ေတာင္ငူမွ ေသဆံုးသူရဲ႕ ညီမအရင္ျဖစ္သူ ေျပာပါၿပီ

ပြည်တွင်းသတင်း

တရားခံကို ျပင္းထန္စြာ အျပစ္ေပးနိုင္ဖို ့ လုပ္ေဆာင္သြားမယ္လို ့ေျပာလာတဲ့ ညီမ ျဖစ္သူ ေဒၚေမျမတ္မြန္

ေတာင္ငူၿမိဳ႕မွာ ေျမကြက္ဂရန္သက္တမ္းတိုးကိစၥ ေျပာဆိုျပီီး စကားအေခ်အတင္ျဖစ္ရာမွ လင္မယားႏွစ္ဦးအား မေသမခ်င္း ေႂကြသီးေခါင္းျဖင့္ လမ္းမလယ္တြင္ ထုသတ္သူ သားအဖအား ရဲအဖြဲ႕မွဖမ္းဆီးရမိခဲ့ပါတယ္ ….

ရက္ရက္စက္စက္ အသတ္ခံလိုက္ရတဲ့ အမျဖစ္သူ ဇနီးေမာင္ႏွံအတြက္ တရားခံကို ျပင္းထန္စြာ အျပစ္ေပးနိုင္ဖို ့ လုပ္ေဆာင္သြားမယ္လို ့ညီမ ျဖစ္သူ ေဒၚေမျမတ္မြန္က သူ ့ရဲ႕ Facebook ေပၚမွာ အခုလို ေရးသားထားပါတယ္

” ကြၽန္မ အထက္ကအမအရင္းပါ မင္းမဲ့စ႐ိုက္ဆန္တဲ့ လူသားခ်င္းစာနာေထာက္ထားမႈ ေတြကိုမရခဲ့တဲ့အတြက္မိသားစုေတြ ညီအမတစ္ေတြ ေသကြဲကြဲခဲ့ရပါတယ္ ျပင္းျပင္းထန္ထန္အျပစ္ေပးႏိုင္ဖို႔ အဖက္ဖက္မွလုပ္ေဆာင္သြားမွာပါ ” လို ့ သူမက ဆိုပါတယ္ – ေန႔စဥ္သတင္းႏွင့္သုတရသအျဖာျဖာ

ေတာင္ငူ လူသတ္မႈျဖစ္စဥ္မွ ပါ၀င္သူႏွစ္ဦးအား ပုဒ္မသံုးခုျဖင့္ အမႈဖြင့္ထားေၾကာင္းကိုလည္း သိထားရပါတယ္..။

၂၀၁၉ ခုႏွစ္၊ေဖေဖာ္ဝါရီလ ၂၁ ရက္ေန႔ ၀၇၄၅ ခ်ိန္ ေတာင္ငူၿမိဳ႕ မင္းႀကီးေဆြရပ္ကြက္ေန ရဲဝင္း (၅၁) ႏွစ္၏ေနအိမ္၌ ၎ထံမွ ၿခံကြက္ဝယ္ယူထားသူ ဦးစိုးလင္းသန္း (၄၉) ႏွစ္၊ ဇနီး ေဒၚေခ်ာစုစုလင္း (၄၅) ႏွစ္ႏွင့္ သမီး မေသာ္တာထက္စံ (၁၅) ႏွစ္ တို႔သည္

ၿခံကြက္ဂရမ္ သက္တမ္းတိုးရန္ မွတ္ပုံတင္မိတၱဴႏွင့္ အိမ္ေထာင္စုမိတၱဴတို႔အား လာေရာက္ ေတာင္းခံရာမွ စကားမ်ား ရန္ျဖစ္ၿပီး ထြက္ခြာလာစဥ္ ေနအိမ္ၿခံဝင္းေရွ႕အေရာက္ ရဲဝင္းႏွင့္ ၎၏ဖခင္ ဦးတိုးၾကည္(၇၆) ႏွစ္ တို႔သည့္ ေနာက္မွလိုက္လာကာ

ဓာတ္မီးတိုင္တြင္ အသုံးျပဳသည့္ ေႂကြသီးျဖင့္ ထု႐ိုက္ခဲ့သျဖင့္ ဦးစိုးလင္းသန္းႏွင့္ ေဒၚေခ်ာစုစုလင္းတို႔ ၂ ဦးတြင္ ဦးေခါင္းေပါက္ၿပဲဒဏ္ရာမ်ာ း(စိုးရိမ္ရ)၊ မေသာ္တာထက္စံတြင္ ဝဲခ်ိဳေစာင္း၊ တံေတာင္ ဖူးေရာင္ပြန္းပဲ့ ဒဏ္ရာမ်ား(မစိုးရိမ္ရ) ရရွိခဲ့၍

ေတာင္ငူျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ဦးစိုးလင္းသန္းႏွင့္ ေဒၚေခ်ာစုစုလင္းတို႔ ၂ ဦးမွာ ေသဆုံးသြားခဲ့သျဖင့္

ရဲဝင္းပါ၂ ဦး (ဖမ္းမိ) အား ၿမိဳ႕သစ္နယ္ေျမရဲစခန္း (ပ)၂၉/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂/၃၂၅/ ၁၁၄(လူသတ္မႈ/ တုံးေသာလက္နက္ျဖင့္ ျပင္းထန္နာက်င္ေစမႈ/ အားေပးကူညီမႈ)ျဖင့္ အမႈဖြင့္စစ္ေဆးလ်က္ ရွိေၾကာင္း သတင္းရရွိသည္။

ခရက္ဒစ္ ျပည္ထဲေရး

Unicode

တရားခံကို ပြင်းထန်စွာ အပြစ်ပေးနိုင်ဖို ့ လုပ်ဆောင်သွားမယ်လို ့ပြောလာတဲ့ ညီမ ဖြစ်သူ ဒေါ်မေမြတ်မွန်

တောင်ငူမြို့မှာ မြေကွက်ဂရန်သက်တမ်းတိုးကိစ္စ ပြောဆိုပြီီး စကားအချေအတင်ဖြစ်ရာမှ လင်မယားနှစ်ဦးအား မသေမချင်း ကြွေသီးခေါင်းဖြင့် လမ်းမလယ်တွင် ထုသတ်သူ သားအဖအား ရဲအဖွဲ့မှဖမ်းဆီးရမိခဲ့ပါတယ် ….

ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ အမဖြစ်သူ ဇနီးမောင်နှံအတွက် တရားခံကို ပြင်းထန်စွာ အပြစ်ပေးနိုင်ဖို ့ လုပ်ဆောင်သွားမယ်လို ့ညီမ ဖြစ်သူ ဒေါ်မေမြတ်မွန်က သူ ့ရဲ့ Facebook ပေါ်မှာ အခုလို ရေးသားထားပါတယ်

” ကျွန်မ အထက်ကအမအရင်းပါ မင်းမဲ့စရိုက်ဆန်တဲ့ လူသားချင်းစာနာထောက်ထားမှု တွေကိုမရခဲ့တဲ့အတွက်မိသားစုတွေ ညီအမတစ်တွေ သေကွဲကွဲခဲ့ရပါတယ် ပြင်းပြင်းထန်ထန်အပြစ်ပေးနိုင်ဖို့ အဖက်ဖက်မှလုပ်ဆောင်သွားမှာပါ ” လို ့ သူမက ဆိုပါတယ်

တောင်ငူ လူသတ်မှုဖြစ်စဉ်မှ ပါဝင်သူနှစ်ဦးအား ပုဒ်မသုံးခုဖြင့် အမှုဖွင့်ထားကြောင်းကိုလည်း သိထားရပါတယ်..။

၂၀၁၉ ခုနှစ်၊ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ၀၇၄၅ ချိန် တောင်ငူမြို့ မင်းကြီးဆွေရပ်ကွက်နေ ရဲဝင်း (၅၁) နှစ်၏နေအိမ်၌ ၎င်းထံမှ ခြံကွက်ဝယ်ယူထားသူ ဦးစိုးလင်းသန်း (၄၉) နှစ်၊ ဇနီး ဒေါ်ချောစုစုလင်း (၄၅) နှစ်နှင့် သမီး မသော်တာထက်စံ (၁၅) နှစ် တို့သည်

ခြံကွက်ဂရမ် သက်တမ်းတိုးရန် မှတ်ပုံတင်မိတ္တူနှင့် အိမ်ထောင်စုမိတ္တူတို့အား လာရောက် တောင်းခံရာမှ စကားများ ရန်ဖြစ်ပြီး ထွက်ခွာလာစဉ် နေအိမ်ခြံဝင်းရှေ့အရောက် ရဲဝင်းနှင့် ၎င်း၏ဖခင် ဦးတိုးကြည်(၇၆) နှစ် တို့သည့် နောက်မှလိုက်လာကာ

ဓာတ်မီးတိုင်တွင် အသုံးပြုသည့် ကြွေသီးဖြင့် ထုရိုက်ခဲ့သဖြင့် ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့ ၂ ဦးတွင် ဦးခေါင်းပေါက်ပြဲဒဏ်ရာမျာ း(စိုးရိမ်ရ)၊ မသော်တာထက်စံတွင် ဝဲချိုစောင်း၊ တံတောင် ဖူးရောင်ပွန်းပဲ့ ဒဏ်ရာများ(မစိုးရိမ်ရ) ရရှိခဲ့၍

တောင်ငူပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဦးစိုးလင်းသန်းနှင့် ဒေါ်ချောစုစုလင်းတို့ ၂ ဦးမှာ သေဆုံးသွားခဲ့သဖြင့်

ရဲဝင်းပါ၂ ဦး (ဖမ်းမိ) အား မြို့သစ်နယ်မြေရဲစခန်း (ပ)၂၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၅/ ၁၁၄(လူသတ်မှု/ တုံးသောလက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု/ အားပေးကူညီမှု)ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။

ခရက်ဒစ် ပြည်ထဲရေး