ပရိသတ္ေတြကို မခြဲခ်င္ေသးဘူးလို႕ ဝမ္းနည္းဖြယ္ဆိုလာတဲ့ မိန္းမေခ်ာ…

အနုပညာကဏ္ဍ

MRTV 4 ရုပ္သံလိုင္းမွာ ည(၈)နာရီေက်ာ္ဆိုတာနဲ့ ပရိသတ္ေတြ ေစာင့္ေမွ်ာ္ျကည့္ရႈရတဲ့ “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲထဲက အဓိက ပဲ့ကိုင္ရွင္ မိန္းမေခ်ာ လို့ေခၚတဲ့ သရုပ္ေဆာင္ သံသာမိုးသိမ့္က သူမရဲ့ ေျပာင္ေျမာက္လွတဲ့ သရုပ္ေဆာင္စြမ္းရည္ေျကာင့္ ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္မႈကို အခိုင္အမာ ရရိွထားသူေလး တစ္ဦးျဖစ္ပါတယ္။

သံသာမိုးသိမ့္ရဲ့ ေျပာင္ေျမာက္လြန္းတဲ့ ဗီလိန္ကာရိုက္တာက ပရိသတ္ေတြျကား ေျပာစမွတ္တြင္ျပီး အသိအမွတ္ျပုခံေနရတာပဲ ျဖစ္ပါတယ္။

ဒီေန့ကေတာ့ ပရိသတ္ေတြ ျကိုက္နွစ္သက္စြာ ညတိုင္းေစာင့္ျကည့္ခဲ့ရတဲ့ “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲ ဇာတ္သိမ္းေတာ့မယ့္ ေန့ပဲ ျဖစ္ပါတယ္။ “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲ က အပိုင္း(၁) ကတည္းက ပရိသတ္ေတြရဲ့ အားေပးေစာင့္ျကည့္ျခင္းခံခဲ့ရျပီး ဒီကေန့ အပိုင္း(၄၃) မွာ ဇာတ္သိမ္းမွာ ျဖစ္ပါတယ္။

“ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲရဲ့ အဓိက ပဲ့ကိုင္ရွင္တစ္ဦးျဖစ္တဲ့ မိန္းမေခ်ာကေတာ့ ဒီညဇာတ္သိမ္းပိုင္းမွာ ခ်စ္ရတဲ့ ပရိသတ္ေတြနဲ့ နႈတ္ဆက္ခြဲခြာရမွာမို့ ေတာ္ေတာ္ေလး စိတ္မေကာင္းျဖစ္ေနတဲ့ ပံုပါပဲ။

သံသာမိုးသိမ့္က “ေအာ္ ဒီေန႔ 😓 မခြဲခ်င္ပါဘူးကြာ တကယ္ပါ” ဆိုျပီး သူမရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာမွာ ဝမ္းနည္းစြာ မွ်ေဝထားပါတယ္။ ပရိသတ္ေတြကလဲ စိတ္မေကာင္းျဖစ္ေနေျကာင္း အသီးသီး ေျပာထားျကတာကို ေတြ့ရပါတယ္။

“ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲကေတာ့ ဇာတ္သိမ္းပိုင္းမွာ ဘာေတြဆက္ျဖစ္မလဲဆိုတာ စိတ္ဝင္စားစရာပဲေနာ္။ “ကၽြန္မက မေဟသီ” ဇာတ္လမ္းတြဲျကီးက ျပီးဆံုးသြားေပမယ့္ ပရိသတ္ေတြက ထိုထဲက ဇာတ္ေကာင္ေတြကို ေမ့သြားမွာ မဟုတ္ပါဘူး။မုိမိုေလး

unicode

MRTV 4 ရုပ်သံလိုင်းမှာ ည(၈)နာရီကျော်ဆိုတာနဲ့ ပရိသတ်တွေ စောင့်မျှော်ကြည့်ရှုရတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲထဲက အဓိက ပဲ့ကိုင်ရှင် မိန်းမချော လို့ခေါ်တဲ့ သရုပ်ဆောင် သံသာမိုးသိမ့်က သူမရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားသူလေး တစ်ဦးဖြစ်ပါတယ်။

သံသာမိုးသိမ့်ရဲ့ ပြောင်မြောက်လွန်းတဲ့ ဗီလိန်ကာရိုက်တာက ပရိသတ်တွေကြား ပြောစမှတ်တွင်ပြီး အသိအမှတ်ပြုခံနေရတာပဲ ဖြစ်ပါတယ်။

ဒီနေ့ကတော့ ပရိသတ်တွေ ကြိုက်နှစ်သက်စွာ ညတိုင်းစောင့်ကြည့်ခဲ့ရတဲ့ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲ ဇာတ်သိမ်းတော့မယ့် နေ့ပဲ ဖြစ်ပါတယ်။ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲ က အပိုင်း(၁) ကတည်းက ပရိသတ်တွေရဲ့ အားပေးစောင့်ကြည့်ခြင်းခံခဲ့ရပြီး ဒီကနေ့ အပိုင်း(၄၃) မှာ ဇာတ်သိမ်းမှာ ဖြစ်ပါတယ်။

“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲရဲ့ အဓိက ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ မိန်းမချောကတော့ ဒီညဇာတ်သိမ်းပိုင်းမှာ ချစ်ရတဲ့ ပရိသတ်တွေနဲ့ နှုတ်ဆက်ခွဲခွာရမှာမို့ တော်တော်လေး စိတ်မကောင်းဖြစ်နေတဲ့ ပုံပါပဲ။

သံသာမိုးသိမ့်က “အော် ဒီနေ့ 😓 မခွဲချင်ပါဘူးကွာ တကယ်ပါ” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ဝမ်းနည်းစွာ မျှဝေထားပါတယ်။ ပရိသတ်တွေကလဲ စိတ်မကောင်းဖြစ်နေကြောင်း အသီးသီး ပြောထားကြတာကို တွေ့ရပါတယ်။

“ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲကတော့ ဇာတ်သိမ်းပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ စိတ်ဝင်စားစရာပဲနော်။ “ကျွန်မက မဟေသီ” ဇာတ်လမ်းတွဲကြီးက ပြီးဆုံးသွားပေမယ့် ပရိသတ်တွေက ထိုထဲက ဇာတ်ကောင်တွေကို မေ့သွားမှာ မဟုတ်ပါဘူး။မိုမိုလေး