ဆရာေတာ္ ဦးနႏၵိမာနဲ႕ ေတြ႔မွ ခံလိုက္ရတဲ႔ ကားစပယ္ယာနဲ႔ဒရိုက္ဘာ

သီတာ ရင္ေတြတုန္လြန္းလို႔ပါ

ဆရာေတာ္ ဦးနႏၵိမာ ျမစ္ႀကီးနားကေန မုံရြာ _ မႏၲေလးဘက္ ခရီးသြားစရာရွိ၍ ကားလက္မွတ္ ျဖတ္ထားခဲ႔သည္။

တိုက္ဆိုင္မွဳေႀကာင့္လား မေျပာတတ္ ဆရာေတာ္ခရီးသြားတိုင္း ေရွ႕ဆုံးခုံတန္း မရတတ္ တစ္ဆယ္ေနာက္က ထိုင္ခုံနံပါတ္သာ ရေလ႔ရွိသည္။

ဒါကို ဆရာေတာ္ မေက်နပ္ခ်င္ သံဃာခုံလို႔ သတ္မွတ္ထားတဲ႔ ေရွ႕ခန္းတန္းမွာ အမ်ိဳးသမီး ငယ္ငယ္ေခ်ာေခ်ာေလးေတြ ထိုင္ေနျပီး မိမိက တစ္ဆယ္ေနာက္မွာ ထိုင္ရေလ႔ရွိတာလည္း သတိထားမိသည္သာ…

လမ္းက ေစာင့္စီးမည္ဟု ႀကိဳတင္မွာႀကားထားသျဖင့္ ကားလာခ်ိန္ကို ေစာင့္ဆိုင္းေနလိုက္သည္ ။မိနစ္ နွစ္ဆယ္ခန္႔ ေစာင့္လိုက္ရျပီး……

ဆရာေတာ္စီးမည့္ကား ဆိုက္လာသည္။အထုပ္အပိုးႏွင့္ ေစာင့္ေနသည္က ဦးနႏၵိမာ တစ္ပါးသာ ကားစပယ္ယာက ဆရာေတာ္ကိုေက်ာ္ၿပီး ခရီးသည္နာမည္ ေအာ္ေခၚလိုက္သည္က…

မံုရြာလိုက္မယ့္ လမ္းႀကံဳခရီးသည္ ခုံနံပါတ္ တစ္ မသီတာ ရွိလားခင္ဗ်ား…!!!! မသီတာကား ထြက္​မလာ…ဦးနႏၵိမာသာ အထုတ္ဆြဲျပီးကားေပၚတက္လာသည္။

ဆရာေတာ္ ဘယ္ႀကြမွာလဲဘုရား… တပည့္ေတာ္တို႔ကားမွာ ခုံပိုမရွိေတာ့ဘူး…လမ္းႀကံဳခရီးသည္ တင္ရမွာမို႔ဘုရား….လမ္းႀကံဳခရီးသည္ ခုံနံပါတ္တစ္ မသီတာဆိုတာ ငါပဲကြ….

ဟာ … ဆရာေတာ္က ဘာလို႔ မိန္းခေလးနာမည္နဲ႔ ျဖတ္ထားတာလဲဘုရား…မင္းတို႔ကားေတြက ဆရာေတာ္နာမည္နဲ႔ လက္မွတ္ျဖတ္ရင္ ခုံနံပါတ္တစ္မရလို႔…ဒကာမနာမည္နဲ႔ ျဖတ္ထားတာေဟ့…

ဒီတစ္ခါေတာ့ ခုံနံပါတ္တစ္ကေန စီးရျပီဟ မာတုကာမမ်ား အရွိန္အဝါ ႀကီးပါ့ကြာ… နာမည္ေလး ေျပာတာနဲ႔ နံပါတ္တစ္ရသဟ…

ဆရာေတာ္စကားေႀကာင့္ စပယ္ယာ/ဒရိုင္ဘာမ်ား မ်က္ႏွာ သုန္မွဳန္သြားႀကသည္…ဆရာေတာ္က ဆက္ႏွိပ္ကြပ္ေနေသးသည္။

ကဲ……သီတာေနရာယူလို႔ ၿပီးပါၿပီ ေမာင္းေတာ့ဗ်ား…ခရီးသည္ေတြေရွ႕အႏွိပ္အကြပ္ ခံလိုက္ရသည္မို႔စိတ္ဆိုးသြားေရာ့ထင့္…ဒရိုင္ဘာကေဆာင့္ႀကီး ေအာင့္ႀကီးျဖင့္ ကားစက္ႏႈိးကာဇြတ္ေမာင္းထြတ္သည္

ခရီးသည္မ်ားလည္း အငိုက္မိကာ ဟပ္ထိုးစိုက္ကုန္ ႀကသျဖင့္ ကားကို ဘယ္လိုေမာင္းတာလဲ ဘာညာနဲ႔ ကြၽတ္စီကြၽတ္စီ ျဖစ္သြားခ်ိန္….ဆရာေတာ္ေျပာလိုက္သည္က……

ေျဖးေျဖးေမာင္းပါ ဒရိုင္ဘာရယ္…သီတာ ရင္ေတြတုန္လြန္းလို႔ပါ…😜😜😜 Crd-မူရင္းေရးသူ

ခင္မင္မႈမ်ားစြာျဖင့္ ေပးတ့ဲ လက္ေဆာင္…ခိုင္နီလာေမာင္

unicode

သီတာ ရင်တွေတုန်လွန်းလို့ပါ

ဆရာတော် ဦးနန္ဒိမာ မြစ်ကြီးနားကနေ မုံရွာ _ မန္တလေးဘက် ခရီးသွားစရာရှိ၍ ကားလက်မှတ် ဖြတ်ထားခဲ့သည်။

တိုက်ဆိုင်မှုကြောင့်လား မပြောတတ် ဆရာတော်ခရီးသွားတိုင်း ရှေ့ဆုံးခုံတန်း မရတတ် တစ်ဆယ်နောက်က ထိုင်ခုံနံပါတ်သာ ရလေ့ရှိသည်။

ဒါကို ဆရာတော် မကျေနပ်ချင် သံဃာခုံလို့ သတ်မှတ်ထားတဲ့ ရှေ့ခန်းတန်းမှာ အမျိုးသမီး ငယ်ငယ်ချောချောလေးတွေ ထိုင်နေပြီး မိမိက တစ်ဆယ်နောက်မှာ ထိုင်ရလေ့ရှိတာလည်း သတိထားမိသည်သာ…

လမ်းက စောင့်စီးမည်ဟု ကြိုတင်မှာကြားထားသဖြင့် ကားလာချိန်ကို စောင့်ဆိုင်းနေလိုက်သည် ။မိနစ် နှစ်ဆယ်ခန့် စောင့်လိုက်ရပြီး……

ဆရာတော်စီးမည့်ကား ဆိုက်လာသည်။အထုပ်အပိုးနှင့် စောင့်နေသည်က ဦးနန္ဒိမာ တစ်ပါးသာ ကားစပယ်ယာက ဆရာတော်ကိုကျော်ပြီး ခရီးသည်နာမည် အော်ခေါ်လိုက်သည်က…

မုံရွာလိုက်မယ့် လမ်းကြုံခရီးသည် ခုံနံပါတ် တစ် မသီတာ ရှိလားခင်ဗျား…!!!! မသီတာကား ထွက်​မလာ…ဦးနန္ဒိမာသာ အထုတ်ဆွဲပြီးကားပေါ်တက်လာသည်။

ဆရာတော် ဘယ်ကြွမှာလဲဘုရား… တပည့်တော်တို့ကားမှာ ခုံပိုမရှိတော့ဘူး…လမ်းကြုံခရီးသည် တင်ရမှာမို့ဘုရား….လမ်းကြုံခရီးသည် ခုံနံပါတ်တစ် မသီတာဆိုတာ ငါပဲကွ….

ဟာ … ဆရာတော်က ဘာလို့ မိန်းခလေးနာမည်နဲ့ ဖြတ်ထားတာလဲဘုရား…မင်းတို့ကားတွေက ဆရာတော်နာမည်နဲ့ လက်မှတ်ဖြတ်ရင် ခုံနံပါတ်တစ်မရလို့…ဒကာမနာမည်နဲ့ ဖြတ်ထားတာဟေ့…

ဒီတစ်ခါတော့ ခုံနံပါတ်တစ်ကနေ စီးရပြီဟ မာတုကာမများ အရှိန်အဝါ ကြီးပါ့ကွာ… နာမည်လေး ပြောတာနဲ့ နံပါတ်တစ်ရသဟ…

ဆရာတော်စကားကြောင့် စပယ်ယာ/ဒရိုင်ဘာများ မျက်နှာ သုန်မှုန်သွားကြသည်…ဆရာတော်က ဆက်နှိပ်ကွပ်နေသေးသည်။

ကဲ……သီတာနေရာယူလို့ ပြီးပါပြီ မောင်းတော့ဗျား…ခရီးသည်တွေရှေ့အနှိပ်အကွပ် ခံလိုက်ရသည်မို့စိတ်ဆိုးသွားရော့ထင့်…ဒရိုင်ဘာကဆောင့်ကြီး အောင့်ကြီးဖြင့် ကားစက်နှိုးကာဇွတ်မောင်းထွတ်သည်

ခရီးသည်များလည်း အငိုက်မိကာ ဟပ်ထိုးစိုက်ကုန် ကြသဖြင့် ကားကို ဘယ်လိုမောင်းတာလဲ ဘာညာနဲ့ ကျွတ်စီကျွတ်စီ ဖြစ်သွားချိန်….ဆရာတော်ပြောလိုက်သည်က……

ဖြေးဖြေးမောင်းပါ ဒရိုင်ဘာရယ်…သီတာ ရင်တွေတုန်လွန်းလို့ပါ…😜😜😜 Crd-မူရင်းရေးသူ

ခင်မင်မှုများစွာဖြင့် ပေးတဲ့ လက်ဆောင်…ခိုင်နီလာမောင်