ေတာင္ႀကီးၿမိဳ႕(၄)ေလာင္းၿပိဳင္လူသတ္မႈတရားခံမိျပီ…

ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕၊ ကန္သာယာရပ္ကြက္၊ မဂၤလာလမ္း၊ အမွတ္(၁၁၈)ေန ေဒၚေအးေရႊ ၇၀ႏွစ္၊ ရွမ္း/ဗုဒၶ (ျမင္းျဖဴႏွစ္ေကာင္တိုင္းရင္းေဆးတိုက္ပိုင္ရွင္)၊ (ဖ)ဦးအန္ပန္သည္ ပင္လုံၿမိဳ႕၊ ကမၼဌာန္းေက်ာင္းတိုက္ ဆြမ္းကပ္လႉပြဲသို႔ သြားေရာက္ၿပီး ၂၈-၄-၂၀၁၉ ရက္ေန႔ နံနက္ပိုင္း ေနအိမ္သို႔ ျပန္ေရာက္စဥ္ …..

ေနအိမ္အဝင္ေပါက္ ကားဂိုေဒါင္ေအာက္တြင္ သားမက္ျဖစ္သူ စိုင္းေဆမြန္(ခ)ေဆမြန္အား လည္းေကာင္း၊ ေနအိမ္အေပၚထပ္ ယာဘက္အခန္းအတြင္း သမီးျဖစ္သူ မနန္းခမ္းလွိုင္ႏွင့္ ေျမးျဖစ္သူ စိုင္းဖဖ တို႔အား လည္းေကာင္း၊ ဝဲဘက္အခန္းအတြင္း၌ အိမ္ေဖာ္ ျဖစ္သူ မေအးမိုးအား လည္းေကာင္း၊

ျပင္ပဒဏ္ရာအသီးသီးျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိရၿပီး ေနအိမ္ရွိ ေရႊထည္ပစၥည္းမ်ိဳးစုံ (၁၅)မ်ိဳး၊ ေငြက်ပ္သိန္း (၄၀)အပါအဝင္ စုစုေပါင္းတန္ဖိုး က်ပ္(၁၅၅၇) သိန္းခန္႔ ေပ်ာက္ဆုံးေနသျဖင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား စုံစမ္းေဖာ္ထုတ္အေရးယူေပးရန္ တိုင္ၾကား ခဲ့၍ ေတာင္ႀကီးၿမိဳ႕မရဲစခန္း (ပ)၇၉၃/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၂/၃၉၄ ျဖင့္ အမႈေရးဖြင့္ ေဆာင္ရြက္ခဲ့ပါသည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္နိုင္ေရး စိစစ္စုံစမ္း စစ္ေဆးခဲ့ရာ တာဝန္သိ ျပည္သူတစ္ဦး၏ သတင္းေပးပို႔ခ်က္အရ မသကၤာသူကို သတင္းကြင္းဆက္ ရရွိၿပီး အခင္းျဖစ္အရပ္၌က်န္ရွိသည့္ သဲလြန္စပစၥည္းမ်ားႏွင့္ဆက္စပ္အတည္ျပဳေဖာ္ထုတ္ခ်က္အရ ၂၉-၄-၂၀၁၉ ရက္ေန႔ နံနက္ (၇)နာရီအခ်ိန္တြင္ …..

တရားခံ တင္အုန္း(ခ)အိုက္အုံးအား ေက်ာက္မဲ ၿမိဳ႕နယ္၊ အထက္ျမင္းကြင္းေက်းရြာရွိ ၎၏ ေနအိမ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ အစစ္ခံေဖာ္ထုတ္ ခ်က္အရ အမႈမွ သက္ေသခံ ေရႊထည္ပစၥည္းမ်ိဳးစုံ (၁)ပိႆာနီးပါးခန္႔ႏွင့္ ေငြ(၇)သိန္း(၂)ေသာင္းက်ပ္ တို႔ကို ၎၏ ေနအိမ္မွ ၁-၅-၂၀၁၉ ရက္ေန႔တြင္ အထူးအမႈစစ္အဖြဲ႕မွ ရွာေဖြေဖာ္ထုတ္သိမ္းဆည္း နိုင္ခဲ့ပါသည္။

ကနဦးစစ္ေၾကာခ်က္အရ တရားခံ တင္အုန္း(ခ)အိုက္အုံးသည္ မူးယစ္ေဆးဝါးစြဲေနသူ တစ္ဦး ျဖစ္ၿပီး ျမင္းျဖဴႏွစ္ေကာင္တိုင္းရင္းေဆးတိုက္ပိုင္ရွင္ ေဒၚေအးေရႊႏွင့္ ေမာင္ႏွမဝမ္းကြဲေတာ္စပ္ေၾကာင္း၊ ေဒၚေအးေရႊ၏ ခင္ပြန္းမွာလည္း ကြယ္လြန္သြားၿပီျဖစ္ၿပီး ၎တို႔၏ဇနီးေမာင္ႏွံမွာ သားသမီးထြန္းကားမႈ မရွိဘဲ တင္အုန္း(ခ)အိုက္အုံး၏ ပထမအိမ္ေထာင္ႏွင့္ရရွိထားသူ စိုင္းဝင္းေမာင္အား ေမြးစားထားခဲ့ ေၾကာင္း၊

လက္ရွိအခ်ိန္တြင္ စိုင္းဝင္းေမာင္သည္ အိမ္ေထာင္က်ကာ အိမ္ခြဲ၍သီးျခားေနထိုင္ေၾကာင္း၊ ထို႔ျပင္ ေဒၚေအးေရႊက ယခုေသဆုံးသူ မနန္းခမ္းလွိုင္ကိုလည္း လြန္ခဲ့ေသာ ႏွစ္(၂၀)ေက်ာ္ခန္႔က သမီးအျဖစ္ ထပ္မံေမြးစားခဲ့ေၾကာင္း၊ မနန္းခမ္းလွိုင္မွာ ေဒၚေအးေရႊႏွင့္အတူေနထိုင္ၿပီး ေဆးတိုက္ လုပ္ငန္းကိုလည္းကိုယ္တိုင္ဦးစီးလုပ္ကိုင္ေနသူျဖစ္သျဖင့္ ေမြးစားမိခင္ႏွင့္အတူ အေနနီးစပ္ေၾကာင္း …..

သို႔ျဖစ္၍ အေမြခြဲမႈမ်ားရွိလာပါက တရားခံ၏ သား အေမြအရနည္းမည္ကို စိုးရိမ္မႈ၊ မိမိ၏ ေငြေၾကး လိုအပ္မႈမ်ားကို အေျခခံကာ အျခားသူႏွင့္အတူ ပူးေပါင္း၍ ၎မွ အဓိကစီမံဦးေဆာင္ႀကိဳးကိုင္ၿပီး ေသဆုံးသူ မိသားစုအား သတ္ျဖတ္ခဲ့ေၾကာင္း သိရွိရပါသည္။

ျမန္မာနိုင္ငံရဲတပ္ဖြဲ႕အေနျဖင့္ က်န္တရားခံအား ဆက္လက္ဖမ္းဆီးရမိေရး၊ က်န္ရွိသက္ေသခံ ပစၥည္းမ်ားထပ္မံသိမ္းဆည္းရရွိေရး ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။ ရဲဇာနည္

unicode

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကန်သာယာရပ်ကွက်၊ မင်္ဂလာလမ်း၊ အမှတ်(၁၁၈)နေ ဒေါ်အေးရွှေ ရဝနှစ်၊ ရှမ်း/ဗုဒ္ဓ (မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင်)၊ (ဖ)ဦးအန်ပန်သည် ပင်လုံမြို့၊ ကမ္မဌာန်းကျောင်းတိုက် ဆွမ်းကပ်လှူပွဲသို့ သွားရောက်ပြီး ၂၈-၄-၂၀၁၉ ရက်နေ့ နံနက်ပိုင်း နေအိမ်သို့ ပြန်ရောက်စဉ် …..

နေအိမ်အဝင်ပေါက် ကားဂိုဒေါင်အောက်တွင် သားမက်ဖြစ်သူ စိုင်းဆေမွန်(ခ)ဆေမွန်အား လည်းကောင်း၊ နေအိမ်အပေါ်ထပ် ယာဘက်အခန်းအတွင်း သမီးဖြစ်သူ မနန်းခမ်းလှိုင်နှင့် မြေးဖြစ်သူ စိုင်းဖဖ တို့အား လည်းကောင်း၊ ဝဲဘက်အခန်းအတွင်း၌ အိမ်ဖော် ဖြစ်သူ မအေးမိုးအား လည်းကောင်း၊

ပြင်ပဒဏ်ရာအသီးသီးဖြင့် သေဆုံးနေသည်ကို တွေ့ရှိရပြီး နေအိမ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ (၁၅)မျိုး၊ ငွေကျပ်သိန်း (၄၀)အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်(၁၅၅၇) သိန်းခန့် ပျောက်ဆုံးနေသဖြင့် ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် တိုင်ကြား ခဲ့၍ တောင်ကြီးမြို့မရဲစခန်း (ပ)၇၉၃/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄ ဖြင့် အမှုရေးဖွင့် ဆောင်ရွက်ခဲ့ပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်နိုင်ရေး စိစစ်စုံစမ်း စစ်ဆေးခဲ့ရာ တာဝန်သိ ပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ မသင်္ကာသူကို သတင်းကွင်းဆက် ရရှိပြီး အခင်းဖြစ်အရပ်၌ကျန်ရှိသည့် သဲလွန်စပစ္စည်းများနှင့်ဆက်စပ်အတည်ပြုဖော်ထုတ်ချက်အရ ၂၉-၄-၂၀၁၉ ရက်နေ့ နံနက် (၇)နာရီအချိန်တွင် …..

တရားခံ တင်အုန်း(ခ)အိုက်အုံးအား ကျောက်မဲ မြို့နယ်၊ အထက်မြင်းကွင်းကျေးရွာရှိ ၎င်း၏ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း၊ အစစ်ခံဖော်ထုတ် ချက်အရ အမှုမှ သက်သေခံ ရွှေထည်ပစ္စည်းမျိုးစုံ (၁)ပိဿာနီးပါးခန့်နှင့် ငွေ(၇)သိန်း(၂)သောင်းကျပ် တို့ကို ၎င်း၏ နေအိမ်မှ ၁-၅-၂၀၁၉ ရက်နေ့တွင် အထူးအမှုစစ်အဖွဲ့မှ ရှာဖွေဖော်ထုတ်သိမ်းဆည်း နိုင်ခဲ့ပါသည်။

ကနဦးစစ်ကြောချက်အရ တရားခံ တင်အုန်း(ခ)အိုက်အုံးသည် မူးယစ်ဆေးဝါးစွဲနေသူ တစ်ဦး ဖြစ်ပြီး မြင်းဖြူနှစ်ကောင်တိုင်းရင်းဆေးတိုက်ပိုင်ရှင် ဒေါ်အေးရွှေနှင့် မောင်နှမဝမ်းကွဲတော်စပ်ကြောင်း၊ ဒေါ်အေးရွှေ၏ ခင်ပွန်းမှာလည်း ကွယ်လွန်သွားပြီဖြစ်ပြီး ၎င်းတို့၏ဇနီးမောင်နှံမှာ သားသမီးထွန်းကားမှု မရှိဘဲ တင်အုန်း(ခ)အိုက်အုံး၏ ပထမအိမ်ထောင်နှင့်ရရှိထားသူ စိုင်းဝင်းမောင်အား မွေးစားထားခဲ့ ကြောင်း၊

လက်ရှိအချိန်တွင် စိုင်းဝင်းမောင်သည် အိမ်ထောင်ကျကာ အိမ်ခွဲ၍သီးခြားနေထိုင်ကြောင်း၊ ထို့ပြင် ဒေါ်အေးရွှေက ယခုသေဆုံးသူ မနန်းခမ်းလှိုင်ကိုလည်း လွန်ခဲ့သော နှစ်(၂၀)ကျော်ခန့်က သမီးအဖြစ် ထပ်မံမွေးစားခဲ့ကြောင်း၊ မနန်းခမ်းလှိုင်မှာ ဒေါ်အေးရွှေနှင့်အတူနေထိုင်ပြီး ဆေးတိုက် လုပ်ငန်းကိုလည်းကိုယ်တိုင်ဦးစီးလုပ်ကိုင်နေသူဖြစ်သဖြင့် မွေးစားမိခင်နှင့်အတူ အနေနီးစပ်ကြောင်း …..

သို့ဖြစ်၍ အမွေခွဲမှုများရှိလာပါက တရားခံ၏ သား အမွေအရနည်းမည်ကို စိုးရိမ်မှု၊ မိမိ၏ ငွေကြေး လိုအပ်မှုများကို အခြေခံကာ အခြားသူနှင့်အတူ ပူးပေါင်း၍ ၎င်းမှ အဓိကစီမံဦးဆောင်ကြိုးကိုင်ပြီး သေဆုံးသူ မိသားစုအား သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ကျန်တရားခံအား ဆက်လက်ဖမ်းဆီးရမိရေး၊ ကျန်ရှိသက်သေခံ ပစ္စည်းများထပ်မံသိမ်းဆည်းရရှိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ရဲဇာနည်