စင္​ကပူ သြားခ်င္တဲ႔ ဘုန္းၾကီးနဲ႔ ကားဆရာေတြ႔ေသာအခါ…

” ဟဲ့ ဒကာ ကား အားလား ”

” တင္ပါ့ အားတယ္ ​ဘုရား ”

” စင္​ကပူ သြားခ်င္​လုိ႔ ”

” မ​ေနာက္​ပါနဲ႔ ဘုရား ”

” ဟ ဘာ​ေနာက္​လုိ႔လဲ စင္​ကပူ သြားမယ္​လုိ႔ ​ေျပာတာ ”

” တင္​းပါ့ ဘုန္​းဘုန္​းက စင္​ကပူ သြားတာ ဟုတ္​ပါတယ္​။တပည္​့​ေတာ္​က ဘယ္​လမ္​းက ​ေမာင္း​ရ မွာလဲ ဘုရား ”

” ဗုိလ္​ခ်ဳပ္​လမ္​း တည္​့တည္​့ ​ေမာင္​း ​ေရာက္​တယ္​​ေလ ကြာ ”

” ဘယ္​ စင္​ကပူကုိ ​ေျပာတာလဲ ဘုရား ”

” ပုဇြန္​​ေတာင္​က စင္​ကပူ ဘုန္​ႀကီး​ေက်ာင္​း ​ေလကြာ ”

” တယ္​လဲ ​ေနာက္​သကုိး ဘုရား သုံး​ေထာင္ ​​ေပးပါ ဘုရား ”

” ​ေအး​ေအး ”

” ဒါနဲ႔ ဘုန္​းဘုန္​း လက္​ထဲက ဘာ အထုတ္​ႀကီးလဲ ဘုရား ”

” ငါး​ေျခာက္​ထုတ္ ​ပါကြာ ”

” ဘယ္​က ျပန္​လာတာ မုိ႔လဲ ”

” LA က ျပန္​ႂကြ လာတာ ”

” ဘယ္​့ႏွယ္​့ LA က ငါး​ေျခာက္ ​ဒီျပန္​သယ္​ရ တာတုန္​း ”

” အဲဒီမွာက ​ေပါတယ္​​ေလ ကြာ ”

” ျမန္​မာျပည္​က ပုိမ​ေပါဘူးလား ဘုရား ”

” ​ေအး ငါျမန္​မာျပန္​ ကပဲ ျပန္​လာတာ ​ေလကြာ ”

” ဟင္​ ဘယ္​ LA ကုိ ​ေျပာတာလဲ ဘုရား ”

” လက္​ပြတၱာကုိ ​ေျပာတာ​ေလကြာ ”

” လုပ္​ျပန္​ပီ ”

” ဒါနဲ႔ ဒကာၾကည္​့ရတာ ရန္​ကုန္ ၊ သား​ေတာ့ ဟုတ္​ဟန္ ​မတူဘူး ”

” တင္​းပါ့ တပည္​့​ေတာ္​က အညာသားပါ ဘုရား ”

” အညာ ဘယ္​အရပ္​ကလဲ ကြဲ႔ ”

” မႏၱ​ေလးဘက္​ ကပါ ဘုရား ”

” ​ေအာ္​ မႏၱ​ေလး သား​ေပါ့ ”

” မဟုတ္​ဘူး မႏၱ​ေလးတုိင္​း ထဲက ပါဘုရား ”

” မႏၱ​ေလး တုိင္​း ဘယ္​ဘက္​ ကတုန္​း ”

” မိတၳီလာဘက္​ ”

” ​ေအာ္​ မိတၳီလာသား ​ေပါ့ ”

” မဟုတ္​ဘူး မိတၳီလာခ႐ုိင္​ပါ ဘုရား ”

” မိတၳီလာခ႐ုိင္​ ဘယ္​နားတုန္​း ”

” မလွဳိင္​ပါ ဘုရား ”

” ​ေအာ္​​ေအး သိတာ​ေပါ့ အဲၿမိဳ႕ ငါ​ေရာက္​ဘူးတယ္​ကြ..လက္​စသက္​​ေတာ့ မင္​းက မလိွဳင္​ သား​ေပါ့ ”

” မဟုတ္​ဘူး ဘုရား မလွဳိင္​ၿမိဳ႕နယ္​ထဲ က ပါ ဘုရား ”

” ​ေဟ မလွိဳင္​ၿမိဳ႕ရဲ႕ ဘယ္​ဘက္​က် လဲကြ ”

” ​ေႏွာကန္ ​သိလား ဘုရား ”

” ​ေအာ္​ ​ေအး ၾကားဖူး သလုိကြ ….ေအာ္….​ ဟုိတစ္​ခါ တုိက္​နယ္ ​​ေဆး႐ုံ​ ေဆာက္​တာ ၾကားလုိက္​မိ​ေသးတယ္​ ”

” တင္​းပါ့ ဟုတ္​တယ္ ​ဘုရား ”

” ​ေအာ္​ ​ေႏွာကန္​သား​ေပါ့ ”

” ​ေအာ္​ ​ေႏွာကန္​သား​ေပါ့ ”

” မဟုတ္​ျပန္ ​​ေသးဘူး ဘုရား ​ေႏွာကန္​ တုိက္​နယ္​ဘက္​ကလုိ႔ ​ေျပာတာပါဘုရား ”

“ေဟ ဒါဆုိလဲ ေနွာကန္သားလဲ ဟုတ္ေသး ျပန္ဘူးေပါ့ ”

” တင္းပါ့ ေနွာကန္ေျမာက္ဘက္ သကၠယ္က်င္း ”

“ေအာ္ သကၠယ္က်င္း ရြာသားေပါ့ ”

” မဟုတ္ဘူး ဘုရား သကၠယ္က်င္း အုပ္စု ထဲ က သရကၠန္ ရြာသားပါ ဘုရား ”

” ေဟ ဒကာရာ မင္းဇာတိ ေမးရတာ ဦးစံရွားေခၚပီး စုံစမ္းရမလုိ ျဖစ္ေနပီ ”

” ဒါနဲ႔ ဘုန္းကေကာ ဘယ္ဇာတိလဲ ”

” ေအး ဘုန္းဘုန္းက မဲဘုန္း ဇာတိကြဲ႕ ”

” ၾသစီက မဲလ္ဘုန္းျမိဳ႔ကုိ ေျပာတာလား ဘုရား ”

” မဟုတ္ပါဘူးကြာ ဘုတလင္နယ္ ဘက္က မဲဘုန္းရြာ ကုိေျပာတာပါကြာ ”

” လုပ္ျပန္ပီ ”

” ဒကာ တကၠစီ ေမာင္းတာ ၾကာပီလား ”

” ၾကာပီပဲ ေျပာပါေတာ့ ဘုရား ”

” အရင္ ဘာလုပ္ဘူး ေသးလဲ ”

” အရင္ တပည့္ေတာ္ လန္ဒန္မွာ အလုပ္ သြားလုပ္ေသးတယ္ ဘုရား ”

” မင္းနွယ့္ကြာ လန္ဒန္မွာ အလုပ္ လုပ္ပီးကာမွတကၠစီ ေမာင္းရတယ္လုိ႔ ”

” တင္းပါး အဲဒီမွာက လစာနည္းတယ္ ဘုရား ”

” ေဟ ဘယ္ေလာက္ ရတာ မုိ႔လဲ ”

” ၉ ေသာင္း ပါ ဘုရား ”

” စတာလင္ေပါင္ လား ”

” ျမန္မာေငြပါ ဘုရား ”

” အာ့ဆုိ မင္းေျပာတာက ဘယ္က လန္ဒန္ တုန္း ”

” လန္ဒန္ ေဆးလိပ္ ေရာင္းတဲ႔ ကုမၸဏီကုိ ေျပာတာပါ ဘုရား ”

” တယ္လဲ က်ယ္ ပါ့ကြာ ”

” ဘုန္းဘုန္းက်ယ္လုိ႔ တပည့္ေတာ္ က်ယ္ရတာပါ ဘုရား ”

” ဒါနဲ႕ ဒကာက ဘုန္းဘုန္းကုိ ပုိ႔ျပီး ဘယ္သြားအုံး မွာလဲ ”

” တပည့္ေတာ္ ေနတုိး ကုိ သြားေခၚရ အုံးမယ္ ဘုရား ”

” အံမယ္ မင္းသား ေနတုိးကလဲ မင္းကား ငွားစီးတာပဲလား ကြ ”

” မဟုတ္ပါဘူး ဘုရား ဆုိက္ကားဆရာ ေနတုိးပါ…မေန႔က သူ႕ဆုိက္ကား စည္ပင္က သိမ္းသြားတာ သြားေရြး မလုိ႔ အေဖာ္ လုိက္ေပးရမွာပါ …ဘုရားဒါနဲ႔ ဘုန္းဘုန္းက ဒီေက်ာင္းကလား ”

” မဟုတ္ဘူးကြဲ႕ ခဏ လာတည္းတာ ဘုန္းဘုန္းလဲ ေနာက္ေန႔WTDC ကုိ ခရီး ဆက္ရအုံး မွာကြဲ႕ ”

” ေအာ္ တင္းပါ့ ဘုန္းဘုန္းေျပာတဲ႔ WTDC ဆုိတာ ဝါရွင္တန္ဒီစီကုိ ေျပာတာလား ဘုရား ”

” မဟုတ္ပါဘူးကြာ ဝါးတန္းကေဒၚစိန္ဆီကုိ သြားမယ္ေျပာတာပါကြာ ”

” ေအာ္ ငါ့နွယ္ ဒီဘုန္းဘုန္းေတာ့ကြာ ”

Credit to Original Writer / Photo from FB

unicode

” ဟဲ့ ဒကာ ကား အားလား ”

” တင်ပါ့ အားတယ် ​ဘုရား ”

” စင်​ကပူ သွားချင်​လို့ ”

” မ​နောက်​ပါနဲ့ ဘုရား ”

” ဟ ဘာ​နောက်​လို့လဲ စင်​ကပူ သွားမယ်​လို့ ​ပြောတာ ”

” တင်​းပါ့ ဘုန်​းဘုန်​းက စင်​ကပူ သွားတာ ဟုတ်​ပါတယ်​။တပည်​့​တော်​က ဘယ်​လမ်​းက ​မောင်း​ရ မှာလဲ ဘုရား ”

” ဗိုလ်​ချုပ်​လမ်​း တည်​့တည်​့ ​မောင်​း ​ရောက်​တယ်​​လေ ကွာ ”

” ဘယ်​ စင်​ကပူကို ​ပြောတာလဲ ဘုရား ”

” ပုဇွန်​​တောင်​က စင်​ကပူ ဘုန်​ကြီး​ကျောင်​း ​လေကွာ ”

” တယ်​လဲ ​နောက်​သကိုး ဘုရား သုံး​ထောင် ​​ပေးပါ ဘုရား ”

” ​အေး​အေး ”

” ဒါနဲ့ ဘုန်​းဘုန်​း လက်​ထဲက ဘာ အထုတ်​ကြီးလဲ ဘုရား ”

” ငါး​ခြောက်​ထုတ် ​ပါကွာ ”

” ဘယ်​က ပြန်​လာတာ မို့လဲ ”

” LA က ပြန်​ကြွ လာတာ ”

” ဘယ်​့နှယ်​့ LA က ငါး​ခြောက် ​ဒီပြန်​သယ်​ရ တာတုန်​း ”

” အဲဒီမှာက ​ပေါတယ်​​လေ ကွာ ”

” မြန်​မာပြည်​က ပိုမ​ပေါဘူးလား ဘုရား ”

” ​အေး ငါမြန်​မာပြန်​ ကပဲ ပြန်​လာတာ ​လေကွာ ”

” ဟင်​ ဘယ်​ LA ကို ​ပြောတာလဲ ဘုရား ”

” လက်​ပွတ္တာကို ​ပြောတာ​လေကွာ ”

” လုပ်​ပြန်​ပီ ”

” ဒါနဲ့ ဒကာကြည်​့ရတာ ရန်​ကုန် ၊ သား​တော့ ဟုတ်​ဟန် ​မတူဘူး ”

” တင်​းပါ့ တပည်​့​တော်​က အညာသားပါ ဘုရား ”

” အညာ ဘယ်​အရပ်​ကလဲ ကွဲ့ ”

” မန္တ​လေးဘက်​ ကပါ ဘုရား ”

” ​အော်​ မန္တ​လေး သား​ပေါ့ ”

” မဟုတ်​ဘူး မန္တ​လေးတိုင်​း ထဲက ပါဘုရား ”

” မန္တ​လေး တိုင်​း ဘယ်​ဘက်​ ကတုန်​း ”

” မိတ္ထီလာဘက်​ ”

” ​အော်​ မိတ္ထီလာသား ​ပေါ့ ”

” မဟုတ်​ဘူး မိတ္ထီလာခရိုင်​ပါ ဘုရား ”

” မိတ္ထီလာခရိုင်​ ဘယ်​နားတုန်​း ”

” မလှိုင်​ပါ ဘုရား ”

” ​အော်​​အေး သိတာ​ပေါ့ အဲမြို့ ငါ​ရောက်​ဘူးတယ်​ကွ..လက်​စသက်​​တော့ မင်​းက မလှိုင်​ သား​ပေါ့ ”

” မဟုတ်​ဘူး ဘုရား မလှိုင်​မြို့နယ်​ထဲ က ပါ ဘုရား ”

” ​ဟေ မလှိုင်​မြို့ရဲ့ ဘယ်​ဘက်​ကျ လဲကွ ”

” ​နှောကန် ​သိလား ဘုရား ”

” ​အော်​ ​အေး ကြားဖူး သလိုကွ ….အော်….​ ဟိုတစ်​ခါ တိုက်​နယ် ​​ဆေးရုံ​ ဆောက်​တာ ကြားလိုက်​မိ​သေးတယ်​ ”

” တင်​းပါ့ ဟုတ်​တယ် ​ဘုရား ”

” ​အော်​ ​နှောကန်​သား​ပေါ့ ”

” ​အော်​ ​နှောကန်​သား​ပေါ့ ”

” မဟုတ်​ပြန် ​​သေးဘူး ဘုရား ​နှောကန်​ တိုက်​နယ်​ဘက်​ကလို့ ​ပြောတာပါဘုရား ”

“ဟေ ဒါဆိုလဲ နှောကန်သားလဲ ဟုတ်သေး ပြန်ဘူးပေါ့ ”

” တင်းပါ့ နှောကန်မြောက်ဘက် သက္ကယ်ကျင်း ”

“အော် သက္ကယ်ကျင်း ရွာသားပေါ့ ”

” မဟုတ်ဘူး ဘုရား သက္ကယ်ကျင်း အုပ်စု ထဲ က သရက္ကန် ရွာသားပါ ဘုရား ”

” ဟေ ဒကာရာ မင်းဇာတိ မေးရတာ ဦးစံရှားခေါ်ပီး စုံစမ်းရမလို ဖြစ်နေပီ ”

” ဒါနဲ့ ဘုန်းကကော ဘယ်ဇာတိလဲ ”

” အေး ဘုန်းဘုန်းက မဲဘုန်း ဇာတိကွဲ့ ”

” သြစီက မဲလ်ဘုန်းမြို့ကို ပြောတာလား ဘုရား ”

” မဟုတ်ပါဘူးကွာ ဘုတလင်နယ် ဘက်က မဲဘုန်းရွာ ကိုပြောတာပါကွာ ”

” လုပ်ပြန်ပီ ”

” ဒကာ တက္ကစီ မောင်းတာ ကြာပီလား ”

” ကြာပီပဲ ပြောပါတော့ ဘုရား ”

” အရင် ဘာလုပ်ဘူး သေးလဲ ”

” အရင် တပည့်တော် လန်ဒန်မှာ အလုပ် သွားလုပ်သေးတယ် ဘုရား ”

” မင်းနှယ့်ကွာ လန်ဒန်မှာ အလုပ် လုပ်ပီးကာမှတက္ကစီ မောင်းရတယ်လို့ ”

” တင်းပါး အဲဒီမှာက လစာနည်းတယ် ဘုရား ”

” ဟေ ဘယ်လောက် ရတာ မို့လဲ ”

” ၉ သောင်း ပါ ဘုရား ”

” စတာလင်ပေါင် လား ”

” မြန်မာငွေပါ ဘုရား ”

” အာ့ဆို မင်းပြောတာက ဘယ်က လန်ဒန် တုန်း ”

” လန်ဒန် ဆေးလိပ် ရောင်းတဲ့ ကုမ္ပဏီကို ပြောတာပါ ဘုရား ”

” တယ်လဲ ကျယ် ပါ့ကွာ ”

” ဘုန်းဘုန်းကျယ်လို့ တပည့်တော် ကျယ်ရတာပါ ဘုရား ”

” ဒါနဲ့ ဒကာက ဘုန်းဘုန်းကို ပို့ပြီး ဘယ်သွားအုံး မှာလဲ ”

” တပည့်တော် နေတိုး ကို သွားခေါ်ရ အုံးမယ် ဘုရား ”

” အံမယ် မင်းသား နေတိုးကလဲ မင်းကား ငှားစီးတာပဲလား ကွ ”

” မဟုတ်ပါဘူး ဘုရား ဆိုက်ကားဆရာ နေတိုးပါ…မနေ့က သူ့ဆိုက်ကား စည်ပင်က သိမ်းသွားတာ သွားရွေး မလို့ အဖော် လိုက်ပေးရမှာပါ …ဘုရားဒါနဲ့ ဘုန်းဘုန်းက ဒီကျောင်းကလား ”

” မဟုတ်ဘူးကွဲ့ ခဏ လာတည်းတာ ဘုန်းဘုန်းလဲ နောက်နေ့WTDC ကို ခရီး ဆက်ရအုံး မှာကွဲ့ ”

” အော် တင်းပါ့ ဘုန်းဘုန်းပြောတဲ့ WTDC ဆိုတာ ဝါရှင်တန်ဒီစီကို ပြောတာလား ဘုရား ”

” မဟုတ်ပါဘူးကွာ ဝါးတန်းကဒေါ်စိန်ဆီကို သွားမယ်ပြောတာပါကွာ ”

” အော် ငါ့နှယ် ဒီဘုန်းဘုန်းတော့ကွာ ”

Credit to Original Writer / Photo from FB