သခ်ိဳင္းထဲက ေဝစုခြဲေနတဲ့ အသံေတြေၾကာင္႔ ေျပးလိုက္တာ ေခ်ာ္လဲ သပိတ္ကြဲ ဆြမ္းငတ္ခဲ႔ရတဲ့ ဆရာေတာ္

ေနာက္က်တဲ႔ေျခေထာက္သစၥာေဖာက္

ကေလးႏွစ္ေယာက္ မာလကာျခံထဲကို ပိုင္ရွင္မသိေအာင္ ဝင္ၿပီး အသီးေတြ ခိုးၾကတယ္။

ရသမွ်အသီးေတြကို ပုဆိုးေတြထဲ ထည့္ထုပ္ၿပီး ေဝစုခြဲဖို႔ လူျပတ္တဲ႔သခၤ် ိဳင္းထဲကို သြားၾကတယ္။

ပိုင္ရွင္သိရင္ လိုက္ဖမ္းမွာစိုးလို႔ အေျပးသြားတာမို႔ အသီးအခ်ိဳ႕ သခၤ်ိဳင္းဝမွာ က်က်န္ေနခဲ့တယ္။

အထဲေရာက္ေတာ့ ကေလးအႀကီးကဦးေဆာင္ၿပီး ေဝစုခြဲေပးတယ္။

“ဒါက မင္းစားဖို႔ ၊ ဒါက ငါစားဖို႔ ဒါက မင္းစားဖို႔၊ ဒါက ငါစားဖို႔…”

အဲဒီလို တစ္လံုးျခင္းစီ ေဝစုခြဲေနတဲ့ အသံကို သခၤ်ိဳင္းအစပ္က လမ္ေလွ်ာက္လာတဲ့ ရြာသားက ၾကားေတာ့ ေၾကာက္လန္႔တၾကားနဲ႔ ရြာထဲဝင္ေျပးတယ္။

ရြာထဲေရာက္ေတာ့ ဆြမ္းခံႂကြလာတဲ့ ဘုန္းႀကီးတစ္ပါးနဲ႔ ေတြ႕ေတာ့ အားကိုးရာရၿပီဆိုၿပီး အကူအညီေတာင္းေလွ်ာက္ထားတယ္။

“ဘုန္းဘုန္းဘုရား။ ကယ္ပါအံုးဘုရား။ ရြာက သခၤ်ိဳင္းထဲမွာ သရဲေတြ ေသာင္းၾကမ္းေနပါတယ္ ဘုရား ”

“ဟာ ဟုတ္ကဲ့လား ဒကာရယ္။ မျဖစ္ႏိုင္တာ”

“ဟုတ္ပါတယ္ဘုရား။ တပည့္ေတာ္အခုပဲ ၾကားခဲ့ရတာဘုရား။ သရဲ ႏွစ္ေကာင္ျဖစ္မယ္ဘုရား။

သခၤ်ိဳင္းထဲက အေလာင္းေတြကို စားဖို႔ ခြဲတမ္းခ်ေနတာ တပည့္ေတာ္ နားနဲ႔ဆတ္ဆတ္ ၾကားခဲ့တယ္။

မယံုရင္ ဘုန္းဘုန္းလိုက္ၾကည့္ပါ ဘုရား”

“ကဲ စိတ္ေအးေအးထား ဒကာႀကီး။နားၾကားလြဲတာျဖစ္ပါလိမ့္မယ္။ ဘုန္းႀကီးလိုက္ခဲ့ေပးမယ္။ဘာမွ မေၾကာက္နဲ႔”

ဒီလိုနဲ႔ ဘုန္းႀကီးလည္း ဆြမ္းခံရင္း ငွက္သင့္ဆိုသလို ရြာသားဆြဲေခၚရာေနာက္ ပါသြားပါေလေရာသခ်ိဳင္းနားေရာက္ေတာ့ ေဝစုခြဲေနတဲ့ အသံေတြ ၾကားေနရတုန္း…

“… ဒါက မင္းစားဖို႔ ဒါက ငါစားဖို႔ ဒါက မင္းစားဖို႔ ဒါက ငါစားဖို႔…”

အသံေတြၾကားေတာ့ ဘုန္းႀကီးလည္း အထဲမဝင္ရဲဘဲ အဝနားမွာ အသာရပ္ေနတယ္။

ရြာသားက ဘုန္းႀကီးေနာက္မွာ သကၤန္းစ ကြယ္ၿပီး ပုန္းေနၿပီ။

“ဒါက မင္းစားဖို႔။ ဒါက ငါစားဖို႔။ ကဲ အားလံုးကုန္ၿပီ။ အညီအမွ်ပဲ။ ေက်နပ္တယ္ေနာ္။”

ကေလးအငယ္က ျပန္ေျပာတယ္ ။ “ဒါဆို သခၤ်ိဳင္းအဝနားက ဟာေတြေရာ”

“ဟာ။ ဟုတ္သားပဲ။ အဲဒါေတြ အရင္စားရမယ္။ႏို႔မို႔ သူမ်ားဦးသြားမယ္”

အဲဒီအသံလည္းၾကားေရာ ဘုန္းႀကီးလည္း ရြာသားေတာင္ လွည့္မၾကည့္ႏိုင္ဘူး။

ေနာက္က်တဲ့ ေျခေထာက္ သစၥာေဖာက္ဆိုၿပီး ေျပးလိုက္တာ ေခ်ာ္လဲ သပိတ္ကြဲ ဆြမ္းငတ္တဲ့ အထိပါပဲ ။ ။

Credit To-မူရင္း

unicode

နောက်ကျတဲ့ခြေထောက်သစ္စာဖောက်

ကလေးနှစ်ယောက် မာလကာခြံထဲကို ပိုင်ရှင်မသိအောင် ဝင်ပြီး အသီးတွေ ခိုးကြတယ်။

ရသမျှအသီးတွေကို ပုဆိုးတွေထဲ ထည့်ထုပ်ပြီး ဝေစုခွဲဖို့ လူပြတ်တဲ့သင်္ချ ိုင်းထဲကို သွားကြတယ်။

ပိုင်ရှင်သိရင် လိုက်ဖမ်းမှာစိုးလို့ အပြေးသွားတာမို့ အသီးအချို့ သင်္ချိုင်းဝမှာ ကျကျန်နေခဲ့တယ်။

အထဲရောက်တော့ ကလေးအကြီးကဦးဆောင်ပြီး ဝေစုခွဲပေးတယ်။

“ဒါက မင်းစားဖို့ ၊ ဒါက ငါစားဖို့ ဒါက မင်းစားဖို့၊ ဒါက ငါစားဖို့…”

အဲဒီလို တစ်လုံးခြင်းစီ ဝေစုခွဲနေတဲ့ အသံကို သင်္ချိုင်းအစပ်က လမ်လျှောက်လာတဲ့ ရွာသားက ကြားတော့ ကြောက်လန့်တကြားနဲ့ ရွာထဲဝင်ပြေးတယ်။

ရွာထဲရောက်တော့ ဆွမ်းခံကြွလာတဲ့ ဘုန်းကြီးတစ်ပါးနဲ့ တွေ့တော့ အားကိုးရာရပြီဆိုပြီး အကူအညီတောင်းလျှောက်ထားတယ်။

“ဘုန်းဘုန်းဘုရား။ ကယ်ပါအုံးဘုရား။ ရွာက သင်္ချိုင်းထဲမှာ သရဲတွေ သောင်းကြမ်းနေပါတယ် ဘုရား ”

“ဟာ ဟုတ်ကဲ့လား ဒကာရယ်။ မဖြစ်နိုင်တာ”

“ဟုတ်ပါတယ်ဘုရား။ တပည့်တော်အခုပဲ ကြားခဲ့ရတာဘုရား။ သရဲ နှစ်ကောင်ဖြစ်မယ်ဘုရား။

သင်္ချိုင်းထဲက အလောင်းတွေကို စားဖို့ ခွဲတမ်းချနေတာ တပည့်တော် နားနဲ့ဆတ်ဆတ် ကြားခဲ့တယ်။

မယုံရင် ဘုန်းဘုန်းလိုက်ကြည့်ပါ ဘုရား”

“ကဲ စိတ်အေးအေးထား ဒကာကြီး။နားကြားလွဲတာဖြစ်ပါလိမ့်မယ်။ ဘုန်းကြီးလိုက်ခဲ့ပေးမယ်။ဘာမှ မကြောက်နဲ့”

ဒီလိုနဲ့ ဘုန်းကြီးလည်း ဆွမ်းခံရင်း ငှက်သင့်ဆိုသလို ရွာသားဆွဲခေါ်ရာနောက် ပါသွားပါလေရောသချိုင်းနားရောက်တော့ ဝေစုခွဲနေတဲ့ အသံတွေ ကြားနေရတုန်း…

“… ဒါက မင်းစားဖို့ ဒါက ငါစားဖို့ ဒါက မင်းစားဖို့ ဒါက ငါစားဖို့…”

အသံတွေကြားတော့ ဘုန်းကြီးလည်း အထဲမဝင်ရဲဘဲ အဝနားမှာ အသာရပ်နေတယ်။

ရွာသားက ဘုန်းကြီးနောက်မှာ သင်္ကန်းစ ကွယ်ပြီး ပုန်းနေပြီ။

“ဒါက မင်းစားဖို့။ ဒါက ငါစားဖို့။ ကဲ အားလုံးကုန်ပြီ။ အညီအမျှပဲ။ ကျေနပ်တယ်နော်။”

ကလေးအငယ်က ပြန်ပြောတယ် ။ “ဒါဆို သင်္ချိုင်းအဝနားက ဟာတွေရော”

“ဟာ။ ဟုတ်သားပဲ။ အဲဒါတွေ အရင်စားရမယ်။နို့မို့ သူများဦးသွားမယ်”

အဲဒီအသံလည်းကြားရော ဘုန်းကြီးလည်း ရွာသားတောင် လှည့်မကြည့်နိုင်ဘူး။

နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဆိုပြီး ပြေးလိုက်တာ ချော်လဲ သပိတ်ကွဲ ဆွမ်းငတ်တဲ့ အထိပါပဲ ။ ။

Credit To-မူရင်း