အ​မော​ဖောက်​လာတဲ့အတွက်​ အ​ရေး​ပေါ်​ဆေးကုသမှုခံယူနေရတဲ့ ကစ်ကစ်….

အနုပညာကဏ်ဍ







UNICODE

ဟာသသရုပ်ဆောင်မကစ်ကစ်အရေးပေါ်ဆေးရုံထပ်တင်ထားရပါတယ်…ကျွန်တော်ကဘန်ကောက်ရောက်နေတဲ့အတွက်အနီးကပ်ဘာမှမကူညီနိုင်လို့ဝိုင်းဝန်းကူညီပေးကြပါဦးခင်ဗျာ…

အခြေနေကတော့အဆုပ်ထဲရေတွေထပ်ဝင်နေုပြီးအမောဖောက်နေပါတယ်…ပင်လုံဆေးရုံမှတဆင့် သင်္ဃန်းကျွန်းဆေးရုံ သင်္ဃန်းကျွန်းဆေးရုံမှတဆင့် ရန်ကုန်အရေးပေါ်ဆေးရုံကြီးမှာတင်ထားရပါတယ်…

ခါးကနေရေဖောက်ပေးပေမယ့်ရေနဲ့သွေးတွေကရောနေပြီး ဆရာဝန်ပြောပြချက်အရ အတွင်းကပျက်စီးနေပြီဖြစ်တာကြောင့် လူနာကိုပိုပြီးဂရုစိုက်ရမယ်ဆိုတဲ့အကြောင်း အချိန်မရွေး အသက်အန္တရာယ်စိုးရိမ်ရတယ်ဆိုတဲ့အကြောင်းပြောထားပါတယ်…

အနုပညာမောင်နှချင်း ကျွန်တော်ရှိတဲ့အချိန်မှာအသက်ကယ်နိုင်ပေမယ့် ကျွန်တော်ကဘန်ကောက်မှာကြာမှာ မို့ စိတ်မကောင်းဖြစ်ရပါတယ်…အဝေးကနေကျွန်တော်လုပ်ပေးနိုင်တာကပရဟိတညီအစ်ကိုမောင်နှမတွေ ကူညီပေးကြဖို့မေတ္တာရပ်ခံပေးရုံရှိပါတော့တယ်ဗျာ…

ကြိုတင်တောင်းပန်ပါရစေ…ကျွန်တော်တင်တဲ့Post အောက်မှာ အနုပညာရှင်မင်းသားမင်းသမီးတွေကို ပုတ်ခတ်စော်ကားတဲ့စကားလုံးတွေမရေးကြပါနဲ့ခင်ဗျ.ကုသိုလ်ပဲယူကြပါ…အကုသိုလ်ကိုမယူုကြပါနဲ့…

တေးရေးမင်းကို ( ခ) မင်းခေတ်မင်း အနုပညာသစ်ပြတိုက်ဖောင်ဒေရှင်း 1.5 .2019