိုအပ္ခ်က္ေလးကို ေျပာျပကူညီမဲ့သူေတြရွိလာ တတ္ပါတယ္။ လုပ္ငန္းအတြက္ လုိအပ္တဲ့အရင္းအႏွီးေတြရလာတတ္ပါတယ္။ေကာင္းေသာစိတ္ကူးေတြ၊ေကာင္း ေသာအေတြးေတြမိမိဆီမွာရွိေနတတ္ပါတယ္။

အလွဴအတန္းကိစၥမ်ားမွာပါ၀င္ပက္သက္ခြင့္ေတြရလာတတ္ပါတယ္ ။ က်န္းမာေရးအတြက္ေတာ့ အနည္းငယ္စိတ္ပူပန္ရတတ္ပါတယ္။ အစားအေသာက္မွားတာမ်ိဳးေတြေၾကာင့္လဲ က်န္းမာေရးကိုအားနည္းသြားေစတတ္ပါတယ္။ အလွအပႏွင့္ပက္သက္ ေသာအလုပ္မ်ား၊၀န္ေဆာင္မႈနဲ႔ပက္သက္ ေသာအလုပ္မ်ား အထူးေကာင္းပါတယ္။

အခ်စ္ေရးမွာေတာ့ ခ်စ္သူအတြက္ပူပန္ရတတ္ပါတယ္။ အိမ္ေထာင္ေရး အိမ္တြင္းေရးအလြန္သာယာခ်မ္းေျမ့ပါတယ္။ပညာေရးမွာႀကိဳးစားသမွ်အရာထင္ပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 5/6/2

အထူးေဟာ အလုပ္စီးပြားေကာင္းေနမည္။

ယၾတာ ေမြးနံေထာင့္မွာဘုရားရွင္အားေရသပၸာယ္ပါ။

ၾကာသပေတး

ဒီကာလအတြင္း ခရီးတိုေလးေတြမ်ားရတတ္ပါတယ္။ စိတ္နဲ႔ကိုယ္နဲ႔မကပ္တာမ်ိဳးလဲျဖစ္တတ္ပါတယ္။ လူငယ္ဆိုရင္ေတာ့ လူႀကီးမိဘေတြရဲ့ဆိုဆံုးမတာကို မိမိကိုအျပစ္တင္တယ္လုိ႔ထင္ေနမိတတ္ပါတယ္။ မလိုအပ္ဘဲ ေငြသံုးမိတာေၾကာင့္ ေငြကုန္ေၾကးက်မ်ားရတတ္ပါတယ္။

က်န္းမာေရးနဲ႔ပက္သက္ၿပီးေတာ့လဲ အလြန္သတိထား သင့္တယ္ဗ်။ ေရခ်ိဳးဆင္ျခင္ပါ။ ေရခ်ိဳးမွားၿပီးေရာဂါျဖစ္ရတတ္ပါတယ္။ လက္ကားစီးပြားေရးမ်ားရင္းႏွီးျမဳပ္နွံမႈေတြ မ်ားၿပီး ေငြျမဳပ္သြားတတ္ပါတယ္။ ေငြျမန္ျမန္ေပၚမဲ့ အလုပ္ေတြကိုဦးစားေပးသင့္ပါတယ္။

ဘုရားဖူးထြက္ရတာမ်ိဳး ၊အလွဴအတန္္းေၾကာင့္အေ၀းသြားရတာမ်ိဳးေတြလဲႀကံဳရတတ္ပါတယ္။ သူမ်ားေငြ ေၾကာင့္ဒုကၡေရာက္ရတတ္ပါ တယ္။ အာမလံုး၀မခံပါနဲ႔။ကိုယ္ပိုင္စီးပြားသစ္မ်ားစတင္လို႔မေကာင္းေသးပါဘူး။ စာေမးပြဲကိစၥ၊အင္တာဗ်ဴးကိစၥေတြ ေရွာင္သင့္တဲ့ကာလမ်ိဳးပါပဲ။

လုပ္ေဖာ္ကိုင္ဖက္ေတြရဲ့ အကူအညီမရဘဲ မိမိဘာသာ လုပ္ကိုင္ေဆာင္ ရြက္ေနရတတ္ပါတယ္။ အခ်စ္ေရးမွာအလုပ္ေတြေၾကာင့္ ခ်စ္သူနဲ႔ဆံုခ်ိန္နည္းေနတတ္ပါတယ္။ ပညာေရးမွာေတာ့ ႀကိဳးစားသမွ်အရာမထင္ ျဖစ္ရတတ္ပါတယ္။ အိမ္ေထာင္ေရး သာယာေပ်ာ္ရႊင္ရပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း 7/4/1

အထူးေဟာ အလုပ္ရႈပ္ေနပါလိမ့္မယ္။

ယၾတာ ဖိနပ္တစ္ရံ ရဟန္းတစ္ပါးကိုလွဴဒါန္းပါ။

ေသာၾကာ

ဒီကာလအတြင္း သူတစ္ပါးေတြကိုမ်ားစြာကူညီေပးရတတ္ပါတယ္။ လုပ္ငန္းခြင္မွာလဲ မိမိအလုပ္အျပင္သူ တစ္ပါးအလုပ္ေတြကိုပါကူညီေပးေနရတတ္ပါတယ္။ ကိုယ္ပိုင္လုပ္ငန္းေတြလဲ အလုပ္ပင္ပန္းေပမဲ့အက်ိဳးအျမတ္ ေတာ့ႀကီးပါလိမ့္မယ္။၀န္ထမ္းမ်ား အခ်ိန္ပိုဆိုတာမ်ိဳးေတြဆင္းေနရတတ္ပါတယ္။

ႏႈတ္ကတိျဖစ္ေစ၊စာခ်ဳပ္နဲ႔ ကတိ ထားတာမ်ိဳးျဖစ္ေစ ဒီကာလမွာတတ္ႏုိင္သေလာက္ေရွာင္လုိက္ပါ။ အေရးႀကီးတဲ့ခရီးမ်ိဳးေတြ ဒီကာလမွာစီစဥ္ၿပီး ကာမွပ်က္ရတတ္ပါတယ္။ ကိုယ္ပိုင္ေငြသံုးစြဲမႈမ်ားလဲ စနစ္က်ဖို႔လိုပါ တယ္။မိမိက လုပ္ငန္းခြင္တာ၀န္ႀကီးႀကီး ယူထားသူဆို အေရးႀကီးတဲ့ကိစၥမ်ားကို ဆံုးျဖတ္ခ်က္ခ်ေနရပါ လိမ့္မယ္။

က်န္းမာေရးလဲ အရင္က ထက္ပိုဂရုစိုက္ပါ။ ေရာဂါႀကီးႀကီးမားမားမရွိေပမဲ့ ပန္းဖ်ားဖ်ားတာမ်ိဳးေတြ ႀကံဳရ တတ္ပါ တယ္။ ေငြရွာလုိ႔လြယ္ကူ ေနတတ္ပါတယ္။ စုတတ္ေဆာင္းတတ္ဖုိ႔ေတာ့လိုအပ္ပါတယ္။အခ်စ္ေရးကေတာ့ ဒီကာလဟာမိမိအတြက္ စိတ္ အပန္းေျဖစရာျဖစ္ေနပါလိမ့္မယ္။

အိမ္ေထာင္ေရးမွာေတာ့ အိမ္ေထာင္ဘက္က မိမိအလုပ္ကိုတတ္ႏုိင္သ၍ကူညီ ေပးပါလိမ့္မယ္။ ပညာေရးကံကေတာ့ ထင္သေလာက္အားမရပါဘူးဗ်။

အက်ိဳးေပးဂဏန္း 1/5/2

အထူးေဟာ က်န္းမာေရးထိခိုက္ေအာင္အလုပ္မလုပ္ပါနဲ႔။

ယၾတာ ေမြးေန႔နံနက္ ဆိုင္ေဖ်ာ္လက္ဖက္ရည္ေလးဘုရားကပ္လွဴလိုက္ပါ။

စေန

မိမိျဖစ္ခ်င္တာနဲ႔ျဖစ္ေနတာတစ္ထပ္တည္းက်ေနတတ္ပါတယ္။ ဒါေၾကာင့္ ပဲမိမိစိတ္ကူးထားတာေလးေတြ ျပည့္၀ရတတ္ပါတယ္။ ေငြေၾကးနဲ႔႔ပက္သက္ၿပီးေတာ့လဲ ရစရာရွိတာေလးေတြရလာတတ္ပါတယ္။ ျမဳပ္ေနတဲ့ေငြ ေတြျပန္ေပၚမယ္ဆုိရင္လဲမမွားပါဘူး။ တစိမ္းေတြ၊လူမ်ိဳးျခားေတြရဲ့အကူအညီေတြရတတ္ပါတယ္။

တပည့္သားခ်င္း ေတြကလာေရာက္ကန္ေတာ့ေထာက္ပံ့တာမ်ိဳးေတြလဲ ရတတ္ပါတယ္။ အလုပ္နဲ႔ပက္သက္ရင္ ေရရွည္အတြက္ခ်ိန္ ဆၿပီးလုပ္ေလေအာင္ျမင္ေလပါပဲ။ ေငြေၾကးနဲ႔ပက္သက္ရင္ကံေၾကာင့္ေပးတဲ့ေငြမ်ိဳး ရတတ္ပါတယ္။ ဒါေၾကာင့္ ထီ ကံစမ္းတာမ်ိဳးေတြလုပ္ေစခ်င္ပါတယ္။ အတိတ္က အခက္္အခဲေတြကို အဆင္ေျပ ေအာင္ေျဖရွင္းသြား ႏုိင္ပါလိမ့္မယ္။

စိတ္ပ်က္ၿပီးလက္ေလ်ာ့ထားတဲ့အလုပ္ေတြကို ျပန္လည္လုပ္ကိုင္ျခင္းျဖင့္ ေအာင္ျမင္မႈေတြရ တတ္ပါတယ္။ ႀကိဳးစားထားသမွ်အရာထင္ရုပ္လံုးေပၚလာပါလိမ့္မယ္။ က်န္းမာေရးကေတာ့ ဒီအပတ္ထဲ အရမ္းႀကီး ဆိုးေနတာမ်ိဳးမေတြ႔ပါဘူး။ အခ်စ္ေရးမွာေတာ့ onlineကေန ခ်စ္သူရတတ္ပါတယ္။

အိမ္ေထာင္ေရးအခက္အခဲမရွိ သာယာတတ္ပါတယ္။ ပညာေရးႀကိဳးစားလုိ႔ေကာင္းပါတယ္။ ကံကလဲေပးေနပါတယ္။

အက်ိဳးေပးဂဏန္း 1/5/4

အထူးေဟာ ကံျမင့္ေနမည္။

ယၾတာ ေရႊထီး၅လက္ဘုရားကပ္လွဴေပးပါ။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ…..။ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )viber only -09775555695

unicode

02.5.2019 မှ 08.5.2019 အထိ တစ်ပတ်စာရရက်သားသမီးဟောစာတမ်း

တနင်္ဂနွေ

ဒီကာလအတွင်းစိတ်ပျော်စရာတွေများနေတတ်ပါတယ်။ ချစ်သူခင်သူတွေနဲ့ ခရီးသွားရတာ၊ပျော်ပွဲစား ထွက်ရတာမျိုးတွေ ကြုံရတတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း တတ်ညီလက်ညီနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်သွားနိုင်မဲ့ကာ လပဲဖြစ်ပါတယ်။ လူငယ်များချစ်သူရဲ့ surprise လုပ်တာမျိုး ကြုံရတတ်ပါတယ်။

ကျန်းမာရေးကတော့ ဒီကာလမှာ ဒေါင်ဒေါင်မြည်ကောင်းနေတာမျိုးတွေ့ရပါတယ်။ မိမိစိတ်ဝင်စားတဲ့၊မိမိ၀ါသနာပါတဲ့အလုပ်တွေကို ဦးစားပေးလုပ် နိုင်ပါလိမ့်မယ်။ ငွေရွှင်ပါလိမ့်မယ်။ အလုပ်ကောင်းနေတဲ့အတွက်ဝင်ငွေလဲကောင်းနေတတ်ပါတယ်။ သူတစ်ပါးရဲ့ အကူအညီများစွာရလာနိုင်ပါတယ်။

ပြောင်းရွေ့လို့မရသောဥယျာဉ်၊ခြံ၊မြေ၊လယ်များ ဝယ်ယူလို့ကောင်းတဲ့ နေ့ရက် တွေ ပါပဲ။ စန််းအား ကောင်းနေတဲ့နေ့ရက်တွေပါပဲ။ ချစ်သူရည်စားမရှိသူများ ချစ်သူရည်းစားအလွန်ပဲရ လွယ်နေ တတ်ပါတယ်။ အလုပ်နဲ့ပက်သက်ပြီး ကိုယ်ပိုင်အလုပ်များကတော့ နားလည်တတ်ကျွမ်းသူတွေရဲ့နည်းပေးလမ်းပြ လုပ်ကိုင်မှုကြောင့်အဆင်ပြေပါလိမ့်မယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်ကျန်းမာရေးအတွက်အနည်း ငယ်ပူပန်နေရတတ်ပါတယ်။ ပညာရေးကံကတော့ အလွန်ကောင်းနေတာတွေ့ရပါတယ်။

အကျိုးပေးဂဏန်း 9/2/6

အထူးဟော စိတ်ချမ်းသာမဲ့ကာလပါ။

ယတြာ လာဘ်ဦးလက်ဖျားငွေကို မိမိကြိုက်နှစ်သက်ရာဒါနတစ်ခုခုလုပ်လိုက်ပါ။

တနင်္လာ

ငွေကုန်လူပန်းဖြစ်ရတတ်ပါတယ်။ လုပ်တော့လုပ်လိုက်တာပဲ။အလွဲကြီးဆိုတာမျိုးဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလိုကာလမျိုး အရေးကြီးကိစ္စလဲဖြစ်မယ်…မိမိကိုယ်တိုင်ကနားလည်တတ်ကျွမ်းမှုလဲမရှိဘူးဆိုရင်တော့ သူများဆီကအကြံဉာဏ်ယူပြီးမှလုပ်သွားစေချင်ပါတယ်။

အချစ်ရေးကိစ္စတွေမှာ မိမိကိုယ်တိုင်သဘောထားကြီးနိုင် မှသာယာနိုင်တာကိုတွေ့ရပါတယ်။ ငွေကြေးနဲ့ပက်သက်ပြီး မလိုအပ်ဘဲငွေထုတ်မသုံးဖို့တိုက်တွန်းချင်ပါတယ်။ ကံ ကောင်းတာကမိမိကို ဉာဏ်အား၊ကိုယ်အားနဲ့ကူညီပေးမဲ့သူတွေရှိနေတတ်တာပါပဲ။

လူငယ်များကတော့ လုပ်ငန်းခွင်မှုစည်းကမ်းတင်းလွန်းတယ်လို့ထင်နေမိတတ်ပါတယ်။ဒါကြောင့်အလုပ်မှာမပျော်သလိုခံစားရတတ်ပါတယ်။ ကျန်းမာရေးကတော့ ထင်ထားသည်ထက် ပိုမိုကောင်းမွန်နေပါလိမ့်မယ်။ စိတ်ပင်ပန်းပေမဲ့ ကိုယ်မနွမ်းတာ ကိိုတော့တွေ့ရပါတယ်။

ငွေကြေးချေးငှားခြငး်၊ ကြွေးတောင်းခြင်း၊ ငွေပေး၊ငွေယူခြင်း၊အာမခံ ခြင်းများစတဲ့ ငွေကြေးနဲ့ပက်သက်တဲ့ ကိစ္စအဝဝက အခက်အခဲများတတ်ပါတယ်။ အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ပညာရေး ကတော့ အခက်အခဲများနေတတ်ပါတယ်ဗျာ။

အကျိုးပေးဂဏန်း 2/1/5

အထူးဟော ကံအားနည်းနေချိန်ပါပဲ။

ယတြာ ငွေ၂ဝဝကို ပံ့သကူပစ်ပါ။

အင်္ဂါ

ဒီကာလအတွင်း တွေဝေဒွိဟဖြစ်စရာတွေများနေတတ်ပါတယ်။ ဟိုဟာလုပ်ရနိုး၊ဒီဟာလုပ်ရနိုးနဲ့ဖြစ်နေ တတ်ပါတယ်။ မိဘတွေရဲ့ကျန်းမာရေးကိုလဲ အထူးဂရုစိုက်လိုက်ပါ။မိမိရဲ့စိတ်ကူးအယူအဆတွေက ဒီကာလမှာ ရေရှည်အတွက်မကောင်းတဲ့အတွေးစိတ်ကူးတွေဖြစ်နေရတတ်ပါတယ်။

အချစ်ရေးကိစ္စတွေမှာတော့ ချစ်သူနှစ်ဦး ကြးအနှောက်အယှက်တွေဝင်လာတတ်ပါတယ်။ မင်္ဂလာစကားပြောခြင်းတွေ၊နားဖောက်ခြင်းတွေဒီကာလမှာတတ် နိုင်သလောက်တော့ရှောင်လိုက်ပါ။ စက်တွေကားတွေကို သတိကြီးစွာမောင်းပါ။ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ကိုလိုက်နာဆောင်ရွက်ပါ။

ကျန်းမာရေးကတော့အကောင်းဘက်ကိုအလေးသာပါတယ်။ ဒါပေမဲ့ထိခိုက်ရှနာဆိုတာ မျိုး၊သွေးထွက်သံယိုဆိုတာမျိုးတွေဖြစ်လွယ်ပါတယ်။ ဒီကာလတွေမှာ ငွေကြေးနဲ့ပက်သက်ပြီးတော့ သူများငွေတွေ အဖွဲ့အစည်းကငွေတွေလက်မခံပါနဲ့။ လာဘ်ပိတ်သွားတတ်ပါတယ်။

အချစ်ရေးမှာတော့ ချစ်သူကမိမိ မဟုတ်တဲ့တစ်စိမ်း တစ်ရံတွေနဲ့ အချိန်ကုန်နေတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အနည်းငယ်ကတောက် ကဆ ဖြစ်ရုံကလွဲပြီး တော့ အရမ်းဆိုးနေတာမျိုးတော့မတွေ့ပါဘူး။ပညာယူလို့ ခက်ခဲတဲ့နေ့ရက်တွေပါပဲ။

အကျိုးပေးဂဏန်း 5/3/6

အထူးဟော ကံသင့်ပါတယ်။

ယတြာ ခရေပန်း/ခရေညွှန့်ဘုရားကပ်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်းစီစဉ်ထားတဲ့အတိုင်း နေသားတကျဖြစ်လာတတ်ပါတယ်။ဒါကြောင့်ပဲမိမိလုပ်ချင်တာတွေ ကိုတွန်းပြီးလုပ်သွားနိုင်ပါလိမ့်မယ်။ စိတ်ချမ်းသာမှု၊ပျော်ရွှင်မှုတွေကိုခံစားရပါလိမ့်မယ်။လုပ်ငန်းခွင်မှာလဲလုပ်ဖော် ကိုင်ဖက်တွေရဲ့ပျော်ပျော်ပါးပါးလုပ်ကို်င်နိုင်မဲ့ကာလတွေလဲဖြစ်ပါတယ်။

မိတ်ဆွေသစ်တွေတိုးပါလိမ့်မယ်။ ကိုယ်ပိုင် စီးပွားများနှစ်ဆတိုးတတ်နိုင်တဲ့ကာလမျိုးပါပဲ၊ မိမိလုပ်ငန်းအတွက်လိုအပ်ချက်လေးကို ပြောပြကူညီမဲ့သူတွေရှိလာ တတ်ပါတယ်။ လုပ်ငန်းအတွက် လိုအပ်တဲ့အရင်းအနှီးတွေရလာတတ်ပါတယ်။ကောင်းသောစိတ်ကူးတွေ၊ကောင်း သောအတွေးတွေမိမိဆီမှာရှိနေတတ်ပါတယ်။

အလှူအတန်းကိစ္စများမှာပါဝင်ပက်သက်ခွင့်တွေရလာတတ်ပါတယ် ။ ကျန်းမာရေးအတွက်တော့ အနည်းငယ်စိတ်ပူပန်ရတတ်ပါတယ်။ အစားအသောက်မှားတာမျိုးတွေကြောင့်လဲ ကျန်းမာရေးကိုအားနည်းသွားစေတတ်ပါတယ်။ အလှအပနှင့်ပက်သက် သောအလုပ်များ၊ဝန်ဆောင်မှုနဲ့ပက်သက် သောအလုပ်များ အထူးကောင်းပါတယ်။

အချစ်ရေးမှာတော့ ချစ်သူအတွက်ပူပန်ရတတ်ပါတယ်။ အိမ်ထောင်ရေး အိမ်တွင်းရေးအလွန်သာယာချမ်းမြေ့ပါတယ်။ပညာရေးမှာကြိုးစားသမျှအရာထင်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 5/6/2

အထူးဟော အလုပ်စီးပွားကောင်းနေမည်။

ယတြာ မွေးနံထောင့်မှာဘုရားရှင်အားရေသပ္ပာယ်ပါ။

ကြာသပတေး

ဒီကာလအတွင်း ခရီးတိုလေးတွေများရတတ်ပါတယ်။ စိတ်နဲ့ကိုယ်နဲ့မကပ်တာမျိုးလဲဖြစ်တတ်ပါတယ်။ လူငယ်ဆိုရင်တော့ လူကြီးမိဘတွေရဲ့ဆိုဆုံးမတာကို မိမိကိုအပြစ်တင်တယ်လို့ထင်နေမိတတ်ပါတယ်။ မလိုအပ်ဘဲ ငွေသုံးမိတာကြောင့် ငွေကုန်ကြေးကျများရတတ်ပါတယ်။

ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အလွန်သတိထား သင့်တယ်ဗျ။ ရေချိုးဆင်ခြင်ပါ။ ရေချိုးမှားပြီးရောဂါဖြစ်ရတတ်ပါတယ်။ လက်ကားစီးပွားရေးများရင်းနှီးမြုပ်နှံမှုတွေ များပြီး ငွေမြုပ်သွားတတ်ပါတယ်။ ငွေမြန်မြန်ပေါ်မဲ့ အလုပ်တွေကိုဦးစားပေးသင့်ပါတယ်။

ဘုရားဖူးထွက်ရတာမျိုး ၊အလှူအတန််းကြောင့်အဝေးသွားရတာမျိုးတွေလဲကြုံရတတ်ပါတယ်။ သူများငွေ ကြောင့်ဒုက္ခရောက်ရတတ်ပါ တယ်။ အာမလုံးဝမခံပါနဲ့။ကိုယ်ပိုင်စီးပွားသစ်များစတင်လို့မကောင်းသေးပါဘူး။ စာမေးပွဲကိစ္စ၊အင်တာဗျူးကိစ္စတွေ ရှောင်သင့်တဲ့ကာလမျိုးပါပဲ။

လုပ်ဖော်ကိုင်ဖက်တွေရဲ့ အကူအညီမရဘဲ မိမိဘာသာ လုပ်ကိုင်ဆောင် ရွက်နေရတတ်ပါတယ်။ အချစ်ရေးမှာအလုပ်တွေကြောင့် ချစ်သူနဲ့ဆုံချိန်နည်းနေတတ်ပါတယ်။ ပညာရေးမှာတော့ ကြိုးစားသမျှအရာမထင် ဖြစ်ရတတ်ပါတယ်။ အိမ်ထောင်ရေး သာယာပျော်ရွှင်ရပါလိမ့်မယ်။

အကျိုးပေးဂဏန်း 7/4/1

အထူးဟော အလုပ်ရှုပ်နေပါလိမ့်မယ်။

ယတြာ ဖိနပ်တစ်ရံ ရဟန်းတစ်ပါးကိုလှူဒါန်းပါ။

သောကြာ

ဒီကာလအတွင်း သူတစ်ပါးတွေကိုများစွာကူညီပေးရတတ်ပါတယ်။ လုပ်ငန်းခွင်မှာလဲ မိမိအလုပ်အပြင်သူ တစ်ပါးအလုပ်တွေကိုပါကူညီပေးနေရတတ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတွေလဲ အလုပ်ပင်ပန်းပေမဲ့အကျိုးအမြတ် တော့ကြီးပါလိမ့်မယ်။ဝန်ထမ်းများ အချိန်ပိုဆိုတာမျိုးတွေဆင်းနေရတတ်ပါတယ်။

နှုတ်ကတိဖြစ်စေ၊စာချုပ်နဲ့ ကတိ ထားတာမျိုးဖြစ်စေ ဒီကာလမှာတတ်နိုင်သလောက်ရှောင်လိုက်ပါ။ အရေးကြီးတဲ့ခရီးမျိုးတွေ ဒီကာလမှာစီစဉ်ပြီး ကာမှပျက်ရတတ်ပါတယ်။ ကိုယ်ပိုင်ငွေသုံးစွဲမှုများလဲ စနစ်ကျဖို့လိုပါ တယ်။မိမိက လုပ်ငန်းခွင်တာဝန်ကြီးကြီး ယူထားသူဆို အရေးကြီးတဲ့ကိစ္စများကို ဆုံးဖြတ်ချက်ချနေရပါ လိမ့်မယ်။

ကျန်းမာရေးလဲ အရင်က ထက်ပိုဂရုစိုက်ပါ။ ရောဂါကြီးကြီးမားမားမရှိပေမဲ့ ပန်းဖျားဖျားတာမျိုးတွေ ကြုံရ တတ်ပါ တယ်။ ငွေရှာလို့လွယ်ကူ နေတတ်ပါတယ်။ စုတတ်ဆောင်းတတ်ဖို့တော့လိုအပ်ပါတယ်။အချစ်ရေးကတော့ ဒီကာလဟာမိမိအတွက် စိတ် အပန်းဖြေစရာဖြစ်နေပါလိမ့်မယ်။

အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်က မိမိအလုပ်ကိုတတ်နိုင်သ၍ကူညီ ပေးပါလိမ့်မယ်။ ပညာရေးကံကတော့ ထင်သလောက်အားမရပါဘူးဗျ။

အကျိုးပေးဂဏန်း 1/5/2

အထူးဟော ကျန်းမာရေးထိခိုက်အောင်အလုပ်မလုပ်ပါနဲ့။

ယတြာ မွေးနေ့နံနက် ဆိုင်ဖျော်လက်ဖက်ရည်လေးဘုရားကပ်လှူလိုက်ပါ။

စနေ

မိမိဖြစ်ချင်တာနဲ့ဖြစ်နေတာတစ်ထပ်တည်းကျနေတတ်ပါတယ်။ ဒါကြောင့် ပဲမိမိစိတ်ကူးထားတာလေးတွေ ပြည့်ဝရတတ်ပါတယ်။ ငွေကြေးနဲ့့ပက်သက်ပြီးတော့လဲ ရစရာရှိတာလေးတွေရလာတတ်ပါတယ်။ မြုပ်နေတဲ့ငွေ တွေပြန်ပေါ်မယ်ဆိုရင်လဲမမှားပါဘူး။ တစိမ်းတွေ၊လူမျိုးခြားတွေရဲ့အကူအညီတွေရတတ်ပါတယ်။

တပည့်သားချင်း တွေကလာရောက်ကန်တော့ထောက်ပံ့တာမျိုးတွေလဲ ရတတ်ပါတယ်။ အလုပ်နဲ့ပက်သက်ရင် ရေရှည်အတွက်ချိန် ဆပြီးလုပ်လေအောင်မြင်လေပါပဲ။ ငွေကြေးနဲ့ပက်သက်ရင်ကံကြောင့်ပေးတဲ့ငွေမျိုး ရတတ်ပါတယ်။ ဒါကြောင့် ထီ ကံစမ်းတာမျိုးတွေလုပ်စေချင်ပါတယ်။ အတိတ်က အခက််အခဲတွေကို အဆင်ပြေ အောင်ဖြေရှင်းသွား နိုင်ပါလိမ့်မယ်။

စိတ်ပျက်ပြီးလက်လျော့ထားတဲ့အလုပ်တွေကို ပြန်လည်လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေရ တတ်ပါတယ်။ ကြိုးစားထားသမျှအရာထင်ရုပ်လုံးပေါ်လာပါလိမ့်မယ်။ ကျန်းမာရေးကတော့ ဒီအပတ်ထဲ အရမ်းကြီး ဆိုးနေတာမျိုးမတွေ့ပါဘူး။ အချစ်ရေးမှာတော့ onlineကနေ ချစ်သူရတတ်ပါတယ်။

အိမ်ထောင်ရေးအခက်အခဲမရှိ သာယာတတ်ပါတယ်။ ပညာရေးကြိုးစားလို့ကောင်းပါတယ်။ ကံကလဲပေးနေပါတယ်။

အကျိုးပေးဂဏန်း 1/5/4

အထူးဟော ကံမြင့်နေမည်။

ယတြာ ရွှေထီး၅လက်ဘုရားကပ်လှူပေးပါ။

ရရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ…..။ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )viber only -09775555695