အဂၤါသားသမီးမ်ားအားလံုးအတြက္ 2019ခုႏွစ္ တစ္ႏွစ္စာ ကံၾကမၼာေဗဒင္ေဟာကိန္း …

ဗေဒင်ကဏ္ဍ

2019ခုႏွစ္ အဂၤါသားသမီးမ်ားအတြက္ တစ္ႏွစ္စာေဟာစာတမ္း

ဒီႏွစ္ဟာအဂၤါသားသမီးေတြအတြက္ ထူးျခားတဲ့ႏွစ္တစ္ႏွစ္ပါပဲ။ အေျပာင္းအလဲေတြႀကီးမားစြာႀကံဳေနရ တတ္ပါတယ္။ ဒီလိုႏွစ္မ်ိဳးမွာ မူလလုပ္လက္စအလုပ္ေတြကေနေသြဖယ္ၿပီးေတာ့ တစ္ခါမွမေတြးဘူး၊မစဥ္းစားဘူး တဲ့အလုပ္ေတြလုပ္ရႀကံဳရတတ္ပါတယ္။ ဒီႏွစ္ဟာ အဂၤါသားသမီးေတြအတြက္အမွတ္တရမ်ားမဲ့ ႏွစ္တစ္ခုပါပဲ။ ဒီႏွစ္ဟာမိမိတို႔စိတ္ေကာင္းထားရင္ ထားသေလာက္ ကံၾကမၼာရဲ့ျမင့္မားမႈကလဲ အားရစရာျဖစ္ေနပါလိမ့္မယ္။

ဒီႏွစ္ဟာ စိတ္ေပ်ာ္ရႊင္မႈကိ္ုဦးစားေပးပါတယ္။ မိမိကသာအေပ်ာ္ကေနအပ်က္ဘက္ကိုပါမသြားဖို႔လိုအပ္ပါ တယ္။ ေငြေၾကးနဲ႔ပက္သက္ရင္လဲ ေငြအလုံးအရင္း၀င္လာတတ္ၿပီးမိမိရဲ့စိတ္ကို ကံၾကမၼာ စမ္းသပ္ပါလိမ့္မယ္။ ဆံုးျဖတ္ခ်က္ေတြေ၀သြားေအာင္ အခြင့္အေရးေတြကလဲ ႏွစ္ခု၊ႏွစ္မ်ိဳးရလာတတ္ပါတယ္။ မလိမ္နဲ႔။မေကာက္က်စ္ နဲ႔။ ဒါဆိုေနေပ်ာ္တဲ့ ႏွစ္တစ္ခုျဖစ္ပါလိမ့္မယ္။

အခ်စ္ေရး

ဒီႏွစ္ပိုင္းမွာအခ်စ္ေရးနဲ႔ပက္သက္ၿပီး အားသာခ်က္ေတြအလြန္မ်ားတဲံ့ႏွစ္မ်ိဳးပါပဲ၊ ခ်စ္သူရည္းစားမရွိေသး တဲ့သူဆိုရင္ေတာ့ ေသခ်ာေပါက္ခ်စ္သူရည္းစားရပါလိမ့္မယ္။ မိမိခ်စ္ရသူ၊မိမိတစ္ဖက္သတ္ျမတ္ႏိုးရသူကို ရေအာင္ႀကိဳးစားႏုိင္မဲ့ႏွစ္မ်ိဳးပါပဲ။ ဒီႏွစ္မွာခ်စ္သူသစ္ရည္းစားသစ္ရလာၿပီဆိုရင္ေတာ့ ထိုသူနဲ႔ လက္ထပ္ျဖစ္ဖို႔ ေရရွည္တြဲျဖစ္ဖို႔မ်ားပါလိမ့္မယ္။

လက္ထပ္ဖို႔စီစဥ္ထားတဲ့ခ်စ္သူစံုတြဲေတြဆိုရင္ေတာ့ ဒီႏွစ္မွာႀကီးက်ယ္ခမ္းနားစြာ မဂၤလာပြဲေတြ က်င္းပခြင့္ရပါလိမ့္မယ္။ ဒါမွမဟုတ္လက္ထပ္ဖို႔နွစ္ေယာက္အတူေငြစုမယ္ဆိုရင္ေတာ့ အေကာင္းဆံုး ႏွစ္တစ္ခုပါပဲ။ အခ်စ္ေရးကေတာ့ အဘက္ဘက္က ကံေကာင္းေနမွာပါ။ သတိထားရမွာကေတာ့ ဒီႏွစ္ဟာ ကိုယ္ က်င့္သီလရွိဖို႔လိုပါတယ္။

ခ်စ္သူနဲ႔စည္းေက်ာ္ေဘာင္ေက်ာ ္ က်ဴးလြန္ေနထုိင္တာမ်ိဳးေတြက အလြန္ပဲကံကိုညံ့သြား ေစပါတယ္။ 2019ခုႏွစ္ သၾကၤန္ေက်ာ္ၿပီးတာနဲ႔ အခ်စ္ေရးကံထူးျခားစြာျဖစ္ေပၚတတ္ပါတယ္။

အိမ္ေထာင္ေရး

အိမ္ေထာင္ေရးကံကလဲ အေကာင္းဘက္ကိုအေလးသာပါတယ္။ ဒါေပမဲ့ အိမ္ေထာင္ဘက္နဲ႔ခြဲြခြာေနရတာ မ်ားတဲ့ႏွစ္မ်ိဳးပါပဲ၊အလုပ္ကိစၥနဲ႔ပက္သက္ၿပီးအိမ္မကပ္ရတာေတြမ်ားတဲ့ႏွစ္ျဖစ္တာေၾကာင့္ အိမ္ေထာင္ေရးသုခ ေတာ့နည္းပါလိမ့္မယ္။ အိမ္ေထာင္ေရးကံအညံ့အဆိုးနည္းေပမဲ့ စီးပြားေရးနဲ႔ပက္သက္ၿပီးတစ္ခါတေလ စကားမ်ား ရတာမ်ိဳးေတြေတာ့ရွိတတ္ပါတယ္။

အိမ္ေထာင္ဘက္က စီးပြားေရးအေပၚအားထည့္လုပ္ကိုင္ေနသူဆိုရင္ မိမိကိုယ္ အလုပ္စီးပြားေတြမွာ လာဘ္မျမင္ဘူးဆိုတဲ့ စြပ္စြဲခ်က္ေတြနဲ႔ အျပစ္တင္ေျပာဆိုေနတတ္ပါတယ္။အိမ္ေထာင္ဘက္ နဲ႔ႀကီးႀကီးမားမားျပႆနာမရွိေပမဲ့ ခဏခဏ ကေတာက္ကဆျဖစ္ရတာမ်ိဳးေတြေတာ့ ႀကံဳေနရအံုးမွာပါပဲ။

အိမ္ ေထာင္ဘက္နဲ႔ကြဲေနၾကသူမ်ားဆိုရင္ေတာ့ ဒီႏွစ္မွာအဆင္ေျပၿပီး ျပန္လည္ေပါင္းစည္းရတတ္ပါတယ္။ ၾကားလူေတြရဲ့ညိွႏွိုင္းေဆာင္ရြက္ေပးမႈေၾကာင့္လဲ အိမ္ေထာင္ေရးမွာျပန္လည္ေပါင္းစည္သြားရတတ္ပါတယ္။

အလုပ္စီးပြား

အလုပ္နဲ႔ပက္သက္ရင္ အေတာ့္ကိုကေမာက္ကမႏိုင္တဲ့ႏွစ္မ်ိဳးပါပဲ။ကိုယ္ပိုင္စီးပြားေရးသမားဆိုရင္ေတာ့ ပင္မအလုပ္အလုပ္က ေငြသိပ္မ၀င္ဘဲခ်ဲ႕ထြင္တိုးခ်ဲ႕ထားတဲ့အလုပ္ေတြကေနေငြပိုမို၀င္တတ္ပါတယ္။ ဒီႏွစ္မွာ အလုပ္နဲ႔ပက္သက္ၿပီးစိတ္အေျပာင္းအလဲျဖစ္ေအာင္လို႔ ၊လြဲမွားတဲ့လမ္းေၾကာင္းေပၚေရာက္ေအာင္လို႔ကံၾကမၼာက တြန္းပို႔တတ္ပါတယ္။

အလုပ္နဲ႔ပက္သက္ရင္ အာရံုစိုက္မထားနိုင္သူေတြအတြက္ အခက္အခဲမ်ားႏိုင္တဲ့ႏွစ္လို႔ ေယ ဘုယ်သံုးသပ္လို႔ရပါတယ္။ ၀န္ထမ္းမ်ား အထက္လူၾကီးနဲ႔အဆင္မေျပတာ၊ဖိအားမ်ားစြာ နဲ႔လုပ္ကိုင္ေဆာင္ရြက္ရ တာမ်ိဳးေတြျဖစ္ရတတ္ပါတယ္။ ”လက္ရွိအလုပ္ကေနထြက္မယ္” ဆိုၿပီး ဆံုးျဖတ္ခ်က္ခ်မိသည္အထိျဖစ္ရတတ္ပါ တယ္။

အလုပ္ထြက္ေတာ့မယ္ဆိုရင္ ကံၾကမၼာအရေတာ့အားမေပးပါဘူး။ ဘယ္လိုမွေနမေပ်ာ္လို႔ ထြက္မယ္ဆိုရင္ ေတာင္ေနာက္အလုပ္ေသခ်ာ ခ်ိတ္ဆက္ၿပီးမွထြက္ေစခ်င္ပါတယ္။ ကိုယ္ပိုင္စီးပြားေရးသမားမ်ား အလုပ္သစ္၊စီးပြားသစ္ေတြကေကာင္းေပမဲ့ ေအာင္ျမင္ဖို႔အခ်ိန္ယူရတတ္ပါတယ္။ အခ်ိန္ေပးရမယ္။ ေငြရင္းထားႏိုင္ ဖို႔လိုအပ္ပါတယ္။ စပ္တူအလုပ္မ်ား၊ရွယ္ယာအလုပ္မ်ားကေတာ့ အေကာင္းမ်ားပါတယ္။

ေငြေၾကး

ေငြေၾကးလည္ပတ္မႈအားေကာင္းေနမဲ့ႏွစ္တစ္ခုပါပဲ။ ေရွ႕မွာေငြသံုးလိုက္ၿပီဆိုတာနဲ႔တူညီတဲ့ေငြပမာဏက လဲျပန္၀င္တတ္ပါတယ္။ ေငြအစုလိုက္လဲ၀င္လာႏိုင္တဲ့ႏွစ္မ်ိဳးပါပဲ။ အေမြရတာမ်ိဳးေတြထီေပါက္တာမ်ိဳးေတြလဲ ႀကံဳရ တတ္ပါတယ္။ ဒါေၾကာင့္ထီ၀ါသနာပါသူမ်ား ထီကံစမ္းလို႔ အလြန္ေကာင္းမဲ့ႏွစ္တစ္ခုပါပဲ။

ေငြေၾကးအင္အား ေကာင္းေနတဲ့အတြက္အလုပ္နဲ႔ပက္သက္ၿပီးေတာ့လဲ ပိုမိုအားထည့္လုပ္ေဆာင္သြားႏုိင္ပါလိမ့္မယ္။ ဒါေပမဲ့အတိုး ေပးစားတာ၊အေပါင္ခံတာ၊ေလာင္းကစားလုပ္တာ စတဲ့အလုပ္ေတြနဲ႔ေတာ့ ေငြကိုမကစားလုိက္ပါနဲ႔။ အဆင္မေျပပါ ဘူး။ ဒီႏွစ္မွာမိမိကိုယ္တိုင္က ပကာသနကိုဦးစားေပးေနမိတတ္ပါတယ္။

လုိအပ္သည္အတြက္ေငြမသံုးဘဲ ပကာ သနအတြက္ေငြသံုးမိေနတာဆိုရင္ေတာ့ ရတာေလးေတြအဖတ္မတင္ျဖစ္ရတတ္ပါတယ္။ ေငြစုစာအုပ္နဲ႔နီးစပ္ရာ ဘဏ္မွာေငြစတင္စုျခင္းမ်ိဳးအလြန္ပဲေကာင္းပါတယ္။

က်နး္မာေရး

ဒီႏွစ္ေတာ့ က်န္းမာေရးနဲ႔ပက္သက္ၿပီး အားနည္းခ်က္ေတြအေတာ့္ကိုမ်ားတာေတြ႔ရပါတယ္။ မိမိက အာရံု စိုက္ၿပီးလုပ္ကိုင္ရတဲ့အနုစိပ္၊အေသးစိပ္အလုပ္ေတြ ၊အထိုင္မ်ားတဲ့အလုပ္ေတြလုပ္ေနရသူဆိုရင္ေတာ့ အားကစား လုပ္ပါ။က်နး္မာေရးလိုက္စားပါ။ ႏို႔မိုဆိုက်န္းမာေရးအတြက္ စိုးရိမ္ရမဲ့ႏွစ္ျဖစ္သြားတတ္ပါတယ္။

အငန္အလြန္စား တာမ်ိဳးေတြ၊ ညအိပ္ခံနီးအစား တစ္ခုခုစားၿပီးမွအိပ္တာမ်ိဳးေတြ ဒီႏွစ္မွာေရွာင္လုိက္ပါ။ အ၀လြန္တာမ်ိဳး၊ေခါင္းမူး၊ ေခါင္းကိုက္ျဖစ္တာမ်ိဳးေတြဒီႏွစ္မွာ ခဏခဏျဖစ္တတ္ပါတယ္။ ဒီႏွစ္မွာအပုပ္ခ်ိန္မွေရခ်ိဳးတာမ်ိဳးေတြမလုပ္ပါနဲ႔။ ေနာက္တစ္ခုက ေလထုးိေလေအာက္ျဖစ္လြယ္ပါတယ္။ ၀မ္းမွန္ေအာင္ေနပါ။ အစာေၾကလြယ္တဲ့အစားအေသာက္ ေတြကိုဦးစားေပးစားပါ။

ပညာေရး

ပညာေရးကေတာ့ လြန္စြာမွသင္ယူလြယ္တတ္ေျမာက္လြယ္တဲ့ႏွစ္ပါပဲ။ မိမိကိုယ္တိုင္ကပညာလိုခ်င္တဲ့ စိ္တ္ရွိေနဖို႔ေတာ့အမ်ားႀကီးလိုအပ္ပါတယ္။က်န္းမာေရးကေတာ့အေကာင္းဘက္ကိုအေလးသာပါလိမ့္မယ္။ မိမိ ႀကိဳးစားထားသမွ်ေနာက္အတြက္ေကာင္းမွာပါ။ လိုခ်င္တဲ့ပညာမ်ား သင္ယူလိုတဲ့အသက္ေမြး၀မ္းေၾကာင္းပညာမ်ား ဒီႏွစ္မွာသင္ယူျခင္းျဖင့္ အခ်ိန္တိုအတြင္းတတ္ေျမာက္တတ္ပါတယ္။

ပညာရွာရင္း မိတ္ေဆြသစ္ေတြတိုးပြားႏိုင္သ လိုၾကင္ေဖာ္နဲ႔လဲေတြ႔ရတတ္ပါတယ္။ မိမိခ်စ္ရသူ၊ျမတ္ႏိုးရသူကို ပညာသင္ရင္ေတြ႔ရတတ္ပါတယ္။ အနုပညာႏွင့္ ပက္သက္ေသာ စာေပနဲ႔ပက္သက္ေသာ၊ ဂီတနဲ႔ပက္သက္ေသာပညာမ်ားအထူးသင္ယူလို႔ေကာင္းပါလိမ့္မယ္။

တစ္ႏွစ္စာအက်ိဳးေပးဂဏန္းမ်ား-7/6/2/0./….။.တစ္ႏွစ္စာအက်ိဳးေပးေန႔သားသမီးမ်ား-ေသာၾကာ၊တနလၤာ၊စေန…

တစ္ႏွစ္တာယၾတာမ်ား—-ဂီတနဲ႔ပက္သက္ၿပီးေသာတအာရံုကိုရေစမဲ့ ear phoneမ်ား၊သီခ်င္းေခြမ်ား၊ ဂစ္တာမ်ား၊ စတာေတြကို အရမ္းခင္မင္ရင္းႏွီသူမ်ား၊ မိမိခ်စ္သူမ်ားကို လက္ေဆာင္ေပးပါ။

ေမြးေန႔ေတြဘုရားေရာက္တဲ့အခါမွာ အပန္းမႀကီးရင္ ထီးျဖဴေလး၇လက္ေမြးနံေထာင့္မွာလွဴဒါန္းေပးပါ။

မိမိရဲ့ဖုန္း၊ ကြန္ျပဴတာမွာ ကားလွလွေလးေတြ wall paper အျဖစ္ထားပါ။ စားပြဲတင္အလွကားေလးေတြ လဲ မိမိရဲ့ဧည့္ခန္းမ်ားတင္ထားပါ။

မိမိဆိုင္၊မိမိအလုပ္ခန္းေတြမွာ ေရတံခြန္ပံု wall sheet ေတြကပ္ထားေပးပါ။

ေမတၱာပို႔ျခင္း၊ေမတၱာသုတ္ရြတ္ဆိုျခင္းမ်ား ဒီနွစ္မွာ နစၥဓူ၀ လုပ္ေပးေစခ်င္ပါတယ္။

၇ရက္သားသမီး အေပါင္း ေကာင္းက်ိဳးလိုအင္ဆႏၵေတြ ျပည့္ဝၾကပါေစ…..။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ ) viber only -09775555695

===============

2019ခုနှစ် အင်္ဂါသားသမီးများအတွက် တစ်နှစ်စာဟောစာတမ်း

ဒီနှစ်ဟာအင်္ဂါသားသမီးတွေအတွက် ထူးခြားတဲ့နှစ်တစ်နှစ်ပါပဲ။ အပြောင်းအလဲတွေကြီးမားစွာကြုံနေရ တတ်ပါတယ်။ ဒီလိုနှစ်မျိုးမှာ မူလလုပ်လက်စအလုပ်တွေကနေသွေဖယ်ပြီးတော့ တစ်ခါမှမတွေးဘူး၊မစဉ်းစားဘူး တဲ့အလုပ်တွေလုပ်ရကြုံရတတ်ပါတယ်။ ဒီနှစ်ဟာ အင်္ဂါသားသမီးတွေအတွက်အမှတ်တရများမဲ့ နှစ်တစ်ခုပါပဲ။ ဒီနှစ်ဟာမိမိတို့စိတ်ကောင်းထားရင် ထားသလောက် ကံကြမ္မာရဲ့မြင့်မားမှုကလဲ အားရစရာဖြစ်နေပါလိမ့်မယ်။

ဒီနှစ်ဟာ စိတ်ပျော်ရွှင်မှုကိ်ုဦးစားပေးပါတယ်။ မိမိကသာအပျော်ကနေအပျက်ဘက်ကိုပါမသွားဖို့လိုအပ်ပါ တယ်။ ငွေကြေးနဲ့ပက်သက်ရင်လဲ ငွေအလုံးအရင်းဝင်လာတတ်ပြီးမိမိရဲ့စိတ်ကို ကံကြမ္မာ စမ်းသပ်ပါလိမ့်မယ်။ ဆုံးဖြတ်ချက်တွေဝေသွားအောင် အခွင့်အရေးတွေကလဲ နှစ်ခု၊နှစ်မျိုးရလာတတ်ပါတယ်။ မလိမ်နဲ့။မကောက်ကျစ် နဲ့။ ဒါဆိုနေပျော်တဲ့ နှစ်တစ်ခုဖြစ်ပါလိမ့်မယ်။

အချစ်ရေး

ဒီနှစ်ပိုင်းမှာအချစ်ရေးနဲ့ပက်သက်ပြီး အားသာချက်တွေအလွန်များတဲံ့နှစ်မျိုးပါပဲ၊ ချစ်သူရည်းစားမရှိသေး တဲ့သူဆိုရင်တော့ သေချာပေါက်ချစ်သူရည်းစားရပါလိမ့်မယ်။ မိမိချစ်ရသူ၊မိမိတစ်ဖက်သတ်မြတ်နိုးရသူကို ရအောင်ကြိုးစားနိုင်မဲ့နှစ်မျိုးပါပဲ။ ဒီနှစ်မှာချစ်သူသစ်ရည်းစားသစ်ရလာပြီဆိုရင်တော့ ထိုသူနဲ့ လက်ထပ်ဖြစ်ဖို့ ရေရှည်တွဲဖြစ်ဖို့များပါလိမ့်မယ်။

လက်ထပ်ဖို့စီစဉ်ထားတဲ့ချစ်သူစုံတွဲတွေဆိုရင်တော့ ဒီနှစ်မှာကြီးကျယ်ခမ်းနားစွာ မင်္ဂလာပွဲတွေ ကျင်းပခွင့်ရပါလိမ့်မယ်။ ဒါမှမဟုတ်လက်ထပ်ဖို့နှစ်ယောက်အတူငွေစုမယ်ဆိုရင်တော့ အကောင်းဆုံး နှစ်တစ်ခုပါပဲ။ အချစ်ရေးကတော့ အဘက်ဘက်က ကံကောင်းနေမှာပါ။ သတိထားရမှာကတော့ ဒီနှစ်ဟာ ကိုယ် ကျင့်သီလရှိဖို့လိုပါတယ်။

ချစ်သူနဲ့စည်းကျော်ဘောင်ကျော ် ကျူးလွန်နေထိုင်တာမျိုးတွေက အလွန်ပဲကံကိုညံ့သွား စေပါတယ်။ 2019ခုနှစ် သင်္ကြန်ကျော်ပြီးတာနဲ့ အချစ်ရေးကံထူးခြားစွာဖြစ်ပေါ်တတ်ပါတယ်။

အိမ်ထောင်ရေး

အိမ်ထောင်ရေးကံကလဲ အကောင်းဘက်ကိုအလေးသာပါတယ်။ ဒါပေမဲ့ အိမ်ထောင်ဘက်နဲ့ခွဲွခွာနေရတာ များတဲ့နှစ်မျိုးပါပဲ၊အလုပ်ကိစ္စနဲ့ပက်သက်ပြီးအိမ်မကပ်ရတာတွေများတဲ့နှစ်ဖြစ်တာကြောင့် အိမ်ထောင်ရေးသုခ တော့နည်းပါလိမ့်မယ်။ အိမ်ထောင်ရေးကံအညံ့အဆိုးနည်းပေမဲ့ စီးပွားရေးနဲ့ပက်သက်ပြီးတစ်ခါတလေ စကားများ ရတာမျိုးတွေတော့ရှိတတ်ပါတယ်။

အိမ်ထောင်ဘက်က စီးပွားရေးအပေါ်အားထည့်လုပ်ကိုင်နေသူဆိုရင် မိမိကိုယ် အလုပ်စီးပွားတွေမှာ လာဘ်မမြင်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြစ်တင်ပြောဆိုနေတတ်ပါတယ်။အိမ်ထောင်ဘက် နဲ့ကြီးကြီးမားမားပြဿနာမရှိပေမဲ့ ခဏခဏ ကတောက်ကဆဖြစ်ရတာမျိုးတွေတော့ ကြုံနေရအုံးမှာပါပဲ။

အိမ် ထောင်ဘက်နဲ့ကွဲနေကြသူများဆိုရင်တော့ ဒီနှစ်မှာအဆင်ပြေပြီး ပြန်လည်ပေါင်းစည်းရတတ်ပါတယ်။ ကြားလူတွေရဲ့ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့်လဲ အိမ်ထောင်ရေးမှာပြန်လည်ပေါင်းစည်သွားရတတ်ပါတယ်။

အလုပ်စီးပွား

အလုပ်နဲ့ပက်သက်ရင် အတော့်ကိုကမောက်ကမနိုင်တဲ့နှစ်မျိုးပါပဲ။ကိုယ်ပိုင်စီးပွားရေးသမားဆိုရင်တော့ ပင်မအလုပ်အလုပ်က ငွေသိပ်မဝင်ဘဲချဲ့ထွင်တိုးချဲ့ထားတဲ့အလုပ်တွေကနေငွေပိုမိုဝင်တတ်ပါတယ်။ ဒီနှစ်မှာ အလုပ်နဲ့ပက်သက်ပြီးစိတ်အပြောင်းအလဲဖြစ်အောင်လို့ ၊လွဲမှားတဲ့လမ်းကြောင်းပေါ်ရောက်အောင်လို့ကံကြမ္မာက တွန်းပို့တတ်ပါတယ်။

အလုပ်နဲ့ပက်သက်ရင် အာရုံစိုက်မထားနိုင်သူတွေအတွက် အခက်အခဲများနိုင်တဲ့နှစ်လို့ ယေ ဘုယျသုံးသပ်လို့ရပါတယ်။ ဝန်ထမ်းများ အထက်လူကြီးနဲ့အဆင်မပြေတာ၊ဖိအားများစွာ နဲ့လုပ်ကိုင်ဆောင်ရွက်ရ တာမျိုးတွေဖြစ်ရတတ်ပါတယ်။ ”လက်ရှိအလုပ်ကနေထွက်မယ်” ဆိုပြီး ဆုံးဖြတ်ချက်ချမိသည်အထိဖြစ်ရတတ်ပါ တယ်။

အလုပ်ထွက်တော့မယ်ဆိုရင် ကံကြမ္မာအရတော့အားမပေးပါဘူး။ ဘယ်လိုမှနေမပျော်လို့ ထွက်မယ်ဆိုရင် တောင်နောက်အလုပ်သေချာ ချိတ်ဆက်ပြီးမှထွက်စေချင်ပါတယ်။ ကိုယ်ပိုင်စီးပွားရေးသမားများ အလုပ်သစ်၊စီးပွားသစ်တွေကကောင်းပေမဲ့ အောင်မြင်ဖို့အချိန်ယူရတတ်ပါတယ်။ အချိန်ပေးရမယ်။ ငွေရင်းထားနိုင် ဖို့လိုအပ်ပါတယ်။ စပ်တူအလုပ်များ၊ရှယ်ယာအလုပ်များကတော့ အကောင်းများပါတယ်။

ငွေကြေး

ငွေကြေးလည်ပတ်မှုအားကောင်းနေမဲ့နှစ်တစ်ခုပါပဲ။ ရှေ့မှာငွေသုံးလိုက်ပြီဆိုတာနဲ့တူညီတဲ့ငွေပမာဏက လဲပြန်ဝင်တတ်ပါတယ်။ ငွေအစုလိုက်လဲဝင်လာနိုင်တဲ့နှစ်မျိုးပါပဲ။ အမွေရတာမျိုးတွေထီပေါက်တာမျိုးတွေလဲ ကြုံရ တတ်ပါတယ်။ ဒါကြောင့်ထီဝါသနာပါသူများ ထီကံစမ်းလို့ အလွန်ကောင်းမဲ့နှစ်တစ်ခုပါပဲ။

ငွေကြေးအင်အား ကောင်းနေတဲ့အတွက်အလုပ်နဲ့ပက်သက်ပြီးတော့လဲ ပိုမိုအားထည့်လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့အတိုး ပေးစားတာ၊အပေါင်ခံတာ၊လောင်းကစားလုပ်တာ စတဲ့အလုပ်တွေနဲ့တော့ ငွေကိုမကစားလိုက်ပါနဲ့။ အဆင်မပြေပါ ဘူး။ ဒီနှစ်မှာမိမိကိုယ်တိုင်က ပကာသနကိုဦးစားပေးနေမိတတ်ပါတယ်။

လိုအပ်သည်အတွက်ငွေမသုံးဘဲ ပကာ သနအတွက်ငွေသုံးမိနေတာဆိုရင်တော့ ရတာလေးတွေအဖတ်မတင်ဖြစ်ရတတ်ပါတယ်။ ငွေစုစာအုပ်နဲ့နီးစပ်ရာ ဘဏ်မှာငွေစတင်စုခြင်းမျိုးအလွန်ပဲကောင်းပါတယ်။

ကျနး်မာရေး

ဒီနှစ်တော့ ကျန်းမာရေးနဲ့ပက်သက်ပြီး အားနည်းချက်တွေအတော့်ကိုများတာတွေ့ရပါတယ်။ မိမိက အာရုံ စိုက်ပြီးလုပ်ကိုင်ရတဲ့အနုစိပ်၊အသေးစိပ်အလုပ်တွေ ၊အထိုင်များတဲ့အလုပ်တွေလုပ်နေရသူဆိုရင်တော့ အားကစား လုပ်ပါ။ကျနး်မာရေးလိုက်စားပါ။ နို့မိုဆိုကျန်းမာရေးအတွက် စိုးရိမ်ရမဲ့နှစ်ဖြစ်သွားတတ်ပါတယ်။

အငန်အလွန်စား တာမျိုးတွေ၊ ညအိပ်ခံနီးအစား တစ်ခုခုစားပြီးမှအိပ်တာမျိုးတွေ ဒီနှစ်မှာရှောင်လိုက်ပါ။ အဝလွန်တာမျိုး၊ခေါင်းမူး၊ ခေါင်းကိုက်ဖြစ်တာမျိုးတွေဒီနှစ်မှာ ခဏခဏဖြစ်တတ်ပါတယ်။ ဒီနှစ်မှာအပုပ်ချိန်မှရေချိုးတာမျိုးတွေမလုပ်ပါနဲ့။ နောက်တစ်ခုက လေထိုးလေအောက်ဖြစ်လွယ်ပါတယ်။ ဝမ်းမှန်အောင်နေပါ။ အစာကြေလွယ်တဲ့အစားအသောက် တွေကိုဦးစားပေးစားပါ။

ပညာရေး

ပညာရေးကတော့ လွန်စွာမှသင်ယူလွယ်တတ်မြောက်လွယ်တဲ့နှစ်ပါပဲ။ မိမိကိုယ်တိုင်ကပညာလိုချင်တဲ့ စိ်တ်ရှိနေဖို့တော့အများကြီးလိုအပ်ပါတယ်။ကျန်းမာရေးကတော့အကောင်းဘက်ကိုအလေးသာပါလိမ့်မယ်။ မိမိ ကြိုးစားထားသမျှနောက်အတွက်ကောင်းမှာပါ။ လိုချင်တဲ့ပညာများ သင်ယူလိုတဲ့အသက်မွေးဝမ်းကြောင်းပညာများ ဒီနှစ်မှာသင်ယူခြင်းဖြင့် အချိန်တိုအတွင်းတတ်မြောက်တတ်ပါတယ်။

ပညာရှာရင်း မိတ်ဆွေသစ်တွေတိုးပွားနိုင်သ လိုကြင်ဖော်နဲ့လဲတွေ့ရတတ်ပါတယ်။ မိမိချစ်ရသူ၊မြတ်နိုးရသူကို ပညာသင်ရင်တွေ့ရတတ်ပါတယ်။ အနုပညာနှင့် ပက်သက်သော စာပေနဲ့ပက်သက်သော၊ ဂီတနဲ့ပက်သက်သောပညာများအထူးသင်ယူလို့ကောင်းပါလိမ့်မယ်။

တစ်နှစ်စာအကျိုးပေးဂဏန်းများ-7/6/2/0./….။.တစ်နှစ်စာအကျိုးပေးနေ့သားသမီးများ-သောကြာ၊တနင်္လာ၊စနေ…

တစ်နှစ်တာယတြာများ—-ဂီတနဲ့ပက်သက်ပြီးသောတအာရုံကိုရစေမဲ့ ear phoneများ၊သီချင်းခွေများ၊ ဂစ်တာများ၊ စတာတွေကို အရမ်းခင်မင်ရင်းနှီသူများ၊ မိမိချစ်သူများကို လက်ဆောင်ပေးပါ။

မွေးနေ့တွေဘုရားရောက်တဲ့အခါမှာ အပန်းမကြီးရင် ထီးဖြူလေးရလက်မွေးနံထောင့်မှာလှူဒါန်းပေးပါ။

မိမိရဲ့ဖုန်း၊ ကွန်ပြူတာမှာ ကားလှလှလေးတွေ wall paper အဖြစ်ထားပါ။ စားပွဲတင်အလှကားလေးတွေ လဲ မိမိရဲ့ဧည့်ခန်းများတင်ထားပါ။

မိမိဆိုင်၊မိမိအလုပ်ခန်းတွေမှာ ရေတံခွန်ပုံ wall sheet တွေကပ်ထားပေးပါ။

မေတ္တာပို့ခြင်း၊မေတ္တာသုတ်ရွတ်ဆိုခြင်းများ ဒီနှစ်မှာ နစ္စဓူဝ လုပ်ပေးစေချင်ပါတယ်။

ရရက်သားသမီး အပေါင်း ကောင်းကျိုးလိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ…..။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ ) viber only -09775555695