ဘဏ်မှာ ငွေသွားထုတ်တော့ အောက်စလွတ်နေတဲ့ကောင်မလေး နဲ့ မျက်နှာချင်းဆိုင် ထိုင်မိသောအခါ….

အောက်စလွတ်နေတဲ့ကောင်မလေး နဲ့ မျက်နှာချင်းဆိုင် ထိုင်မိသောအခါ

တနေ့ကပေါ့…ဘဏ်မှာ ငွေသွားထုတ်တာ မှတ်ပုံတင် ပေးပြီး အလှည့် မရောက်ခင် ခဏ ထိုင်စောင့်နေ ရတယ်။

မျက်နှာချင်းဆိုင် ခုံတန်းမှာ အမျိုးသမီးတွေချည်း ဆိုတော့ တဖက် ခုံတန်းမှာ ဝင်ထိုင် မိတယ်။

ယောက်ျားသား ဆိုလို့ ကျနော် တယောက်တည်း…ခပ်တည်တည်နဲ့ ထိုင်ပြီး ဘာရယ်မဟုတ်ပဲ ရှေ့က အမျိုးသမီးတွေဆီ အကြည့်ရောက်သွားတာ….

အလိုလေး ……ကောင်မလေး တယောက်က လိုင်းသုံးရင်း အောက်စ လွတ်နေတယ်လြေ့ငု့ါပမြ။

ခက်တော့ ခက်ချေပြီ … … မျက်နှာပူလိုက်တာ … ဘယ်လို အသိပေးရပါ့မလဲ။းးးးးး

ကောင်မလေးက ချောချောလှလှလေး….အပြောမတတ်ရင် ကိုယ့်ပါ နှာဗူး ထင်နေအုံးမယ် ။

ဟဲ့ကမလေး … အောက်စလွတ်နေတယ်….အင်းအဲ့လိုပြောလို့လည်း မဖြစ်သေး… … … …

စဉ်းစားစမ်း ကျော်ကြီး… …စဉ်းစားစမ်း… … …

ငယ်ငယ်က ပေါက်တတ်ကရ ဆိုခဲ့ဖူးတာ သွားသတိရမိတယ် …

ဘာတဲ့… အောက်ကပေါ် အမြောက်နဲ့ ဆော် ရန်ကုန်ဗူးသီးကြော……ဟုတ်ပြီ… …“ညီမ”

” ဘာလဲရှင့် ”

” ဟိုလေ … … ရန်ကုန်ဗူးသီးကြော်… ”

” အာ … ကျွတ် … ဘဏ်ထဲလာပြီး ဘာတွေ လာမေးနေတာလဲ”ဖုန်း ဆက်ပွတ်နေ ပြန်တယ် … … ဒွတ်ခပဲ

အဲ … … ဟုတ်ပြီ … သံချပ် … …သံချပ်ထိုးတဲ့စကားလုံး…

တို့ကြီးတော်ကြီး အိပ်လို့ ပျောာ် အမြင်မတော် ဖုံးလိုက် ဖိလို……

ဒါမဆိုးဘူး… …“ညလေး”

“ပြောလေ”

“တို့ကြီးတော်ကြီး အိပ်လို့ ပျော် … … … …”

” ရှင် ဘယ်လို ဖြစ်နေတာလဲ … ”ပြောပြီး ဖုန်းဆက် ပွတ်နေပြန်ရော …

ကတောက်စ်ထ် … … ဟုတ်ပြီ…သူက လိုင်းသုံးနေတာဆို တော့ ဖေ့စ်ဘုတ်မှာ ဘယ်လို သုံးပါလိမ့်။

မေးမေဆိုင်းဘုတ် … ကဲကွာ ” ညလေး ဟွာလေ … ဆိုင်းဘုတ်”

” ရှင်ကတော့လေ …… ဟိုမှာ မတွေ့ဘူးလား”

အေးအေး ဆေးဆေး ဖုန်းဆက် ပွတ်နေပြန်တယ်…….

ပြဿနာပဲ …Pussy လို့ပြောရင်ကော… မထူးပါဘူး… …” ညလေး ပူစီ … …”

” ရှင် ဘယ်လိုဖြစ်နေတာလဲ … ဘဏ်ထဲမှာ ကြောင် ရှိမလားရှင့် ”

” ငှင့် ”….ပြောပြီး ဖုန်းဆက်ပွတ်နေ ပြန်ပါရော… … …ဟာကွာ… မထူးတော့ပါဘူး… …

” ဟွာလေ … ညလေး ကင်မရာ ပွင့်နေတယ် ”

” မပွင့်ပါဘူး… ပိတ်ထား ပါတယ် ”

အဲဒီအချိန်မှာ ငွေထုတ်လို့ရပြီ ဆိုတော့လည်း မပြောမဖြစ် ပြောရတော့တယ်…

” ဒီမယ် ညလေး… ”

” ဘယ်လို ဖြစ်နေတာလဲ … ရှင် ကျမကို အမျိုးမျိေးနှောင့်ယှက်နေတာနော်”

” အစ်ကို စကားတစ်ခွန်းလောက် ပြောချင်တယ်”

” အဟင်း ဟင်း… ခုတွေ့ ခု ရီးစားစကား ပြောမလို့ပေါ့လေ ”

” မဟုတ်ပါ ဘူးကွာ ”

” ဒါဆိုရင် ဘာပြောမလို့လဲ ”

” နင့် ရှေ့က ဖင်ပေါ် နေတယ်လို့ ” ပြောပြီး ပြေးထွက်လာ ခဲ့ရတယ်……..

ရှက်လိုက်တာဂျာ…..။

အဟီး……… Source – Ko Gyi Kyaw