ေတာင္သမန္ ဦးပိန္တံတားအနီးကရတနာ့ဂူပြဲေတာ္ အေၾကာင္း…

ဗဟုသုတစုံ

 

ေတာင္သမန္ ဦးပိန္တံတားအနီးကရတနာ့ဂူပြဲေတာ္ အေၾကာင္း

————————————

ေတာင္ျပဳန္းပြဲေတာ္ၾကီး က်င္းပျပီး တစ္ပတ္အၾကာမွာ က်င္းပတဲ့ ရတနာ့ဂူပြဲေတာ္ၾကီးကေတာ့ မႏၲေလးျမိဳ႕ ရဲ႕အထင္ကရေနရာတစ္ခုျဖစ္တဲ့ ေတာင္သမန္အင္း၊ ဦးပိန္တံတားအနီး အမရပူရျမိဳ႕နယ္ အတြင္းမွာ ႏွစ္စဥ္ ၀ါေခါင္လျပည့္ေက်ာ္ ၈ ရက္ေန႕မွ ၁၄ရက္ေန႕အထိ ခုႏွစ္ရက္တိုင္တုိင္ စည္ကားသိုက္ျမိဳက္စြာ က်င္းပပါ တယ္။

ရတနာ့ဂူပြဲေတာ္ ႏွင့္ ပတ္သက္ျပီး သမိုင္း မွတ္တမ္းမ်ားမွာ သကၠရာဇ္ ၇၄၂ ခုႏွစ္က အင္း၀ဘုရင္ မင္းၾကီးစြာေစာ္ကဲ တည္ေထာင္ထားခဲ့ျပီး ဘုရားပြဲ က်င္းပခဲ့သည္မွာ ႏွစ္ေပါင္း ၆၃၆ ႏွစ္ရွိျပီလို႕သိရပါတယ္။

ရတနာ့ဂူဘုရားပြဲေတာ္ကို မင္းအဆက္ဆက္ လက္ဆင့္ကမ္း က်င္းပလာရာမွ ဘၾကီးေတာ္ဘုရား လက္ထက္ သကၠရာဇ္ ၁၂၈၅ ခုႏွစ္ တြင္ မီးအၾကီးအက်ယ္ ေလာင္သျဖင့္ မီးေဘးသင့္ ျပည္သူမ်ား စိတ္ႏွစ္လံုးရႊင္ျပမူ ရရွိေစရန္ နန္းမေတာ္ မယ္ႏု ႏွင့္ စလင္းျမိဳ႕စား ေမာင္အိုတို႕က ေတာင္ျပဳန္းပြဲ က နတ္အုပ္ထိန္းတို႕ကို ဆင့္ေခၚျပီး နတ္ကနားပြဲက်င္းပ ရာမွ ရတနာ့ဂူနတ္ပြဲ ျဖစ္လာတယ္လို႕ မွတ္သားရ ပါ တယ္။

နတ္ပြဲက်င္းပရာမွာ မယ္ေတာ္ၾကိဳပြဲ၊ ခ်ိဳးေရေတာ္သံုးပြဲ၊ တက္ပြဲ၊ ေခ်ာပြဲ၊ ထိန္ခုတ္ပြဲ ၊ မယ္ေတာ္ပို႕ပြဲ၊ ပခန္းမင္း ပို႕ပြဲ ၊ ဗလိနတ္စာေကြ်းပြဲႏွင့္ သံဃာဒါန ဆြမ္းပေဒသာ ေလာင္းလွဴပြဲမ်ားကို က်င္းပပါတယ္။

စစ္ကိုင္းမႏၲေလး လမ္းတစ္ေလ်ာက္ ရွည္လွ်ားလွတဲ့ ပြဲေတာ္ေစ်းတန္းမွာ အညာမုန္႕မ်ိဴးစံု ၊ လူသံုးကုန္မ်ိဳးစံု ၊ စားေသာက္ကုန္မ်ိဳးစံု၊ အ၀တ္အထည္ အလွအပ ပစၥည္း မ်ိဳးစံု၊ ကေလးကစားစရာ အရုပ္မ်ိဳးစံု၊ လယ္ယာသံုး ပစၥည္း မ်ိဳးစံုကို အမ်ိဳးအစားစံုလင္စြာ တစ္ေနရာထဲ ရရွိႏိုင္တဲ့ ေက်းလက္ စူပါမားကတ္တစ္ခု ပမာ ျမင္ေတြ႕ ရပါတယ္။

ေဖ်ာ္ေျဖေရးအတြက္လည္း ႏိုင္ငံေက်ာ္ဇာတ္ပြဲေတြ၊ ေတးသရုပ္ေဖာ္၊ မ်က္လွည့္၊ ရုပ္ရွင္ရံုေတြက အျပိဳင္ အဆိုင္ ပါ၀င္ပါတယ္။ ရတနာ့ဂူပြဲေတာ္မွာ ထူးျခားမွဴက အထက္နန္း၊ အလယ္နန္း၊ ေအာက္နန္းကို ကုန္းလမ္း ပြဲေတာ္ေစ်းတန္း က သြားလို႕ရသလို ငွက္ေလွေတြ ႏွင့္လည္း သြားႏိုင္တယ္။ ပြဲေတာ္လာ အမ်ားစုက ငွက္ေလွ စီးၾကတယ္။

 

အမ်ိဳးသမီးငယ္ေတြက ေက်ာက္ ပန္းေခြကို ေခါင္းမွာပန္ဆင္လို႔ ငွက္ေလွစီးရင္း ေရလယ္ မွာ ေလွတစ္စီး ႏွင့္ တစ္စီး ေရပက္ၾက၊ စေနာက္ၾကတာ ဟာ ရတနာ့ဂူပြဲေတာ္ရဲ႕ အမွတ္သေကၤတပါ။

ရတနာ့ဂူပြဲေတာ္မွာ ရိုးရာယံုၾကည္သူအမ်ားစုက ေတာင္ျပဳန္းပြဲအျပီး သားေတာ္ႏွစ္ပါးက ပုပၸါးကို ျပန္ မယ္ေတာ္ကို ျပန္ပို႔ေပးတဲ့ပြဲ။ တစ္ခ်ိဳ႕ကလည္းသားေတာ္ ႏွစ္ပါးရဲ႕သတင္းစကားကုိၾကားျပီး ပုပၸါးက လိုက္လာတဲ့ ပန္းသည္မေလး မယ္၀န ဒီေနရာမွာ ရင္ကြဲနာက်ျပီး ေသလို႔ ပန္းစားဘီလူးမ ျဖစ္တယ္လို႔ ယံုၾကည္တဲ့ေနရာ မွာ ပုပၸါးမယ္ေတာ္ရဲ႕ နတ္နန္းတည္ရွိတယ္။

ႏွစ္စဥ္က်င္းပတဲ႔ ရတနာ့ဂူပြဲကို အမည္ျပဳျပီး ေဒသခံေတြ ၀င္ေငြရေစလို႔ ပြဲေတာ္သန္႔ရွင္းသာယာဖို႔ အာလုံး၀ိုင္း၀န္း ကူညီသင့္တယ္။ ရတနာ့ဂူ ပြဲေတာ္ၾကီးကေတာ့ ရိုးရာ နတ္ပင့္၊ နတ္ေခ်ာ့၊ နတ္ဒိုးသံမ်ား ၊ ငွက္ေလွစီးရင္း စေနာက္ၾကသူမ်ား ေစ်းသည္ေစ်း၀ယ္တို႔ရဲ႕ ေအာ္ဟစ္ သံမ်ား စသည့္ အညာ ဓေလ့စရုိက္မ်ားႏွင့္ လွပစြာ ပြဲေတာ္လာမ်ားကို ေစာင့္ၾကိဳေနဆဲပါ၊

၀ိုင္း၀ိုင္

POSH Magazine Myanmar

 

 

တောင်သမန် ဦးပိန်တံတားအနီးကရတနာ့ဂူပွဲတော် အကြောင်း

————————————

တောင်ပြုန်းပွဲတော်ကြီး ကျင်းပပြီး တစ်ပတ်အကြာမှာ ကျင်းပတဲ့ ရတနာ့ဂူပွဲတော်ကြီးကတော့ မန္တလေးမြို့ ရဲ့အထင်ကရနေရာတစ်ခုဖြစ်တဲ့ တောင်သမန်အင်း၊ ဦးပိန်တံတားအနီး အမရပူရမြို့နယ် အတွင်းမှာ နှစ်စဉ် ၀ါခေါင်လပြည့်ကျော် ၈ ရက်နေ့မှ ၁၄ရက်နေ့အထိ ခုနှစ်ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပါ တယ်။

ရတနာ့ဂူပွဲတော် နှင့် ပတ်သက်ပြီး သမိုင်း မှတ်တမ်းများမှာ သက္ကရာဇ် ၇၄၂ ခုနှစ်က အင်းဝဘုရင် မင်းကြီးစွာစော်ကဲ တည်ထောင်ထားခဲ့ပြီး ဘုရားပွဲ ကျင်းပခဲ့သည်မှာ နှစ်ပေါင်း ၆၃၆ နှစ်ရှိပြီလို့သိရပါတယ်။

ရတနာ့ဂူဘုရားပွဲတော်ကို မင်းအဆက်ဆက် လက်ဆင့်ကမ်း ကျင်းပလာရာမှ ဘကြီးတော်ဘုရား လက်ထက် သက္ကရာဇ် ၁၂၈၅ ခုနှစ် တွင် မီးအကြီးအကျယ် လောင်သဖြင့် မီးဘေးသင့် ပြည်သူများ စိတ်နှစ်လုံးရွှင်ပြမူ ရရှိစေရန် နန်းမတော် မယ်နု နှင့် စလင်းမြို့စား မောင်အိုတို့က တောင်ပြုန်းပွဲ က နတ်အုပ်ထိန်းတို့ကို ဆင့်ခေါ်ပြီး နတ်ကနားပွဲကျင်းပ ရာမှ ရတနာ့ဂူနတ်ပွဲ ဖြစ်လာတယ်လို့ မှတ်သားရ ပါ တယ်။

နတ်ပွဲကျင်းပရာမှာ မယ်တော်ကြိုပွဲ၊ ချိုးရေတော်သုံးပွဲ၊ တက်ပွဲ၊ ချောပွဲ၊ ထိန်ခုတ်ပွဲ ၊ မယ်တော်ပို့ပွဲ၊ ပခန်းမင်း ပို့ပွဲ ၊ ဗလိနတ်စာကျွေးပွဲနှင့် သံဃာဒါန ဆွမ်းပဒေသာ လောင်းလှူပွဲများကို ကျင်းပပါတယ်။

စစ်ကိုင်းမန္တလေး လမ်းတစ်လျောက် ရှည်လျှားလှတဲ့ ပွဲတော်စျေးတန်းမှာ အညာမုန့်မျိူးစုံ ၊ လူသုံးကုန်မျိုးစုံ ၊ စားသောက်ကုန်မျိုးစုံ၊ အဝတ်အထည် အလှအပ ပစ္စည်း မျိုးစုံ၊ ကလေးကစားစရာ အရုပ်မျိုးစုံ၊ လယ်ယာသုံး ပစ္စည်း မျိုးစုံကို အမျိုးအစားစုံလင်စွာ တစ်နေရာထဲ ရရှိနိုင်တဲ့ ကျေးလက် စူပါမားကတ်တစ်ခု ပမာ မြင်တွေ့ ရပါတယ်။

ဖျော်ဖြေရေးအတွက်လည်း နိုင်ငံကျော်ဇာတ်ပွဲတွေ၊ တေးသရုပ်ဖော်၊ မျက်လှည့်၊ ရုပ်ရှင်ရုံတွေက အပြိုင် အဆိုင် ပါဝင်ပါတယ်။ ရတနာ့ဂူပွဲတော်မှာ ထူးခြားမှူက အထက်နန်း၊ အလယ်နန်း၊ အောက်နန်းကို ကုန်းလမ်း ပွဲတော်စျေးတန်း က သွားလို့ရသလို ငှက်လှေတွေ နှင့်လည်း သွားနိုင်တယ်။ ပွဲတော်လာ အများစုက ငှက်လှေ စီးကြတယ်။

အမျိုးသမီးငယ်တွေက ကျောက် ပန်းခွေကို ခေါင်းမှာပန်ဆင်လို့ ငှက်လှေစီးရင်း ရေလယ် မှာ လှေတစ်စီး နှင့် တစ်စီး ရေပက်ကြ၊ စနောက်ကြတာ ဟာ ရတနာ့ဂူပွဲတော်ရဲ့ အမှတ်သင်္ကေတပါ။

ရတနာ့ဂူပွဲတော်မှာ ရိုးရာယုံကြည်သူအများစုက တောင်ပြုန်းပွဲအပြီး သားတော်နှစ်ပါးက ပုပ္ပါးကို ပြန် မယ်တော်ကို ပြန်ပို့ပေးတဲ့ပွဲ။ တစ်ချို့ကလည်းသားတော် နှစ်ပါးရဲ့သတင်းစကားကိုကြားပြီး ပုပ္ပါးက လိုက်လာတဲ့ ပန်းသည်မလေး မယ်ဝန ဒီနေရာမှာ ရင်ကွဲနာကျပြီး သေလို့ ပန်းစားဘီလူးမ ဖြစ်တယ်လို့ ယုံကြည်တဲ့နေရာ မှာ ပုပ္ပါးမယ်တော်ရဲ့ နတ်နန်းတည်ရှိတယ်။

နှစ်စဉ်ကျင်းပတဲ့ ရတနာ့ဂူပွဲကို အမည်ပြုပြီး ဒေသခံတွေ ဝင်ငွေရစေလို့ ပွဲတော်သန့်ရှင်းသာယာဖို့ အာလုံးဝိုင်းဝန်း ကူညီသင့်တယ်။ ရတနာ့ဂူ ပွဲတော်ကြီးကတော့ ရိုးရာ နတ်ပင့်၊ နတ်ချော့၊ နတ်ဒိုးသံများ ၊ ငှက်လှေစီးရင်း စနောက်ကြသူများ စျေးသည်စျေးဝယ်တို့ရဲ့ အော်ဟစ် သံများ စသည့် အညာ ဓလေ့စရိုက်များနှင့် လှပစွာ ပွဲတော်လာများကို စောင့်ကြိုနေဆဲပါ၊

၀ိုင်းဝိုင်

POSH Magazine Myanmar