ထြန္းထြန္းမင္းႏွင့္ လက္ရွိ ျမန္မာျပည္ခ်န္ပီယံ ေဒ့ဗ္တုိ ့ဒီဇင္ဘာ ၁၆ ရက္တြင္ ထုိးသတ္ေတာ့မည္

ပြည်တွင်းသတင်း

ျမန္မာျပည္ ခ်န္ပီယံေဟာင္း လက္ေဝွ႔ေက်ာ္ ထြန္းထြန္းမင္းႏွင့္ လက္ရွိ ျမန္မာျပည္ခ်န္ပီယံ ေဒ့ဗ္လက္ဒပ္(ေဒဝ)တုိ႔ ယွဥ္ၿပိဳင္ထုိးသတ္ၾကမည့္ ျမန္မာျပည္ အလြတ္တန္းခ်န္ပီယံလုပြဲႀကီးကို ဒီဇင္ဘာ ၁၆ ရက္တြင္ ရန္ကုန္ၿမိဳ႕ သိမ္ျဖဴလက္ေဝွ႕အားကစားရံုတြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရပါတယ္။

အဆုိပါ Air KBZ Grand Final ျမန္မာျပည္ခ်န္ပီယံလုပြဲႀကီးကုိ ဒီဇင္ဘာ ၁၆ ရက္ မြန္းလြဲ ၂ နာရီမွာ ရန္ကုန္ၿမိဳ႕ သိမ္ျဖဴ လက္ေဝွ႔အားကစား႐ံုမွာ က်င္းပမွာျဖစ္ၿပီး မေက်ပြဲျပန္ႏႊဲၾကမည့္ ထြန္းထြန္းမင္း ႏွင့္ ေဒ့ဗ္ တုိ႔ ထုိးသတ္ၾကမွာျဖစ္ပါတယ္။

ယခု ျမန္မာျပည္ခ်န္ပီယံလုပြဲ ႀကီးတြင္လည္း လက္ရိွခ်န္ပီယံ ေဒ့ဗ္ လက္ဒပ္(ခ) ေဒဝကုိ ထြန္းထြန္းမင္းဟာ ပထမအႀကိမ္ ယွဥ္ၿပိဳင္မႈမွာ သေရက် ခဲ့ၿပီး ဒုတိယအႀကိမ္ ေတြ႕ဆံုမႈမွာ ႐ံႈးနိမ့္ ခဲ့လုိ႔ ယခု တတိယအႀကိမ္ ျပန္လည္ စိန္ေခၚထုိးသတ္မွာျဖစ္ပါတယ္။

ထြန္းထြန္းမင္းက ” သူထုိးခဲ့ တဲ့ ပြဲေတြ၊ ကြၽန္ေတာ္နဲ႔ထုိးခဲ့တဲ့ပြဲေတြ အားလံုး ကြၽန္ေတာ္ ျပန္ၾကည့္ထားပါ တယ္၊ အဲဒီပြဲေတြရဲ႕ အားနည္းခ်က္၊ အားသာခ်က္ေတြကုိ ျပန္လည္သံုးသပ္ ၿပီး ယခု တတိယအႀကိမ္ေတြ႕ဆံုမႈမွာ အေကာင္းဆံုး ယွဥ္ၿပိဳင္ထုိးသတ္သြား မွာပါ”လုိ႔ ဆုိပါတယ္။

ထြန္းထြန္းမင္းသည္ အသက္ ၂၈ ႏွစ္၊ ဝိတ္တန္း ၇၈ ကီလုိ၊ အရပ္ ၅ေပ ၉ လက္မ၊ ယွဥ္ၿပိဳင္ထုိးသတ္ ခဲ့တဲ့ပြဲေပါင္း ၆၂ ပြဲမွာ ၄၉ ပြဲႏုိင္၊ ၁၁ ပြဲ သေရ၊ ႏွစ္ပြဲ႐ံႈး ယွဥ္ၿပိဳင္ထုိးသတ္ထားပါ တယ္။

လက္ရွိခ်န္ပီယံ ေဒ့ဗ္လက္ဒပ္(ေဒဝ)သည္ အသက္ ၂၇ ႏွစ္၊ ဝိတ္တန္း ၇၅ ကီလုိ၊ အရပ္ ေျခာက္ေပရွိတဲ့ ယခင္ ေမြထုိင္းလက္ေဝွ႔ ေက်ာ္တစ္ဦးျဖစ္ကာ ထုိးသတ္ခဲ့တဲ့ ေမြထုိင္းပြဲေပါင္း ၅ဝ တြင္ ႏုိင္ပြဲ ၃၇ပြဲ၊ ႐ံႈးပြဲ ၁၁ ပြဲနဲ႔ သေရႏွစ္ပြဲ ရလဒ္ ပုိင္ဆုိင္ထား ၿပီး ကေနဒါႏုိင္ငံ ၇၅ ကီလုိတန္းမွာ ေမြ ထုိင္းခ်န္ပီယံ ျဖစ္ခဲ့သူတစ္ဦးပါ။

ယင္းသည္ ခ်န္ပီယံေဟာင္း ထြန္းထြန္းမင္းနဲ႔ ႏွစ္ပြဲ ယွဥ္ၿပိဳင္ထုိးသတ္ ခဲ့ရာမွာ သေရတစ္ပြဲနဲ႔ ဒုတိယအႀကိမ္ ေတြ႕ဆံုမႈမွာ အလဲထုိးနဲ႔ ႏုိင္ခဲ့ပါတယ္။

အဆိုပါ ပြဲတြင္ အျခားပြဲစဥ္မ်ားအျဖစ္ ေအာက္ခ်င္းေလးနဲ႔ အင္းသား၊ ေစာဒါဝိတ္နဲ႔ မာမြတ္၊ ဗ်ဂၳ နဲ႔ ဝီထရာ၊ ထြန္းမင္းလတ္နဲ႔ တုိခဲရွီတို႔ရဲ႕ ပြဲေတြနဲ႔ အတူ ျမန္မာျပည္ခ်န္ပီယံလုၾကမယ့္ ေဒ့ဗ္(ေဒဝ)နဲ႔ ထြန္းထြန္းမင္း၊ အမ်ဳိး သမီးခ်န္ပီယံပြဲမွာ ဗေရာ္နီကာနဲ႔ ထုိင္း ႏုိင္ငံမွ ဟုန္ေထာင္းတုိ႔ ယွဥ္ၿပိဳင္ထုိးသတ္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

႐ုိးရာလက္ေဝွ႔ ဝါသနာရွင္မ်ားအတြက္ ႐ံုဝင္ေၾကးအထူးတန္း ေငြက်ပ္ ၁ဝဝဝဝဝ ႏွင့္ က်ပ္ ၅ဝဝဝဝ၊ ႐ုိး႐ုိးတန္း က်ပ္ ၂ဝဝဝဝ ႏွင့္ ၁ဝဝဝဝ တုိ႔ သတ္မွတ္ထားၿပီးSky Net မွလည္း တုိက္႐ုိက္ထုတ္လႊင့္ ျပသသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

Via: Myanmar Platform

#Unicode Version

မြန်မာပြည် ချန်ပီယံဟောင်း လက်ဝှေ့ကျော် ထွန်းထွန်းမင်းနှင့် လက်ရှိ မြန်မာပြည်ချန်ပီယံ ဒေ့ဗ်လက်ဒပ်(ဒေဝ)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည့် မြန်မာပြည် အလွတ်တန်းချန်ပီယံလုပွဲကြီးကို ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန်မြို့ သိမ်ဖြူလက်ဝှေ့အားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ Air KBZ Grand Final မြန်မာပြည်ချန်ပီယံလုပွဲကြီးကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီမှာ ရန်ကုန်မြို့ သိမ်ဖြူ လက်ဝှေ့အားကစားရုံမှာ ကျင်းပမှာဖြစ်ပြီး မကျေပွဲပြန်နွှဲကြမည့် ထွန်းထွန်းမင်း နှင့် ဒေ့ဗ် တို့ ထိုးသတ်ကြမှာဖြစ်ပါတယ်။

ယခု မြန်မာပြည်ချန်ပီယံလုပွဲ ကြီးတွင်လည်း လက်ရှိချန်ပီယံ ဒေ့ဗ် လက်ဒပ်(ခ) ဒေဝကို ထွန်းထွန်းမင်းဟာ ပထမအကြိမ် ယှဉ်ပြိုင်မှုမှာ သရေကျ ခဲ့ပြီး ဒုတိယအကြိမ် တွေ့ဆုံမှုမှာ ရှုံးနိမ့် ခဲ့လို့ ယခု တတိယအကြိမ် ပြန်လည် စိန်ခေါ်ထိုးသတ်မှာဖြစ်ပါတယ်။

ထွန်းထွန်းမင်းက ” သူထိုးခဲ့ တဲ့ ပွဲတွေ၊ ကျွန်တော်နဲ့ထိုးခဲ့တဲ့ပွဲတွေ အားလုံး ကျွန်တော် ပြန်ကြည့်ထားပါ တယ်၊ အဲဒီပွဲတွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ပြန်လည်သုံးသပ် ပြီး ယခု တတိယအကြိမ်တွေ့ဆုံမှုမှာ အကောင်းဆုံး ယှဉ်ပြိုင်ထိုးသတ်သွား မှာပါ”လို့ ဆိုပါတယ်။

ထွန်းထွန်းမင်းသည် အသက် ၂၈ နှစ်၊ ဝိတ်တန်း ၇၈ ကီလို၊ အရပ် ၅ပေ ၉ လက်မ၊ ယှဉ်ပြိုင်ထိုးသတ် ခဲ့တဲ့ပွဲပေါင်း ၆၂ ပွဲမှာ ၄၉ ပွဲနိုင်၊ ၁၁ ပွဲ သရေ၊ နှစ်ပွဲရှုံး ယှဉ်ပြိုင်ထိုးသတ်ထားပါ တယ်။

လက်ရှိချန်ပီယံ ဒေ့ဗ်လက်ဒပ်(ဒေဝ)သည် အသက် ၂၇ နှစ်၊ ဝိတ်တန်း ၇၅ ကီလို၊ အရပ် ခြောက်ပေရှိတဲ့ ယခင် မွေထိုင်းလက်ဝှေ့ ကျော်တစ်ဦးဖြစ်ကာ ထိုးသတ်ခဲ့တဲ့ မွေထိုင်းပွဲပေါင်း ၅ဝ တွင် နိုင်ပွဲ ၃၇ပွဲ၊ ရှုံးပွဲ ၁၁ ပွဲနဲ့ သရေနှစ်ပွဲ ရလဒ် ပိုင်ဆိုင်ထား ပြီး ကနေဒါနိုင်ငံ ၇၅ ကီလိုတန်းမှာ မွေ ထိုင်းချန်ပီယံ ဖြစ်ခဲ့သူတစ်ဦးပါ။

ယင်းသည် ချန်ပီယံဟောင်း ထွန်းထွန်းမင်းနဲ့ နှစ်ပွဲ ယှဉ်ပြိုင်ထိုးသတ် ခဲ့ရာမှာ သရေတစ်ပွဲနဲ့ ဒုတိယအကြိမ် တွေ့ဆုံမှုမှာ အလဲထိုးနဲ့ နိုင်ခဲ့ပါတယ်။

အဆိုပါ ပွဲတွင် အခြားပွဲစဉ်များအဖြစ် အောက်ချင်းလေးနဲ့ အင်းသား၊ စောဒါဝိတ်နဲ့ မာမွတ်၊ ဗျဂ္ထ နဲ့ ဝီထရာ၊ ထွန်းမင်းလတ်နဲ့ တိုခဲရှီတို့ရဲ့ ပွဲတွေနဲ့ အတူ မြန်မာပြည်ချန်ပီယံလုကြမယ့် ဒေ့ဗ်(ဒေဝ)နဲ့ ထွန်းထွန်းမင်း၊ အမျိုး သမီးချန်ပီယံပွဲမှာ ဗရော်နီကာနဲ့ ထိုင်း နိုင်ငံမှ ဟုန်ထောင်းတို့ ယှဉ်ပြိုင်ထိုးသတ်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

ရိုးရာလက်ဝှေ့ ဝါသနာရှင်များအတွက် ရုံဝင်ကြေးအထူးတန်း ငွေကျပ် ၁ဝဝဝဝဝ နှင့် ကျပ် ၅ဝဝဝဝ၊ ရိုးရိုးတန်း ကျပ် ၂ဝဝဝဝ နှင့် ၁ဝဝဝဝ တို့ သတ်မှတ်ထားပြီးSky Net မှလည်း တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်းသိရပါတယ်။

Via: Myanmar Platform