စိတ်ဓာတ်ကျတိုင်း ထုတ်ကြည့်မိတဲ့ ပုလင်းထဲက အရာလေး….
ဗဟုသုတစုံ
Swam Htet Aung
unicode
ကျွန်တော်စိတ်ဓာတ်ကျတိုင်းအဲ့ပုလင်းလေးထုတ်ကြည့်မိတယ်။ဘာမှတော့မဟုတ်ပါဘူး ။
ပိုက်ဆံပေါ်မှာ formula လေးတွေရေးထားတာကို stapler နဲ့ညှပ်ထားတာလေးပါ ။
မှတ်မှတ်ရရ 4th Year Final exam တုန်းက ဘာသာတော့မမှတ်မိတော့ဘူး တလုံးမှမရသေးဘူးလေ …..
ပြီးတော့ Qualify ပါမှ B.E ဆက်တက်လို့ရမှာလေ ရွေးစရာ၂ခုပဲရှိတယ် Qualify ပါအောင်ခြေ or အကျခံ သူငယ်ချင်းနဲ့လဲပြောထားတာရှိတယ်လေ ….
ငါတို့ဆိုးချင်ဆိုးမယ် but မိန်းကလေးတွေကငါတို့ကို Repeater အနေနဲ့မမြင်စေဘူးဆိုတာ ဆိုလိုတာကအကျမခံဘူးပေါ့ …..
အဲ့တော့ပိုက်ဆံမှာရေးပြီး တွက်မယ်ပေါ့ အဲ့အချိန်မှာ ယောက်ျားပဲသူများတွေတောင်လုပ်နိုင်သေးတာငါဘာလို့မလုပ်နိုင်မှာလဲဆိုတယ့်စိတ်ဝင်လာတယ် ။
ပြီးတော့ဘဝတလျှောက်လုံးလဲ အမှားကင်းအောင်အတက်နိုင်ဆုံးနေလာခဲ့တာ ဒါလေးတခုက မိသွားရင်တသက်လုံးသွားမယ့်ဟာ…..
အဲ့တော့အဲ့ည ၇ နာရီလောက်မှာ ရေးထားတယ့်ပိုက်ဆံကို ကလစ်နဲ့ညှပ်ပစ်မလို့ တချိန်ကျရင် အမှတ်တရလေးဆိုပြီး ပုလင်းထဲထည့်သိမ်းထားခဲ့တာ တညလုံးအဲ့ဘာသာကို မအိပ်ပဲလုပ်ခဲ့တယ် ….
အဲ့ဒီနှစ် B.E ပါခဲ့တယ် အဲ့ပိုက်ဆံသာသုံးခဲ့မယ်ဆိုရင် B.E လည်းပါချင်မှပါမှာလေ …တချို့သူငယ်ချင်းတွေကတော့ပြောကြတယ် ……
အဲ့ကောင်ကူးချလို့အောင်တာဘာညာ ကျွန်တော်ပြောချင်တာက ကူုးရင် တောင်နှစ်တိုင်း Qualify ပါအောင်ကူးနိုင်တယ့်အရည်အချင်းကမနဲဘူးရယ် 😎😎
ထင်လည်းထင်ချင်စရာကျွန်တော်ကစာမှမလုပ်တာကိုး xD 😂😂 တကယ်တော့ကျွန်တော်တို့မလုပ်နိုင်တာမရှိဘူးဗျ မလုပ်ကြည့်မိတာလေးတွေပဲရှိခဲ့တာပါ ….
ခုကျမှသိမ်ငယ်စိတ်တွေအားငယ်စိတ်တွေဘာလို့ဝင်နေလဲမသိဘူးရယ် အဲ့ပုလင်းလေးကတော့ကျွန်တော့်အတွက်မှတ်မှတ်ရရပါပဲ …..
ဘီဒိုကအံဆွဲဖွင့်ရင်းအမှတ်မထင်တွေ့မိတော့ အမှတ်တရလေးမို့ အဲ့အကြောင်းပြန်ရေးတာ 😁😁
Swam Htet Aung