လူပြောများနေတဲ့ တောင်ဥက္ကလာက အရိုးအကြောဆရာဝန်ကြီးအကြောင်း…..

ဗဟုသုတစုံ

လူပြောများနေတဲ့ တောင်ဥက္ကလာက အရိုးအကြောဆရာဝန်ကြီးအကြောင်း

ဖတ်သူအကျိုးရှိပါမည် ချစ်မိတ်ဆွေတို့ 😍😘

ကျမ ၂၄ မနက်က ဆိုင်ကယ်မှောက်တယ်ပေါ့ပေါင်ကွဲသွားတယ် ဒူးဂုံညင်းနေရာကချက်ချင်းပျော့ပျော့ကြီးနဲ့ ဖောင်းလာတယ် ဘာဖြစ်မှန်းတော့ မသိဖေ့ဘုတ်တွေမှာ အစိုးရဆေးရုံ မကောင်းတာတွေ ကြားနေရတော့ကြောက်ကြောက်နဲ့ ပုဂ္ဂလိကဆေးရုံကိုပဲ ပို့ပေးဖို့ အခါခါပြောပေမယ့်ကားလိုက်မောင်းပေးတဲ့အကိုက အနီးဆုံးလှိုင်သာယာ အစိုးရဆေးရုံကိုပဲ ပို့ပေးပါတယ်။

အပ်ကြောက် အသားနာမှာကြောက်လို့လိုတာထက် ခယ တောင်းပန်ကာထုံဆေးဖြင့် ချုပ်ပေးပါ့ပြောလို့ ချုပ်ပေးပါတယ်ဒါတောင် ဒေါက်တာမဟုတ်ပဲ ချုပ်ပေးတဲ့သူက နည်းနည်းလေးဟောက်တာခံရသေး😅 မဆိုးပါဘူး ဒေါက်တာနဲ့ Nurse မ လေးတွေ သဘောကောင်းပါတယ်။

မေးခိုင်ကာကွယ်ဆေး ထိုးပေးတယ် ဓါတ်မှန်ရိုက်ပေးတယ် ဘာအရိုးမှ မကျိုးလို့ ဆေးရုံတက်စရာမလိုတဲ့နောက် ၁၀ ရက်အကြာ ချုပ်ရိုးလာဖြေဖို့ပြောတယ် ဘာအခကြေးငွေမှ မယူစေတနာရှိသလောက်ပဲ ဆေးရုံအတွက်လှုခဲ့တဲ့ဆေးစာရေးပေးတယ် ပီးတာနဲ့ ချက်ချင်းအိမ်ပြန်လာခဲ့တယ်။

ကိုယ်ကလည်းဆေးရုံမတက်တာ ၁၅ နှစ်လောက်ရှိပီဘားမှမသိ နားမလည်လို့အပြင်ဆေးခန်းပြ ဆေးထည့်ဖို့မိတ်ဆွေအများက အကြံပေးလို့ ၂ ရက်အကြာမှာအပြင်ပုဂ္ဂလိကဆေးခန်းကြီးကို သွားခဲ့တယ်ါတ်မှန်ပြလိုက်တော့ဟာ အမ ဂုံညုင်းအပ်သွားတယ်ပီးတော့ ဖေါရောင်နေတယ် ။

ပြည်တည်လာလို့ ခြစ်ထုတ်ဖို့ ပြန်ခွဲရမယ်တဲ့ကျမ လန့်သွားတယ် အသားနာမှာ ကြောက်တာကိုးခါးကို ထုံဆေးပေးပီး ခွဲမှာ၎ သိန်းခွဲလောက် ကျမယ်နေ့တိုင်းလည်း ပိုးသတ်ဆေးလာထိုးရမယ်ကျောက်ပတ်တီးစီးရမယ် ထပ်ကုန်ဦးမယ် လှေကားတက်လို့မရဘူး လေ့ကျင့်ခန်းလုပ်ရမယ်တဲ့အစုံပလုံပါပဲ….

ကိုယ်ကလည်း ကြောက်တတ်တော့ ဘယ်လောက်ကုန်ကုန် ခွဲမယ်ပေါ့ဖြစ်ချင်တော့ မနက် ၄ နာရီဆေးရုံလာ၆ နာရီခွဲမယ်တဲ့စပေါ် ၃ သိန်း အရင်တင်ပေါ့ ကြိုလည်း မသိ ဆေးခန်းပြရုံသက်သက်ပဲဆိုတော့ပိုက်ဆံက လက်ထဲမပြည့် မထုတ်ထားမိဘူး။

ဒီကြားထဲ မနက်ခွဲရမှာကိုကျောက်ပတ်တီး အောက်ဘက်ကို စည်းပေးတယ်ဟိုဟာဖိုး ဒီဟာဖိုးနဲ့ ၆ သောင်းခွဲကျသွားတယ်မနက် ၄ နာရီလည်း ပိုက်ဆံထုတ်ဖို့ မလွယ်လို့ခွဲဖို့အဆင်သင့်မဖစ်တာနဲ့ ပြန်လာခဲ့တယ်။

လူကလည်း ထပ်ခွဲရမှာကြီးကို အလုပ်ရှုပ်လက်ခံထားရတဲ့ ပွဲတွေလည်း ဖျက်ခြေထောက်ကလည်း ဘယ်တော့ကောင်းမလဲမသိပိုက်ဆံလည်းနှမြောသက်သာအောင် အစိုးရဆေးရုံလည်းမပြချင်စိတ်ညစ်ပီး တစ်ညလုံးအိပ်မရဘူး။

အဲ့ဒါနဲ့ ဖေ့ဘုတ်က ဆေးခန်းတွေအကြောင်းသတင်းအစုံကိုလှန်တာကောင်းတာတွေအကုန် SSအကုန်ရိုက်ထားတယ်အဲ့မှာ မထင်မှတ်ပဲ တောင်ဥက္ကလာက အရိုးအကြောအထူးကု ကျော်ဆေးခန်းကို အရမ်းကောင်းကြောင်းညွှန်းထားတဲ့ Post ကို ဖတ်မိသွားတယ်။

ကျမလည်း လိုလိုမယ်မယ် SS ရိုက်ပီး မှတ်ထားလိုက်တယ်မနက် ၇ နာရီလောက်မှ အိပ်ပျော်ပီးခွဲစိပ်ဖို့အတွက် ၁၀ နာရီပြန်ထတယ်။မောင်လေး တေးသံရှင်လွှမ်းမိုးနိုင်မှာ ကားရှိလို့ဖုန်းဆက်ပီး အိမ်လာဖို့ပြောပီးရောက်တာနဲ့ ဖစ်ကြောင်းကုန်စင်အကုန်ပြောပြတော့ သူ့အမနဲ့ခင်တဲ့သင်္ကန်းကျွန်းက ဒေါက်တာဆရာမနဲ့ ကုဖို့ကူညီပေးတယ်။

လမ်းမလျှောက်နိုင်လို့ကျမ ကို အိမ်ကထွက်တာနဲ့ မ ချီကုန်းပိုး ဆေးခန်းဝင် ကားပေါ်ကအတက်အဆင်းရွှေပြည်သာပြန်ရင်ဝေးလို့ဆေးခန်းအမြဲပြရင်နီးအောင်သင်္ကန်းကျွန်းက သူ့အိမ် ၅ လွှာအထိ မ ချီကုန်းပိုးပီးလျှာထွက်မတတ် နေ့လည် ၁၂ ကနေ ည ၁၂ အထိတစ်နေကုန်ကူညီပေးတဲ့ ကျေးဇူးရှင်လေးပါ….

ပြောချင်တာသူချိတ်ပေးတဲ့ ဆရာမက သားဖွားမီးယပ်ဆရာမကြီးပါအနာကိုမြင်ပီးခွဲစရာမလိုဘူး လိုအပ်ရင် အပ်ကလေးနဲ့ပြည်စုပ်ထုတ်ပေးမယ်တဲ့မနက်ဖန် ပြန်လာခဲ့တဲ့ကျမနာမှာကြောက်ပေမယ့်စိုးရိမ်မှု့တော့ နည်းနည်းလျော့သွားတယ်လိုအပ်တာလုပ်ပေးပီးဆေးခန်းက ထွက်လာခဲ့တယ်ဆေးဖိုး ပိုးသတ်ဆေးပုလင်းချိတ်တာကုသခ ၁ သောင်းခွဲပဲ ကျပါတယ်။

ဒါပေမယ့် အားမရသေးလို့စိတ်ထဲက စွဲနေတာထပ်ပြချင်တာတောင်ဥက္ကလာက အရိုးအကြောဆိုင်ရာကျော် ဆေးခန်းကိုဒီတော့ ကိုယ်ကလည်းလိုက်ပို့သူ မောင်လေးလွှမ်းမိုးနိုင်ကိုမျက်နှာငယ်လေးနဲ့မောင်လေးရယ် အမ အားတော့နာပါတယ်။တောင်ဥက္ကလာက စိတ်သန်နေတဲ့အရိုးအကြောဆိုင်ရာကျော်ဆေးခန်းကို ထပ်ပြချင်သေးတယ်။

အိမ်လည်း မပြန်ချင်သေးရွေးချယ်လို့ရအောင် အဲ့ ကျော်ဆေးခန်းကိုပို့ပေးပါဆိုတော့ မငြီးမငြူပို့ပေးရှာပါတယ်။ဆေးခန်းလေးက ခမ်းခမ်းနားနားမဟုတ်ပဲ ပုံမှန်သာမာန်လေးပါလူနာအရမ်းများလို့ ကိုယ်လည်း ဇွဲကောင်းကောင်းနဲ့လွှမ်းမိုးနိုင်ကိုအားနာလို့ခဏပြန်လွှတ်ပီး အိမ်ကအဒေါ်အမျိုးတွေနဲ့ ဆေးခန်းပြဖို့ ၄ နာရီလောက်စောင့်ခဲ့လိုက်တယ်။

လူလတ်တန်းစားမရွေး သူဌေးတွေကအစသာမာန်အခြေခံလူတန်းစားတွေပါ အကုန်လာပြတာပါဖုန်းနဲ့လည်း တုံကင်တင်လို့ရပါတယ်တဲ့ကိုယ့်အလှည့်ရောက်တော့ ည ၁၁ လောက်ရှိပီဒါလည်း လူနာတွေ မပြတ် လာကုကြတုန်း….ဆရာဝန်ကြီးက အသက် ၅၀ ကျော်ပါပီကျမထင်တာပေါ့…

ကျမဓါတ်မှန်ကိုကြည့်ပီးဂုံညုင်းအပ်သွားတာသေးလို့မနည်းရှာယူရပါတယ်ခွဲစရာမလိုပါဘူး ဆေးထိုး ဆေးသောက်ရုံနဲ့ပျောက်ပါတယ်ဒူးမှာ ချက်ချင်းဖေါရောင်လာတာကအသားမပေါက်ပဲဂုံညုင်းထဲက သွေးထွက်လာလို့ပါတဲ့….အနာကိုလည်း ပတ်တီးမဖြေကြည့်ဘူးချုပ်ရိုးက ၁၀ ရက်ကြာမှ ဖြေရမယ်။

ပြီးရင် ကျောက်ပတ်တီးစီးရမယ်တဲ့ဆေးနှစ်လုံးထိုးပေးတယ်သောက်ဆေးပေးတယ်နောက်ရက်တွေလည်း ပကတိကောင်းသွားတဲ့အထိသွားပြနေရဦးမှာပါ….ကျမမေးသမျှကိုစိတ်ရှည်စွာ ဖြေပေးပီးချိုသာတယ် သိမ်မွေ့တယ်လူနာရှင်ကို အရမ်းဂရုစိုက်ပြီးအသေးစိတ်ကအစ ရှင်းပြတဲ့ ဆရာကြီးပါ….

ပီးတော့အိမ်မှာ ထိုင်လျက် တရွတ်တိုက်သွားနေရတဲ့ကျမလမ်းလျှောက်ပုံကို သင်ပြလို့ချက်ချင်းပဲ ဘယ်လိုမှမနာပဲလမ်းပြန်လျှောက်လို့ ရသွားတယ်ကျမမှာ ပျော်လွန်းလို့ ထိုင်ရှီခိုးမတတ်ပါ…ဆေးဖိုးဘယ်လောက်ကျလဲမေးတော့ခုနှစ်ထောင် တဲ့ 😱ကျမစိတ်ထဲကကော ပါးစပ်ကကောအကြိမ်ကြိမ်ဆုတောင်းမိပါတယ်။

အရိုး အကြော ထိခိုက် ရှနာ ပွန်းပဲ့ အထွေထွေအကုန်ကုပါတယ်လေဖြန်းသွားလို့ ပါးရွဲ့သွားတဲ့အဒေါ်ကြီးတောင်ဆေးတစ်လုံးထိုးလိုက်တာနဲ့ပြန်တည့်သွားပါတယ်။ဆရာကြီးက အင်းစိန်၊ မ/ဥ၊ တောင်ဥက္ကလာမှာဆေးခန်းခွဲတွေ ရှိပါတယ်။

ကျမလည်း ၁၅ နှစ်ကြာမှ ဆေးရုံဆေးခန်းပြရလို့ဒီဆရာဝန်ကြီးနဲ့ပဲ ဆုံဖူးလို့ကျေးဇူးတင်သည့်အနေဖြင့် တင်ခြင်းပါကျမ မမြင် မသိနိုင်သောခုလိုကောင်းတဲ့ဆရာဝန်တွေ မြန်မာနိုင်ငံမှာအများကြီးရှိနေမှာပါဘယ်သူ့ကိုမှ ထိခိုက်စေခြင်း ဆော်ကားအပြစ်တင်ခြင်းစေတနာဆိုးမရှိပါ….

ဝေဒနာကိုခံစားနေရသောလူနာရှင်တွေအတွက် စာလွှာပါးကုသိုလ်ယူခြင်း သက်သက်ပါ။ကျမအခုကြုံတွေ့လိုက်ရတဲ့လူနာတွေအပေါ် အရမ်းဂရုစိုက်စေတနာကောင်းတဲ့ ဆရာဝန်ကြီးဦးကျော်ကျော်မြင့်မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့လူနာရှင်တွေအတွက် အသက်နှစ်ပေါင်းများစွာရှည်ပါစေစတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ အကြိမ်ကြိမ်ဆုတောင်းမိပါ၏ 🙏🏻🙏🏻🙏🏻

( Su Wati)