ထူးခြားတဲ့ တက္ကစီ ကားဆရာ

ဗဟုသုတစုံ

ထူးခြားတဲ့ တက္ကစီ ကားဆရာ








ဈေး မပြောတော့ သူတို့ ခမျာ တထိတ်ထိတ်နဲ့ နောက်တော့ မယူပါဘူး ဆ်ုတော့ အံသြ ဝမ်းသာသွားကြသတဲ့…




ကဲ အံ့သြ စရာ မကေါင်းဘူးလား ဗျာ …မရသေးတဲ့ စည်းစိမ်ချမ်းသာတွေရဖို့ ရပြီးတဲ့ …စည်းစိမ်ချမ်းသာတွေ တိုးတက်ဖို့ တရားတဲ့နည်း လမ်းရော မတရားတဲ့ နည်းလမ်း နဲ့ပါ ရှာဖွေနေကြတဲ့ လူ့ လောကကြီးမှာ ဒီလို လူမျိုးလည်းရှိ သေးတာ ဝမ် သာကြည်နူး ချီးကျူး စရာ မဟုတ်လားဗျာ…

ကျွန်တော်တို့ နိုင်ငံ ဟာ ကမ္ဘာ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပါပေမဲ့ ကမ္ဘာ့ စေတနာ အကေါင်းဆုံး နိုင်ငံ most generous countries တွေထဲမှာ လည်း ပထမ ဒုတိယ ရနေတဲ့ နိုင်ငံပါ….



ORGINAL WRITER

ထူးခွားတဲ့ တက်ကစီ ကားဆရာ

ဒီနေ့မနက် ဗဟို စည်ကနေ ပါရမီ သွားဖို့ သပ်သပ်ရပ်ရပ် ရှိတဲ့ အငှား ယာဉ် တစီး ကိုတားလိုက်တော့ မလှမ်းမကမ်းမှာရပ်ပါတယ်။

ပါရမီ ကို ဘယ်လောက်လဲ လို့ မေးတော့ ဘာမှမ ဖြေပဲကား ပေါ်တက် ဖို့ ပဲ လက်ပြ လို့ ဝင်ထိုက်လိုက်ပါတယ် ။

ကား ထိုင်ခုံ တွေ ကလည်း သပ်ယပ်သန့်ရှင်း လို့ အဲယားကွန်းကလည်း အေးလို့ ကားဆရာကလည်း မွန်မွန်ရည်ရည် သန့်သန့်ပြန့်ပြန့်

နောက်ကားပေါ်မှာ စကားပြော ဖြစ်တော့ အံ့သြ ရပါတယ်

ကါးခ က အဆင်ပြေသလို သာပေးပါတဲ့ ကျွန်တော်က တော့ ခရီးသွားလို ရာ လိုက်ပို့ လိုက် တာပါပဲတဲ့ ….

ဘုန်းကြီးတွေ သီလရှင်တွေ ကိုယ်ဝန်ဆောင်မိခင် တွေ ဆိုရင် အခမဲ့ပဲပို့ ပေးပါတယ်တဲ့ ….

အခု လည်း မွေးခါနီး ကိုယ်ဝန်ဆောင် တယောက်ကို ဗဟိုအမျိုးသမီဆေးရုံ ကို ပို့ပေး ခဲ့တာပါတဲ့…..

စျေး မပြောတော့ သူတို့ ခမျာ တထိတ်ထိတ်နဲ့ နောက်တော့ မယူပါဘူး ဆ်ုတော့ အံသြ ဝမ်းသာသွားကြသတဲ့…

ကျွန်တော့်မှာ ဒီလို မျိုးကား ၂ စီးရှိသေးတယ် အဲဒီကား တွေ ကို အငှားချထားတော့ ပုံမှန်ဝင်ငွေ လေး ရှိနေပါတယ် ။

ဒီကား ဆွဲတာကတော့ ကုသိုလ်ရရင် ပဲကျေနပ်ပါတယ်တဲ့ ဆရာ့အသိ ထဲမှာ ရဟန်းသံဃာတွေခရီးသွားဖို့လိုရင်လည်း ကျွန်တော်ကူညီပါ့မယ်တဲ့ ….ဖုန်းနံပါတ်ပါပေးသွားတယ် ဗျာ…

ပါရမီရောက်လို့ ကျွန်တော် ကား ခပေးတော့ များပါတယ်တဲ့ ဗျာ ကျွန်တော် လည်း ခင်ဗျားရဲ့ အလှူမှာ ကုသိုလ်ပါဝင်တာပါလို့ ပြောလိုက်ပါတယ်။

ကဲ အံ့သြ စရာ မကေါင်းဘူးလား ဗျာ …မရသေးတဲ့ စည်းစိမ်ချမ်းသာတွေရဖို့ ရပြီးတဲ့ …စည်းစိမ်ချမ်းသာတွေ တိုးတက်ဖို့ တရားတဲ့နည်း လမ်းရော မတရားတဲ့ နည်းလမ်း နဲ့ပါ ရှာဖွေနေကြတဲ့ လူ့ လောကကြီးမှာ ဒီလို လူမျိုူးလည်းရှိ သေးတာ ဝမ် သာကြည်နူး ချီးကျူး စရာ မဟုတ်လားဗျာ…

ကျွန်တော်တို့ နိုင်ငံ ဟာ ကမ႓ာ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ပါပေမဲ့ ကမ႓ာ့ စေတနာ အကေါင်းဆုံး နိုင်ငံ most generous countries တွေထဲမှာ လည်း ပထမ ဒုတိယ ရနေတဲ့ နိုင်ငံပါ….

ခင်ဗျား အကြောင်း fB မှာ ရေး ရမလား ဆိုတော့ ရေးခွင့်ပေးလို့ တင်ပေးလိုက်ပါတယ်…..။

ချီးကျူး လေးစားပါ တယ် ကို ဉာဏ်လင်းနိုင် ရေ

ORGINAL WRITER